သူငယ္နာ

အလုပ္ျပန္မတက္ရခင္ေလး သဲသဲေလးေတြ သဲသဲႀကီးေတြနဲ႔ အရႈပ္ေတြလုပ္ အလုပ္ေတြရႈပ္တဲ့ၾကားထဲက ေအးေအးေဆးေဆးေနခ်င္ေသာ္ျငား ဆရာအိရဲ႕ ျမကမၺလာ ေက်ာက္ဖ်ာတင္းျပန္တာမို႔ ကေလးႏို႔တိုက္ရင္း ေရးရဦးေတာ့မည္။ တရားနာပရိတ္သတ္အတြက္ ဒီေန႔ေခါင္းစဥ္ေလးကေတာ့ ဘယ္ေတာ့မွ မ႐ိုးတဲ့ သူငယ္နာေပါ့။ ဘာတဲ့လဲ။ သူငယ္နာပါဘုရား 😆

ဘာျဖစ္လို႔ သူငယ္နာလို႔ေခၚတာလဲဆိုေတာ့ ေမေမတစ္ေယာက္ေျပာသလို သူငယ္မွာ ျဖစ္တဲ့ဟာေတြအကုန္လံုး ေပါင္းေခၚလိုက္တာျဖစ္မည္။ မရွင္းမလင္းရတဲ့အထဲ အႏၲရာယ္ရွိတာေရာ မရွိတာေတြေရာကို လံုးေခၚလိုက္တာက သာဆိုးေသးသည္။ အဲဒါရဲ႕ အက်ိဳးဆက္က သူငယ္နာသံၾကားလိုက္တာနဲ႔ မိဘေတြမွာ မ်က္ကလဲဆန္ျပာ ဘာလုပ္ရမည္မသိေတာ့ဘဲ အုပ္ေဆးေတြအုပ္ (အုပ္ေဆးဆိုတာ ဘာမွန္းကိုမသိ၊ ဘယ္လိုအုပ္သလဲလည္း မသိ ဘယ္ေနရာကိုအုပ္သလဲလည္း မသိ)၊ ေခြးေသးပန္းေတြတို႔တဲ့သူက တို႔၊ ရႈရႈးေတြ ကေလးလွ်ာကိုသုတ္တဲ့သူသုတ္ ျဖစ္ကုန္သည္။ အရင္ဆံုး ဆုေတာင္းမိတာက အဲဒီသူငယ္နာဆိုသည့္ စကားလံုးႀကီးကို လူေတြမသိေတာ့ေအာင္ လုပ္ႏိုင္တဲ့ တန္ခိုးရခ်င္မိသည္။

ကေလးေတြမွာ ေမြးရာပါပါလာေသာ ေရာဂါမ်ားရွိသလို ေမြးၿပီးမွ မိဘနဲ႔ ပတ္ဝန္းက်င္တန္ခိုးေၾကာင့္ မျဖစ္သင့္ဘဲ ျဖစ္ရသည့္ေရာဂါမ်ားလည္း ရွိသည္။ လူအမ်ားစုေျပာေနၾကေသာ သူငယ္နာဆိုသည့္အရာေတြကို စစ္ထုတ္လိုက္ေတာ့ ေအာက္ပါအတိုင္းေတြ႕ရသည္။

ကေလးမ်က္လံုးလန္ျခင္း
– ကေလးမ်ား အိပ္ခ်င္လွ်င္၊ အိပ္ေနစဥ္ မ်က္ျဖဴစိုက္သလို မ်က္လံုးလန္ျခင္းမွာ ပံုမွန္ျဖစ္သည္။ တစ္ခါတရံ မ်က္စိႏွစ္လံုး အလယ္တြင္ ပူးစိုက္ေနတတ္သည္။ သူငယ္မနာပါ။ သူငယ္ေကာင္းသည္။
– မ်က္လံုးလန္ျခင္းႏွင့္တြဲၿပီး ေျခလက္မ်ားလႈပ္ျခင္းစသည့္ ပံုမွန္မဟုတ္သည့္ လႈပ္ရွားမႈမ်ားျဖစ္ပါက သူငယ္မေကာင္းတာ ျဖစ္ဖို႔မ်ားသည္။ သူငယ္ဆရာဝန္ျပပါ။

