မွေးကင်းစ မျက်နှာ သန့်ရှင်းရေး
|ရေချိုးပေးစဉ် ကလေးငယ်၏ မျက်စိ နား နှာခေါင်း သန့်စင်ပေးပါ။ ညင်သာပါ။ဆပ်ပြာမသုံးပါနှင့်
ဂွမ်းလုံးလေးများရှိလျှင် အကောင်းဆုံးဖြစ်သည်။ ရေနွေးနွေးတွင် စိမ်ထားသော ဂွမ်းလုံးလေးများကို
-မျက်ခွံ တဝိုက် အတွင်းမှ အပြင်သို့ ပွတ်ပေးပါ။ တစ်ဖက်ကို တစ်လုံး သုံးပါ။ အညစ်အကြေး တစ်ဖက်မှ တစ်ဖက် မကူးအောင်ပါ။
-နှာခေါင်းအပြင်ဝကို သုပ်ပေးပါ။ နှာခေါင်းထဲ နားကြပ်တံ အပါအဝင် ဘာမှ မထည့်ပါနဲ့။ နှာခေါင်းသွေးထွက်နိုင်သည်။
-နားနောက်နှင့် နားရွက်ကို သန့်စင်ပါ။ နားထဲ ဘာမှ မထည့်ပါနှင့်။ နားစည် ပေါက်နိုင်သည်။
မွေးကင်းစများက ရေချိုးချိန်ကို ကြောက်နိုင်သောကြောင့် မေမေဖေဖေ သီချင်းလေးဆိုပြီး ချိုးပေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ကလေးရေချိုးပေးခြင်းကို မိဘများ ပျော်မွေ့နိုင်ကြပါစေ။
#နေနေမိုးဆွေ (Child Health Myanmar Page)
#naynaymoeswe
Reference: Raising Children Net