Stay Positive

က်မေနာက္ဆံုးေရးခဲ့တဲ့ You are a good Mom ဆိုတဲ့စာေလးဖတ္ၿပီး စိတ္ခ်မ္းသာတယ္ဆိုတဲ့ စကားေတြၾကားရလို႔ ဝမ္းသာတယ္။ အမွန္ေတာ့ က်မကိုယ္တိုင္လည္း လိုအပ္ခ်က္ေတြ အမ်ားႀကီးနဲ႔ အေမတစ္ေယာက္မို႔လို႔ပါပဲ။ မကြယ္ဝွက္တမ္း ဝန္ခံရရင္ ဒီစာေလးေတြ ေရးရင္ ကိုယ့္ကိုယ္ကိုယ္လည္း အားေပးရာေရာက္သလို ကိုယ့္လိုအျပစ္ရွိသလို ခံစားေနရတဲ့ အေမေတြကို အားေပးရာလည္းေရာက္တဲ့အတြက္ မအားတဲ့ၾကားက ေရးျဖစ္တာပါ။ က်မေျပာရဲပါတယ္။ ၉၉%ေသာ အေမေတြဟာ ကေလးနဲ႔ အတူေနခ်င္ၾကသူခ်ည္းပါ။ ကေလးကို ထားခဲ့ၿပီး အလုပ္ထြက္လုပ္ရတဲ့အေမအမ်ားစုဟာ ေငြေၾကာင့္ မိသားစုကိုေထာက္ပံ့ရလို႔ ထြက္လုပ္ရတဲ့ အေမေတြ ျဖစ္ႏိုင္ေပမယ့္ ေငြေၾကာင့္မဟုတ္ဘဲ အေၾကာင္းေၾကာင္းေၾကာင့္ ဆက္လုပ္ေနရတဲ့ အေမေတြလည္း အမ်ားျကီးရွိမွာပါ။ ဘယ္အတြက္ေၾကာင့္ပဲ လုပ္ရသည္ျဖစ္ေစ ကိုယ္ရင္ဆိုင္ေနရတဲ့ အေျခအေနကို ေနာင္တႀကီးနဲ႔ စိတ္ဆင္းရဲၿပီး ခံစားမေနၾကဖို႔ အဓိကတိုက္တြန္းခ်င္တာပါ။

အသိေတြထဲမွာ ျမင္ဖူးတယ္။ အပ်ိဳတုန္းက အလုပ္လုပ္တယ္။ ကေလးရေတာ့ ကေလးနားမွာ ေနမယ္ဆံုးျဖတ္ၿပီး အိမ္မွာေနတဲ့ေမေမလုပ္တယ္။ ဒါေပမယ့္ သူ႔စိတ္ကို သူမႏိုင္ေတာ့ သူ႔ဘဝႀကီးဟာ သံုးစားလို႔မရေတာ့တဲ့ ဘဝႀကီးလို ခံစားေနၿပီး စိတ္ေတြဆင္းရဲေနတယ္။ အိမ္မွာရွိတဲ့သူေတြကို ရန္လုပ္တယ္။ ငါ့မွာကေလးတဖက္နဲ႔ စြန္႔လႊတ္ထားရတယ္ စသည္ျဖင့္ အၿမဲစကားနာထိုးတယ္။ ကိုယ္အျပင္မထြက္ႏိုင္တိုင္း က်န္တဲ့သူေတြပါ ကိုယ့္လိုပဲ အိမ္မွာေနေစခ်င္တယ္။ ၾကာေတာ့ အိမ္ေထာင္ေရးက မသာယာေတာ့ဘူး။ က်မဆိုလိုခ်င္တာက အိမ္မွာပဲေနေန အလုပ္ပဲထြက္လုပ္လုပ္ ကိုယ္ဒါလုပ္မယ္လို႔ ဆံုးျဖတ္ၿပီးရင္ အဲဒီဘဝကို ေပ်ာ္ေအာင္ေနပါ။ ကိုယ့္ေရြးခ်ယ္မႈ ဆံုးျဖတ္မႈကို တန္ဖိုးထားပါ။ ေလးစားပါ။