ကေလးဇက္မခိုင္ျခင္း/ေခါင္းေစာင္းျခင္း
– ေမြးစကေလးမ်ား မည္သူမွ ဇက္မခိုင္ပါ။ သံုးလေလာက္ေရာက္မွ လည္ပင္းႂကြက္သားေလးမ်ား သန္မာလာၿပီး ေခါင္းထိန္းႏိုင္လာပါသည္။ ေခါင္းမထိန္းႏိုင္ေသးသျဖင့္ ထားသလိုေနရျခင္းျဖစ္သည္။ သူငယ္ကိုယ့္ဘာသာ ေခါင္းျပန္မတည့္တတ္ေသးပါ။ ကေလးေပါက္စ ဇက္မခိုင္တိုင္း သူငယ္နာဆိုလွ်င္ ကမ႓ာေပၚရွိ သံုးလေအာက္ ကေလးတိုင္း သူငယ္နာကုန္ၾကေပၿပီ။ သံုးလေအာက္ကေလးငယ္ ဇက္မခိုင္ျခင္းမွာ ပံုမွန္ျဖစ္သည္။ သူငယ္မနာပါ။ သူငယ္ေကာင္းသည္။
– ေလးလေက်ာ္ ငါးလေက်ာ္ေသာကေလး ဇက္မခိုင္ေသးလွ်င္ သူငယ္မေကာင္းတာတစ္ခုခုျဖစ္ႏိုင္သည္။ သူငယ္ဆရာဝန္ျပပါ။

ကေလးလွ်ာ ခံတြင္းတြင္ မွက္ခ႐ုေပါက္ျခင္း
– သူငယ္အနည္းငယ္ မေကာင္းပါ။ မိႈတစ္မ်ိဳးေၾကာင့္ ျဖစ္ျခင္းျဖစ္သည္။ မိႈသတ္ေဆး ထည့္ေပးလွ်င္ေပ်ာက္သည္။ အေမႏို႔စို႔လွ်င္ အေမႏို႔သီးေခါင္းတြင္လည္း မိႈကူးႏိုင္ငည္။ အေမႏို႔ေရာ ကေလးပါးစပ္ထဲကိုပါ မိႈသတ္ေဆး ထည့္ရမည္။
– သူငယ့္ရႈရႈးျဖင့္ မိႈမေသပါ။ သိပ္သံုးခ်င္လွ်င္ သူငယ္ပါးစပ္ထဲ သုတ္ေပးမည့္အစား ေျပာသူပါးစပ္ထဲ အစက္ခ်ေပးပါ။ ဒဏ္ေၾကသည္။ အဓိပၸါယ္မရွိတဲ့စကားေတြ ေျပာလွ်င္ တစ္ခါအစက္ခ်ေပးရံုႏွင့္ ေပ်ာက္သည္။

ကေလးလွ်ာထုတ္ျခင္း
– သူငယ္လွ်ာပါ၍ ထုတ္ျခင္းျဖစ္သည္။ ဝမ္းသာသင့္သည္။
– အခ်ိဳ႕သူငယ္မ်ားတြင္ ေမြးရာပါခ်ိဳ႕ယြင္းမႈႏွင့္ မ်ိဳး႐ိုးဗီဇေရာဂါစုမ်ား ျဖစ္ေနေသာေၾကာင့္ လွ်ာထုတ္တတ္သည္။ သို႔ေသာ္ ထိုသူငယ္မ်ားတြင္ ထူးျခားသည့္မ်က္ႏွာသြင္ျပင္ႏွင့္ အျခားလကၡဏာမ်ား ရွိသည္။ လွ်ာထုတ္ျခင္းတစ္ခုတည္းႏွင့္ သူငယ္မေကာင္းဟု မေျပာႏိုင္။ အမွန္တကယ္ ေရာဂါရွိလွ်င္လည္း အုပ္ေဆး၊ လွ်ာပြတ္ေဆးမ်ားက မည္သည့္အစြမ္းမွ မျပႏိုင္။ သံသယရွိလွ်င္ သူငယ္ဆရာဝန္ျပပါ။

