သားသားမီးမီး နားရွက်ကိုင်တဲ့အခါ သားသားမီးမီး နားရွက်ပွတ်တဲ့အခါ သားသားမီးမီး နားရွက်ဆွဲတဲ့အခါ

(၁) ငိုပြီး အီပြီး ကိုင်နေလား

-အဖျားတိုင်းလိုက်ပါ
-ဖျားနေရင် နို့နဲ့ အစာမဝင်ရင် နားထဲပိုးဝင်နေတာလား
-နားစမ်းပေးမယ့် ဆရာဝန်ဆီ ခေါ်သွားပေးပါ

(၂) မဖျားပေမယ့် ကလေး နာကျင်နေပုံပေါ်နေလား

-နားထဲ ပိုးဝင်နေလား
-နားထဲ တစ်ခုခုများ ထည့်ထားမိလား
-နားစမ်းပေးမယ့် ဆရာဝန်ဆီ ခေါ်သွားပေးပါ

(၃) နားထဲ နဖာချီးများနေလို့လား

-ဖယ်ရှားပေးဖို့ မကြိုးစားပါနဲ့
-နဖာချီးကြောင့် ကလေးမနာကျင်ပါ
-နဖာချီးက အန္တရာယ်မရှိတာ သေချာပေမယ့် နဖာချီးကော်ပေးရင် နားစည်ပေါက်သွားနိုင်လို့ပါ
-အချိန်တန်ရင် သဘာဝအလျောက် ထွက်လာပါလိမ့်မယ်

(၄) ကလေးပင်ပန်းနေပြီလား

-နားရွက်ကိုင်ခြင်းရဲ့ အဖြစ်များဆုံးအကြောင်းရင်းပ
-ကလေးက ညောင်းရင် ပင်ပန်းရင် နားရွက်ကိုင်ပါတယ်
-ညောင်းနေသောကလေးကို ပေးအိပ်လိုက်ပါ

(၅) ပြုံးပြုံးလေးနဲ့ အမြဲကိုင်နေလား

-စိတ်မပူပါနဲ့တော့ စိုးရိမ်ရလား မမေးပါနဲ့တော့
-အလိုလို ပျောက်သွားမယ့် အကျင့်လေးတစ်ခုပါ

#နေနေမိုးဆွေ ( Child Health Myanmar Page)
-Share ကိုနှိပ်၍ လွတ်လပ်စွာ မျှဝေနိုင်ပါသည်။
#naynaymoeswe
Photo credits to Google Images