က်မမွာ ေရရွည္စီမံကိန္းဆိုတာထက္ ေရတိုစီမံကိန္းေလးေတြက ပိုမ်ားတယ္။ အေဝးႀကီးကိုၾကည့္ၿပီး အဲဒါကို ေရာက္ေအာင္လွမ္းရတာ ပင္ပန္းလြန္းသလိုပဲ။ ေရတိုစီမံကိန္းဆိုတာက ကိုယ္လက္ရွိေရာက္ေနတဲ့၊ လုပ္ေနရတဲ့အလုပ္ကို ေအာင္ျမင္ေအာင္ အတတ္ႏိုင္ဆံုးႀကိဳးစားလုပ္တာပဲ။ ေန႔တိုင္းကို တစ္ရက္ခ်င္းပဲ ေက်ာ္ျဖတ္တယ္။ သားႀကီးေမြးတုန္းက အလုပ္မရွိေသးေတာ့ အိမ္မွာပဲေနရတယ္။ ကေလးတစ္ဘက္နဲ႔ ၂၄ နာရီ တစ္ပတ္ ၇ ရက္ေနရတာ စိတ္ညစ္ခဲ့တဲ့ အခ်ိန္ေတြမရွိဘူးလားေမးေတာ့ သိပ္ရွိခဲ့တာေပါ့။ စိတ္ညစ္စိတ္ဓါတ္က်ခဲ့တဲ့အခ်ိန္ေတြလည္း ရွိခဲ့တာပဲ။ ဒါေပမယ့္ ေန႔တိုင္းစိတ္ဆင္းရဲၿပီး ကိုယ့္ကိုယ္ကိုယ္ မႏွိပ္စက္ခဲ့ဘူး။ က်မအမ်ိဳးသားကိုလည္း အျပင္ေတြသြားေစခ်င္တယ္။ သူကအျခားဘာမွ မႀကိဳက္ေပမယ့္ သီခ်င္းအရမ္းႀကိဳက္တယ္။ သူႀကိဳက္တဲ့ အဆိုေတာ္ရႈိးေတြရွိရင္ သူ႔ကို က်မက အတင္းသြားခိုင္းတာပဲ။ ကိုယ္မလိုက္ႏိုင္ေပမယ့္ သူ႔ကို ေပ်ာ္ေစခ်င္တာ။ ကိုယ္ႀကိဳက္တဲ့ေဘးထြက္အလုပ္ေလးေတြကို ကေလးတဖက္နဲ႔ေပမယ့္ရေအာင္လုပ္တယ္။ သစ္ပင္စိုက္တယ္။ အိမ္မွာ ကိုယ့္ဘာသာ လက္မႈလုပ္လို႔ရတဲ့အလုပ္ကေလးေတြလုပ္ရင္း ေပ်ာ္ေအာင္ စိတ္ခ်မ္းသာေအာင္ ေနတယ္။ အဲဒီလိုပဲ ေမေမေတြကို စိတ္ခ်မ္းသာေစခ်င္တယ္။

အခုသားငယ္ေလးနဲ႔က်ေတာ့ အလုပ္လုပ္ရတဲ့ေမေမျဖစ္ေနျပန္ေရာ။ ေငြေၾကာင့္လားဆိုရင္ မဟုတ္ဘူးလို႔ ေျဖရမွာပဲ။ ဘာလို႔လဲဆိုေတာ့ ကိုယ္အလုပ္လုပ္ရတဲ့အခါက်ေတာ့ ကေလးၾကည့္ဖို႔ လူေခၚရတယ္ေလ။ သူ႔ကိုေပးရတဲ့ ပိုက္ဆံက ကိုယ့္လခနဲ႔တူတူပဲ။ အဲဒီေတာ့ ေငြေၾကာင့္အလုပ္လုပ္ေနရတာ မဟုတ္မွန္း ေသခ်ာတယ္။ အခုက်မလုပ္ေနတဲ့အလုပ္က ဘြဲ႕လြန္ပါ။ ဘြဲ႕လြန္ဆိုေတာ့ သတ္မွတ္ထားတဲ့ႏွစ္ျပည့္ေအာင္ တက္ကိုတက္ရတယ္ေလ။ အဲဒါမွ ေအာင္တာ။ အခုေန အျခားအလုပ္တစ္ခုလုပ္ေနရရင္ အလုပ္ထြက္ၿပီး ကေလးပဲထိန္းမလားေမးရင္ မဆိုင္းမတြ in a heartbeat ဟုတ္ကဲ့ ထြက္မွာပါလို႔ ေျဖမွာပဲ။ ဒါေပမယ့္ အဲဒီလို လုပ္လို႔မရတဲ့အခါက်ေတာ့ အလုပ္လုပ္ေနရင္း စိတ္ဆင္းရဲ ဝမ္းနည္းေနမွာလား။ ဟင့္အင္း မနည္းပါဘူး။အလုပ္မွာလည္း တက္တက္ႂကြႂကြ စိတ္ပါလက္ပါလုပ္တယ္။ စိတ္ညစ္ေနရင္ ေန႔တာရွည္တယ္ေလ။ အိမ္ေရာက္ေတာ့ ပင္ပန္းေနေပမယ့္ ကေလးေတြနဲ႔ ေနတယ္။ ေရာက္တာနဲ႔ ထမင္းဆာရင္ ထမင္းစား မဆာရင္လည္း မစားေသးဘဲ ကိုယ္လက္သန္႔စင္ၿပီး သားငယ္ေလးကို ေရခ်ိဳးဖို႔ျပင္တယ္။ ေရမခ်ိဳးခင္ ဆီေလးလူးၿပီး ႏွိပ္ေပးတယ္။ ေရခ်ိဳးေပးရင္း စကားေတြေျပာ ေဆာ့တယ္။ သူ႔ကိုလုပ္ေပးၿပီး သူ႔အေဖဆီပို႔လိုက္တဲ့အခ်ိန္ သားႀကီးနဲ႔ စာဖတ္ရင္ဖတ္ စကားစျမည္ေျပာရင္ေျပာ၊ ေက်ာင္းကကိစၥေတြ သူ႔သူငယ္ခ်င္းအေၾကာင္းေတြ ေျပာတယ္။ သားႀကီးအိပ္သြားေတာ့ သားငယ္ေလးလန္းဆန္းေနရင္ သူ႔ကို စာဖတ္ျပတယ္။ ၿပီးရင္သူ႔ကို ခဏေအာက္ခ်ထားၿပီး နားရတယ္။ ကိုယ္အိမ္မွာရွိတဲ့အခ်ိန္ဆို တတ္ႏိုင္သမွ်သူ႔ကိစၥေတြ ကိုယ္နဲ႔ သူ႔အေဖက ကိုယ္တိုင္ပဲ လုပ္ၾကတယ္။ ေဆာ့တာ ခ်ီတာ သိပ္တာေတြေပါ့။ သူေရာကိုယ္ပါ အရမ္းပင္ပန္းၾကေပမယ့္ တစ္ေယာက္တလွည့္ ကေလးနဲ႔ေနၾကတယ္။ အိမ္မွာေခၚထားတဲ့ အမကိုလည္း ေပးနားရာေရာက္တာေပါ့။ တစ္ခါတေလ သူ႔ေဖေဖကို ကေလးေပးထားတုန္း အိပ္ယာေပၚလွဲေနရင္းက အိပ္ေပ်ာ္သြားတဲ့ ရက္ေတြလည္း ရွိပါ့။ အဲဒီအခါက်ရင္ေတာ့ စိတ္မေကာင္းပါဘူး ေယာက္်ားေရ။ ကေလးလည္း သူပဲသိပ္၊ ကေလးမအိပ္မခ်င္း ကေလးနဲ႔ ဆက္ေနေပေတာ့ေပါ့ 😁

ေျပာခ်င္တဲ့လိုရင္းကေတာ့ ကိုယ္လုပ္ေနရတဲ့ အလုပ္ဘာပဲျဖစ္ျဖစ္ ေရွာင္လႊဲလို႔မရဘဲ လုပ္ရေတာ့မယ္ဆိုရင္ စိတ္ခ်မ္းသာေအာင္ ႀကိဳးစားေနၿပီး လုပ္ဖို႔ပါပဲ။ အလုပ္လည္း ပင္ပန္းေသး ကိုယ့္စိတ္ကိုလည္း ကိုယ့္ဘာသာ ၫွင္းဆဲေနမယ္ဆိုရင္ ဘယ္တန္ေတာ့မလဲ။ ဒီလိုနဲ႔ပဲ တစ္ရက္ၿပီးတစ္ရက္ ေန႔ေတြကုန္သြားမွာပါ။ တစ္ႏွစ္ဆိုတာ ခဏေလးကုန္ၿပီး ကိုယ့္စိတ္တိုင္းက် ေနႏိုင္မယ့္ရက္ကို ေရာက္လာပါလိမ့္မယ္ေနာ္။ က်မတို႔လည္း ဒီလိုပဲ အားတင္းၿပီး ႀကိတ္ေနရတာပဲ။ က်မေျပာသလို လက္ရွိက်မရဲ႕ ေရတိုစီမံကိန္းေလးတစ္ခု ၿပီးေအာင္ လုပ္ေနတယ္ပဲ ဆိုၾကပါစို႔။ ဒီစီမံကိန္းေလးၿပီးတဲ့အခါမွ ေနာက္စီမံကိန္းေလးတစ္ခုေပါ့ေနာ့။ စိတ္ထဲမွာေတာ့ ႀကိဳစဥ္းစားထားေပါ့။ အဂၤလိပ္ေတြေျပာေနက် စကားရွိတယ္ေလ။ ဘဝကသံပရာသီးေပးရင္ သံပရာရည္ေဖ်ာ္ေသာက္လိုက္ပါတဲ့။ ျမန္မာလိုျပန္ရရင္ေတာ့ ဘဝက ငါးပိေပးရင္ ငါးပိရည္ေဖ်ာ္စားလိုက္ပါလို😆

[Unicode]

ကျမနောက်ဆုံးရေးခဲ့တဲ့ You are a good Mom ဆိုတဲ့စာလေးဖတ်ပြီး စိတ်ချမ်းသာတယ်ဆိုတဲ့ စကားတွေကြားရလို့ ဝမ်းသာတယ်။ အမှန်တော့ ကျမကိုယ်တိုင်လည်း လိုအပ်ချက်တွေ အများကြီးနဲ့ အမေတစ်ယောက်မို့လို့ပါပဲ။ မကွယ်ဝှက်တမ်း ဝန်ခံရရင် ဒီစာလေးတွေ ရေးရင် ကိုယ့်ကိုယ်ကိုယ်လည်း အားပေးရာရောက်သလို ကိုယ့်လိုအပြစ်ရှိသလို ခံစားနေရတဲ့ အမေတွေကို အားပေးရာလည်းရောက်တဲ့အတွက် မအားတဲ့ကြားက ရေးဖြစ်တာပါ။ ကျမပြောရဲပါတယ်။ ၉၉%သော အမေတွေဟာ ကလေးနဲ့ အတူနေချင်ကြသူချည်းပါ။ ကလေးကို ထားခဲ့ပြီး အလုပ်ထွက်လုပ်ရတဲ့အမေအများစုဟာ ငွေကြောင့် မိသားစုကိုထောက်ပံ့ရလို့ ထွက်လုပ်ရတဲ့ အမေတွေ ဖြစ်နိုင်ပေမယ့် ငွေကြောင့်မဟုတ်ဘဲ အကြောင်းကြောင်းကြောင့် ဆက်လုပ်နေရတဲ့ အမေတွေလည်း အများကြီးရှိမှာပါ။ ဘယ်အတွက်ကြောင့်ပဲ လုပ်ရသည်ဖြစ်စေ ကိုယ်ရင်ဆိုင်နေရတဲ့ အခြေအနေကို နောင်တကြီးနဲ့ စိတ်ဆင်းရဲပြီး ခံစားမနေကြဖို့ အဓိကတိုက်တွန်းချင်တာပါ။