ကေလးလွ်ာဝါးျခင္း
– လွ်ာႂကြက္သားေလးမ်ား သန္မာေအာင္၊ အစားဝါးလွ်င္ အပီအျပင္ဆြဲႏိုင္ေအာင္ ေလ့က်င့္ျခင္းျဖစ္သည္။ သူငယ္မနာပါ။ သူငယ္ေကာင္းသည္။

ကေလးသြားရည္က်ျခင္း
– သူငယ္အလြန္ငယ္စဥ္အခ်ိန္တြင္ ပံုမွန္ထြက္ေသာ သြားရည္ကို အလ်င္မီေအာင္ မမ်ိဳခ်ႏိုင္ေသး၍ သြားရည္က်ျခင္းျဖစ္သည္။ အထူးသျဖင့္ သြားေပါက္ကာနီးလွ်င္ ပိုက်တတ္သည္။ သူငယ္မနာပါ။ သူငယ္ေကာင္းသည္။ အထိေရာက္ဆံုးနည္းမွာ သြားရည္ခံတပ္ေပးလိုက္ျခင္းျဖစ္သည္။
– သူငယ္အသက္ေလးႏွစ္ေက်ာ္သည္အထိ သြားရည္က်ျခင္း မရပ္ပါက သူငယ္မေကာင္းပါ။ ပါးစပ္ႏွင့္ လည္ေခ်ာင္းႂကြက္သားမ်ား ျပႆနာတစ္ခုခုရွိျခင္း ျဖစ္ႏိုင္သည္။ သူငယ္ဆရာဝန္ျပပါ။
– ႐ုတ္တရက္ သြားရည္အက်မ်ားလာလွ်င္ သူငယ္တစ္ခုခုကို မ်ိဳခ်မိ၍ လည္ပင္းတြင္ တစ္ေနျခင္း ျဖစ္ႏိုင္သည္။ အေရးေပၚသူငယ္ဆရာဝန္ဆီ သြားပါ။

ကေလးအသားၫွစ္ျခင္း၊ လည္ေခ်ာင္းသံေပးျခင္း
– အမ်ားအားျဖင့္ ကေလးၫွစ္ေနျခင္း လည္ေခ်ာင္းသံေပးျခင္းသည္ ဗိုက္ထဲတြင္ ေလရွိ၍ လုပ္ျခင္းျဖစ္သည္။ အေပၚကျဖစ္ျဖစ္ ေအာက္ကျဖစ္ျဖစ္ ေလထြက္သြားလွ်င္ ရပ္သြားမည္။ ကေလးသက္ေတာင့္သက္သာ ရွိေနလွ်င္ စိတ္ပူစရာ မလိုပါ။ သူငယ္နာျခင္းမဟုတ္ပါ။ သူငယ္ေကာင္းသည္။

