သားသားမီးမီးလေးတို့ရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဗီတာမင်K
|မေမေဖေဖေတို့ သတိထားပေးရမယ့် ဗီတာမင်တွေထဲမှာ ဗီတာမင်K လည်းပါဝင်တာကြောင့် မွေးခါစသားသားမီးမီးလေးတွေမှာ ဗီတာမင်K မရှိမဖြစ် လိုအပ်ပါတယ်။ဗီတာမင်K ဓာတ် ချို့တဲ့နေမယ်ဆိုရင်တော့ မူမမှန် သွေးယိုစီးတာ နဲ့ သွးခြေဥတာတို့ကို ခံစားရနိုင်ပါတယ်။
သွေးခဲအောင်ပြုလုပ်ပေးဖို့အတွက် ဗီတာမင်K လိုအပ်ပါတယ်။ သားသားမီးမီးလေးတွေမှာ ဗီတာမင်K ဓာတ် ချို့တဲ့နေမယ်ဆိုရင်တော့ မူမမှန် သွေးယိုစီးတာ နဲ့ သွးခြေဥတာတို့ကို ခံစားရနိုင်ပါတယ်။ ထိခိုက်ဒါဏ်ရာ ရရှိတဲ့အခါမှာ အချိန်တော်တော်ကြာကြာအထိ သွေးမတိတ်တာကို ခံစားနေရတယ်ဆိုရင်တော့ ဗီတာမင်K ဓာတ်အားနည်းနေတာကို ပြတာပါ။
ဒါကြောင့် သားသားမီးမီးလေးတို့မှာ ဗီတာမင်K ဓာတ် မနည်းအောင်လို့ ဖြည့်ဆည်းပေးထားသင့်ပါတယ်။ သွေးယိုစီးတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းကမဆို ဖြစ်လာနိုင်တာမို့ သားသားမီးမီးလေးတွေကို ဗီတာမင်K မချို့တဲ့အောင် မေမေဖေဖေတို့ သတိထားပေးရပါမယ်။ သားသားမီးမီးလေးတွေမှာ ဗီတာမင်K နည်းပါးနေရင်တော့ နှာခေါင်းသွေးလျှံတာတွေ၊ ပါးစပ်ထဲက သွေးထွက်တာတွေနဲ့ ချက်ကြိုးဖြတ်ထားတဲ့ နေရာမှာ သွေးထွက်တာ တွေကို ခံစားရနိုင်ပါတယ်။ ဝမ်းထဲသွေးပါလာတာတွေလည်း ဖြစ်နိုင်ပါတယ်။ဗီတာမင် K တွေ ဆုံးရှုံးမှုများမရှိအောင်လို့ ချက်ပြုတ်တဲ့အခါမှာ သတိထားပြီးချက်ပေးရမှာဖြစ်ပါတယ်။
မွေးခါစ သားသားမီးမီးလေးတွေမှာ ဗီတာမင်K ဓာတ် လိုအပ်ပါတယ်။ မိခင်နို့မှာ ဗီတာမင်Kဓာတ် အနည်းငယ်သာပါဝင်တာကြောင့် မွေးခါကသားသားမီးမီးလေးတွေကို ဗီတာမင်K ထိုးပေးရမှာဖြစ်ပါတယ်။ အစက်ချ တိုက်ကျွေးတာကတော့ သားသားမီးမီးလေးတို့အတွက် ပိုပြီးထိရောက်စေပါတယ်။ သားသားမီးမီးလေးတွေသာမက ကိုယ်ဝန်မေမေတွေအတွက်လည်း ဗီတာမင်K လိုအပ်ပါတယ်။ အထူးသဖြင့် မွေးဖွားခါနီး ကိုယ်ဝန်ဆောင်ချိန် တတိယပိုင်းရောက်တဲ့အခါမှာ ဗီတာမင်K ပိုပြီလိုပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေမှာ ဗီတာမင်K ဓာတ်နည်းပါးပါက စိတ်ဓာတ်ကျရောဂါ၊ ပင်ပန်းနွမ်းနယ်တာနဲ့ အစားစားချင်စိတ် ပျောက်ဆုံးတာတွေ ဖြစ်လာနိုင်ပါတယ်။ ယားယံတာတွေနဲ့ စိတ်ရှုပ်ထွေးတာတွေလည်း ဖြစ်လာနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေတွေကော ဖြည့်စွက်စာ စားတတ်နေတဲ့ သားသားမီးမီးလေးတွေ အတွက်ပါ ဗီတာမင်K ရရှိအောင် ဗီတာမင်K ပါဝင်တဲ့အစားအစာတွေကို စားပေးရပါမယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ ဒိန်ချဉ်၊ ချိစ့် နဲ့ အသား တွေကို စားပေးရပါမယ်။ ဗီတာမင် K တွေ ဆုံးရှုံးမှုများမရှိအောင်လို့ ချက်ပြုတ်တဲ့အခါမှာ သတိထားပြီးချက်ပေးရမှာဖြစ်ပါတယ်။
From Kalay with