အသိတွေထဲမှာ မြင်ဖူးတယ်။ အပျိုတုန်းက အလုပ်လုပ်တယ်။ ကလေးရတော့ ကလေးနားမှာ နေမယ်ဆုံးဖြတ်ပြီး အိမ်မှာနေတဲ့မေမေလုပ်တယ်။ ဒါပေမယ့် သူ့စိတ်ကို သူမနိုင်တော့ သူ့ဘဝကြီးဟာ သုံးစားလို့မရတော့တဲ့ ဘဝကြီးလို ခံစားနေပြီး စိတ်တွေဆင်းရဲနေတယ်။ အိမ်မှာရှိတဲ့သူတွေကို ရန်လုပ်တယ်။ ငါ့မှာကလေးတဖက်နဲ့ စွန့်လွှတ်ထားရတယ် စသည်ဖြင့် အမြဲစကားနာထိုးတယ်။ ကိုယ်အပြင်မထွက်နိုင်တိုင်း ကျန်တဲ့သူတွေပါ ကိုယ့်လိုပဲ အိမ်မှာနေစေချင်တယ်။ ကြာတော့ အိမ်ထောင်ရေးက မသာယာတော့ဘူး။ ကျမဆိုလိုချင်တာက အိမ်မှာပဲနေနေ အလုပ်ပဲထွက်လုပ်လုပ် ကိုယ်ဒါလုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် အဲဒီဘဝကို ပျော်အောင်နေပါ။ ကိုယ့်ရွေးချယ်မှု ဆုံးဖြတ်မှုကို တန်ဖိုးထားပါ။ လေးစားပါ။

ကျမမှာ ရေရှည်စီမံကိန်းဆိုတာထက် ရေတိုစီမံကိန်းလေးတွေက ပိုများတယ်။ အဝေးကြီးကိုကြည့်ပြီး အဲဒါကို ရောက်အောင်လှမ်းရတာ ပင်ပန်းလွန်းသလိုပဲ။ ရေတိုစီမံကိန်းဆိုတာက ကိုယ်လက်ရှိရောက်နေတဲ့၊ လုပ်နေရတဲ့အလုပ်ကို အောင်မြင်အောင် အတတ်နိုင်ဆုံးကြိုးစားလုပ်တာပဲ။ နေ့တိုင်းကို တစ်ရက်ချင်းပဲ ကျော်ဖြတ်တယ်။ သားကြီးမွေးတုန်းက အလုပ်မရှိသေးတော့ အိမ်မှာပဲနေရတယ်။ ကလေးတစ်ဘက်နဲ့ ၂၄ နာရီ တစ်ပတ် ၇ ရက်နေရတာ စိတ်ညစ်ခဲ့တဲ့ အချိန်တွေမရှိဘူးလားမေးတော့ သိပ်ရှိခဲ့တာပေါ့။ စိတ်ညစ်စိတ်ဓါတ်ကျခဲ့တဲ့အချိန်တွေလည်း ရှိခဲ့တာပဲ။ ဒါပေမယ့် နေ့တိုင်းစိတ်ဆင်းရဲပြီး ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်ခဲ့ဘူး။ ကျမအမျိုးသားကိုလည်း အပြင်တွေသွားစေချင်တယ်။ သူကအခြားဘာမှ မကြိုက်ပေမယ့် သီချင်းအရမ်းကြိုက်တယ်။ သူကြိုက်တဲ့ အဆိုတော်ရှိုးတွေရှိရင် သူ့ကို ကျမက အတင်းသွားခိုင်းတာပဲ။ ကိုယ်မလိုက်နိုင်ပေမယ့် သူ့ကို ပျော်စေချင်တာ။ ကိုယ်ကြိုက်တဲ့ဘေးထွက်အလုပ်လေးတွေကို ကလေးတဖက်နဲ့ပေမယ့်ရအောင်လုပ်တယ်။ သစ်ပင်စိုက်တယ်။ အိမ်မှာ ကိုယ့်ဘာသာ လက်မှုလုပ်လို့ရတဲ့အလုပ်ကလေးတွေလုပ်ရင်း ပျော်အောင် စိတ်ချမ်းသာအောင် နေတယ်။ အဲဒီလိုပဲ မေမေတွေကို စိတ်ချမ်းသာစေချင်တယ်။