အာရံုေၾကာအားနည္းျခင္း
– ဒါကမွ အစစ္အမွန္ သူငယ္မေကာင္းျခင္းျဖစ္ငည္။ ေမြးရာပါ ဦးေႏွာက္ပ်က္စီးခဲ့၍ အာရံုေၾကာႏွင့္ ႂကြက္သားမ်ား အားမရွိသည့္ေရာဂါကို Cerebral palsy (အတိုေကာက္ CP) ဟုေခၚသည္။ ကုသ၍မေပ်ာက္ပါ။ ျမန္မာတိုင္းရင္းေဆးမ်ား (စြမ္းသည္မွန္ေသာ္လည္း) CP ကိုေတာ့ ဘာမွမတတ္ႏိုင္ပါ။ ေလ့က်င့္ခန္း (physiotherapy) ေစာေစာႏွင့္ မွန္မွန္လုပ္ေပးပါက သူငယ္သက္သာမည္။ ေလ့က်င့္ခန္းမလုပ္ပါက ေျခဆစ္လက္ဆစ္ခါး႐ိုးဆစ္မ်ား ေတာင့္ကုန္ၿပီး သူငယ္လႈပ္မရျဖစ္သြားမည္။
– ဗီတာမင္ ဘီဝမ္းခ်ိဳ႕တဲ့လွ်င္လည္း သူငယ္မေကာင္းပါ။ ႂကြက္သားမ်ားအားေပ်ာ့ၿပီး ေပ်ာ့ေခြေနတတ္သည္။ ဘိလပ္စကားျဖင့္ ဘယ္ရီဘယ္ရီဟုေခၚသည္။ မိခင္အစားေရွာင္၍ အျဖစ္မ်ားသည္။ အစိုဘယ္ရီဘယ္ရီႏွင့္ အေျခာက္ဘယ္ရီဘယ္ရီဟု၍ ႏွစ္မ်ိဳးရွိသည္။ အစိုဘယ္ရီဘယ္ရီက ႏွလံုးကို ထိခိုက္ေစသည္။ အခ်ိန္မီ ေဆးမကုလွ်င္ ဘီဝမ္းမေပးလွ်င္ သူငယ္အသက္ဆံုးတတ္သည္။ သူငယ္ဆရာဝန္အျမန္ျပရမည္။

ကေလးေသးေလာင္ျခင္း
– သူငယ္နာဟု အမည္တပ္ၾကျခင္းမ်ားထဲတြင္ ဘာေၾကာင့္ ေသးေလာင္ျခင္းကို သူငယ္နာအမည္တပ္မွန္း နားမလည္။ ယခုေခတ္ ေသးခံ (diaper) မ်ား အသံုးမ်ား၍ ပံုမွန္ဂ႐ုမစိုက္ပါက သူငယ္ေသးေလာင္တတ္သည္။ ေပါင္ျခံတြင္ နီရဲျခင္း အသားေလာင္ျခင္းမ်ား ျဖစ္သည္။ အဆီတစ္မ်ိဳးမ်ိဳး၊ ေသးေလာင္လွ်င္ လိမ္းေသာ ခရမ္မ္တစ္မ်ိဳးမ်ိဳး လိမ္းေပးမွ ေပ်ာက္မည္။ ေသးေလာင္သည္ကို ဂ႐ုမစိုက္ပါက ပိုးဝင္တတ္ မိႈစြဲတတ္သည္။ သူငယ္သိပ္မေကာင္းပါ။ ဂ႐ုစိုက္၍ ေဆးလိမ္းပါ။

အီတြင္ သူငယ္နာတရား တေထာက္နား။

[Unicode]

အလုပ်ပြန်မတက်ရခင်လေး သဲသဲလေးတွေ သဲသဲကြီးတွေနဲ့ အရှုပ်တွေလုပ် အလုပ်တွေရှုပ်တဲ့ကြားထဲက အေးအေးဆေးဆေးနေချင်သော်ငြား ဆရာအိရဲ့ မြကမ္ဗလာ ကျောက်ဖျာတင်းပြန်တာမို့ ကလေးနို့တိုက်ရင်း ရေးရဦးတော့မည်။ တရားနာပရိတ်သတ်အတွက် ဒီနေ့ခေါင်းစဉ်လေးကတော့ ဘယ်တော့မှ မရိုးတဲ့ သူငယ်နာပေါ့။ ဘာတဲ့လဲ။ သူငယ်နာပါဘုရား 😆

ဘာဖြစ်လို့ သူငယ်နာလို့ခေါ်တာလဲဆိုတော့ မေမေတစ်ယောက်ပြောသလို သူငယ်မှာ ဖြစ်တဲ့ဟာတွေအကုန်လုံး ပေါင်းခေါ်လိုက်တာဖြစ်မည်။ မရှင်းမလင်းရတဲ့အထဲ အန္တရာယ်ရှိတာရော မရှိတာတွေရောကို လုံးခေါ်လိုက်တာက သာဆိုးသေးသည်။ အဲဒါရဲ့ အကျိုးဆက်က သူငယ်နာသံကြားလိုက်တာနဲ့ မိဘတွေမှာ မျက်ကလဲဆန်ပြာ ဘာလုပ်ရမည်မသိတော့ဘဲ အုပ်ဆေးတွေအုပ် (အုပ်ဆေးဆိုတာ ဘာမှန်းကိုမသိ၊ ဘယ်လိုအုပ်သလဲလည်း မသိ ဘယ်နေရာကိုအုပ်သလဲလည်း မသိ)၊ ခွေးသေးပန်းတွေတို့တဲ့သူက တို့၊ ရှုရှုးတွေ ကလေးလျှာကိုသုတ်တဲ့သူသုတ် ဖြစ်ကုန်သည်။ အရင်ဆုံး ဆုတောင်းမိတာက အဲဒီသူငယ်နာဆိုသည့် စကားလုံးကြီးကို လူတွေမသိတော့အောင် လုပ်နိုင်တဲ့ တန်ခိုးရချင်မိသည်။

ကလေးတွေမှာ မွေးရာပါပါလာသော ရောဂါများရှိသလို မွေးပြီးမှ မိဘနဲ့ ပတ်ဝန်းကျင်တန်ခိုးကြောင့် မဖြစ်သင့်ဘဲ ဖြစ်ရသည့်ရောဂါများလည်း ရှိသည်။ လူအများစုပြောနေကြသော သူငယ်နာဆိုသည့်အရာတွေကို စစ်ထုတ်လိုက်တော့ အောက်ပါအတိုင်းတွေ့ရသည်။

ကလေးမျက်လုံးလန်ခြင်း
– ကလေးများ အိပ်ချင်လျှင်၊ အိပ်နေစဉ် မျက်ဖြူစိုက်သလို မျက်လုံးလန်ခြင်းမှာ ပုံမှန်ဖြစ်သည်။ တစ်ခါတရံ မျက်စိနှစ်လုံး အလယ်တွင် ပူးစိုက်နေတတ်သည်။ သူငယ်မနာပါ။ သူငယ်ကောင်းသည်။
– မျက်လုံးလန်ခြင်းနှင့်တွဲပြီး ခြေလက်များလှုပ်ခြင်းစသည့် ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများဖြစ်ပါက သူငယ်မကောင်းတာ ဖြစ်ဖို့များသည်။ သူငယ်ဆရာဝန်ပြပါ။

ကလေးဇက်မခိုင်ခြင်း/ခေါင်းစောင်းခြင်း
– မွေးစကလေးများ မည်သူမှ ဇက်မခိုင်ပါ။ သုံးလလောက်ရောက်မှ လည်ပင်းကြွက်သားလေးများ သန်မာလာပြီး ခေါင်းထိန်းနိုင်လာပါသည်။ ခေါင်ူမထိန်းနိုင်သေးသဖြင့် ထားသလိုနေရုခင်းဖြစ်သည်။ သူငယ်ကိုယ့်ဘာသာ ခေါင်းပြန်မတည့်တတ်သေးပါ။ ကလေးပေါက်စ ဇက်မခိုင်တိုင်း သူငယ်နာဆိုလျှင် ကမ္ဘာပေါ်ရှိ သုံးလအောက် ကလေးတိုင်း သူငယ်နာကုန်ကြပေပြီ။ သုံးလအောက်ကလေးငယ် ဇက်မခိုင်ခြင်းမှာ ပုံမှန်ဖြစ်သည်။ သူငယ်မနာပါ။ သူငယ်ကောင်းသည်။
– လေးလကျော် ငါးလကျော်သောကလေး ဇက်မခိုင်သေးလျှင် သူငယ်မကောင်းတာတစ်ခုခုဖြစ်နိုင်သည်။ သူငယ်ဆရာဝန်ပြပါ။

ကလေးလျှာ ခံတွင်းတွင် မှက်ခရုပေါက်ခြင်း
– သူငယ်အနည်းငယ် မကောင်းပါ။ မှိုတစ်မျိုးကြောင့် ဖြစ်ခြင်းဖြစ်သည်။ မှိုသတ်ဆေး ထည့်ပေးလျှင်ပျောက်သည်။ အမေနို့စို့လျှင် အမေနို့သီးခေါင်းတွင်လည်း မှိုကူးနိုင်ငည်။ အမေနို့ရော ကလေးပါးစပ်ထဲကိုပါ မှိုသတ်ဆေး ထည့်ရမည်။
– သူငယ့်ရှုရှုးဖြင့် မှိုမသေပါ။ သိပ်သုံးချင်လျှင် သူငယ်ပါးစပ်ထဲ သုတ်ပေးမည့်အစား ပြောသူပါးစပ်ထဲ အစက်ချပေးပါ။ ဒဏ်ကြေသည်။ အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောလျှင် တစ်ခါအစက်ချပေးရုံနှင့် ပျောက်သည်။

ကလေးလျှာထုတ်ခြင်း
– သူငယ်လျှာပါ၍ ထုတ်ခြင်းဖြစ်သည်။ ဝမ်းသာသင့်သည်။
– အချို့သူငယ်များတွင် မွေးရာပါချို့ယွင်းမှုနှင့် မျိုးရိုးဗီဇရောဂါစုများ ဖြစ်နေသောကြောင့် လျှာထုတ်တတ်သည်။ သို့သော် ထိုသူငယ်များတွင် ထူးခြားသည့်မျက်နှာသွင်ပြင်နှင့် အခြားလက္ခဏာများ ရှိသည်။ လျှာထုတ်ခြင်းတစ်ခုတည်းနှင့် သူငယ်မကောင်းဟု မပြောနိုင်။ အမှန်တကယ် ရောဂါရှိလျှင်လည်း အုပ်ဆေး၊ လျှာပွတ်ဆေးများက မည်သည့်အစွမ်းမှ မပြနိုင်။ သံသယရှိလျှင် သူငယ်ဆရာဝန်ပြပါ။

ကလေးလျှာဝါးခြင်း
– လျှာကြွက်သားလေးများ သန်မာအောင်၊ အစားဝါးလျှင် အပီအပြင်ဆွဲနိုင်အောင် လေ့ကျင့်ခြင်းဖြစ်သည်။ သူငယ်မနာပါ။ သူငယ်ကောင်းသည်။

ကလေးသွားရည်ကျခြင်း
– သူငယ်အလွန်ငယ်စဉ်အချိန်တွင် ပုံမှန်ထွက်သော သွားရည်ကို အလျင်မီအောင် မမျိုချနိုင်သေး၍ သွားရည်ကျခြင်းဖြစ်သည်။ အထူးသဖြင့် သွားပေါက်ကာနီးလျှင် ပိုကျတတ်သည်။ သူငယ်မနာပါ။ သူငယ်ကောင်းသည်။ အထိရောက်ဆုံးနည်းမှာ သွားရည်ခံတပ်ပေးလိုက်ခြင်းဖြစ်သည်။
– သူငယ်အသက်လေးနှစ်ကျော်သည်အထိ သွားရည်ကျခြင်း မရပ်ပါက သူငယ်မကောင်းပါ။ ပါးစပ်နှင့် လည်ချောင်းကြွက်သားများ ပြဿနာတစ်ခုခုရှိခြင်း ဖြစ်နိုင်သည်။ သူငယ်ဆရာဝန်ပြပါ။
– ရုတ်တရက် သွားရည်အကျများလာလျှင် သူငယ်တစ်ခုခုကို မျိုချမိ၍ လည်ပင်းတွင် တစ်နေခြင်း ဖြစ်နိုင်သည်။ အရေးပေါ်သူငယ်ဆရာဝန်ဆီ သွားပါ။

ကလေးအသားညှစ်ခြင်း၊ လည်ချောင်းသံပေးခြင်း
– အများအားဖြင့် ကလေးညှစ်နေခြင်း လည်ချောင်းသံပေးခြင်းသည် ဗိုက်ထဲတွင် လေရှိ၍ လုပ်ခြင်းဖြစ်သည်။ အပေါ်ကဖြစ်ဖြစ် အောက်ကဖြစ်ဖြစ် လေထွက်သွားလျှင် ရပ်သွားမည်။ ကလေးသက်တောင့်သက်သာ ရှိနေလျှင် စိတ်ပူစရာ မလိုပါ။ သူငယ်နာခြင်းမဟုတ်ပါ။ သူငယ်ကောင်းသည်။

အာရုံကြောအားနည်းခြင်း
– ဒါကမှ အစစ်အမှန် သူငယ်မကောင်းခြင်းဖြစ်ငည်။ မွေးရာပါ ဦးနှောက်ပျက်စီးခဲ့၍ အာရုံကြောနှင့် ကြွက်သားများ အားမရှိသည့်ရောဂါကို Cerebral palsy (အတိုကောက် CP) ဟုခေါ်သည်။ ကုသ၍မပျောက်ပါ။ မြန်မာတိုင်းရင်းဆေးများ (စွမ်းသည်မှန်သော်လည်း) CP ကိုတော့ ဘာမှမတတ်နိုင်ပါ။ လေ့ကျင့်ခန်း (physiotherapy) စောစောနှင့် မှန်မှန်လုပ်ပေးပါက သူငယ်သက်သာမည်။ လေ့ကျင့်ခန်းမလုပ်ပါက ခြေဆစ်လက်ဆစ်ခါးရိုးဆစ်များ တောင့်ကုန်ပြီး သူငယ်လှုပ်မရဖြစ်သွားမည်။
– ဗီတာမင် ဘီဝမ်းချို့တဲ့လျှင်လည်း သူငယ်မကောင်းပါ။ ကြွက်သားများအားပျော့ပြီး ပျော့ခွေနေတတ်သည်။ ဘိလပ်စကားဖြင့် ဘယ်ရီဘယ်ရီဟုခေါ်သည်။ မိခင်အစားရှောင်၍ အဖြစ်များသည်။ အစိုဘယ်ရီဘယ်ရီနှင့် အခြောက်ဘယ်ရီဘယ်ရီဟု၍ နှစ်မျိုးရှိသည်။ အစိုဘယ်ရီဘယ်ရီက နှလုံးကို ထိခိုက်စေသည်။ အချိန်မီ ဆေးမကုလျှင် ဘီဝမ်းမပေးလျှင် သူငယ်အသက်ဆုံးတတ်သည်။ သူငယ်ဆရာဝန်အမြန်ပြရမည်။

ကလေးသေးလောင်ခြင်း
– သူငယ်နာဟု အမည်တပ်ကြခြင်းများထဲတွင် ဘာကြောင့် သေးလောင်ခြင်းကို သူငယ်နာအမည်တပ်မှန်း နားမလည်။ ယခုခေတ် သေးခံ (diaper) များ အသုံးများ၍ ပုံမှန်ဂရုမစိုက်ပါက သူငယ်သေးလောင်တတ်သည်။ ပေါင်ခြံတွင် နီရဲခြင်း အသားလောင်ခြင်းများ ဖြစ်သည်။ အဆီတစ်မျိုးမျိုး၊ သေးလောင်လျှင် လိမ်းသော ခရမ်မ်တစ်မျိုးမျိုး လိမ်းပေးမှ ပျောက်မည်။ သေးလောင်သည်ကို ဂရုမစိုက်ပါက ပိုးဝင်တတ် မှိုစွဲတတ်သည်။ သူငယ်သိပ်မကောင်းပါ။ ဂရုစိုက်၍ ဆေးလိမ်းပါ။

အီတွင် သူငယ်နာတရား တထောက်နား။