အခုသားငယ်လေးနဲ့ကျတော့ အလုပ်လုပ်ရတဲ့မေမေဖြစ်နေပြန်ရော။ ငွေကြောင့်လားဆိုရင် မဟုတ်ဘူးလို့ ဖြေရမှာပဲ။ ဘာလို့လဲဆိုတော့ ကိုယ်အလုပ်လုပ်ရတဲ့အခါကျတော့ ကလေးကြည့်ဖို့ လူခေါ်ရတယ်လေ။ သူ့ကိုပေးရတဲ့ ပိုက်ဆံက ကိုယ့်လခနဲ့တူတူပဲ။ အဲဒီတော့ ငွေကြောင့်အလုပ်လုပ်နေရတာ မဟုတ်မှန်း သေချာတယ်။ အခုကျမလုပ်နေတဲ့အလုပ်က ဘွဲ့လွန်ပါ။ ဘွဲ့လွန်ဆိုတော့ သတ်မှတ်ထားတဲ့နှစ်ပြည့်အောင် တက်ကိုတက်ရတယ်လေ။ အဲဒါမှ အောင်တာ။ အခုနေ အခြားအလုပ်တစ်ခုလုပ်နေရရင် အလုပ်ထွက်ပြီး ကလေးပဲထိန်းမလားမေးရင် မဆိုင်းမတွ in a heartbeat ဟုတ်ကဲ့ ထွက်မှာပါလို့ ဖြေမှာပဲ။ ဒါပေမယ့် အဲဒီလို လုပ်လို့မရတဲ့အခါကျတော့ အလုပ်လုပ်နေရင်း စိတ်ဆင်းရဲ ဝမ်းနည်းနေမှာလား။ ဟင့်အင်း မနည်းပါဘူး။အလုပ်မှာလည်း တက်တက်ကြွကြွ စိတ်ပါလက်ပါလုပ်တယ်။ စိတ်ညစ်နေရင် နေ့တာရှည်တယ်လေ။ အိမ်ရောက်တော့ ပင်ပန်းနေပေမယ့် ကလေးတွေနဲ့ နေတယ်။ ရောက်တာနဲ့ ထမင်းဆာရင် ထမင်းစား မဆာရင်လည်း မစားသေးဘဲ ကိုယ်လက်သန့်စင်ပြီး သားငယ်လေးကို ရေချိုးဖို့ပြင်တယ်။ ရေမချိုးခင် ဆီလေးလူးပြီး နှိပ်ပေးတယ်။ ရေချိုးပေးရင်း စကားတွေပြော ဆော့တယ်။ သူ့ကိုလုပ်ပေးပြီး သူ့အဖေဆီပို့လိုက်တဲ့အချိန် သားကြီးနဲ့ စာဖတ်ရင်ဖတ် စကားစမြည်ပြောရင်ပြော၊ ကျောင်းကကိစ္စတွေ သူ့သူငယ်ချင်းအကြောင်းတွေ ပြောတယ်။ သားကြီးအိပ်သွားတော့ သားငယ်လေးလန်းဆန်းနေရင် သူ့ကို စာဖတ်ပြတယ်။ ပြီးရင်သူ့ကို ခဏအောက်ချထားပြီး နားရတယ်။ ကိုယ်အိမ်မှာရှိတဲ့အချိန်ဆို တတ်နိုင်သမျှသူ့ကိစ္စတွေ ကိုယ်နဲ့ သူ့အဖေက ကိုယ်တိုင်ပဲ လုပ်ကြတယ်။ ဆော့တာ ချီတာ သိပ်တာတွေပေါ့။ သူရောကိုယ်ပါ အရမ်းပင်ပန်းကြပေမယ့် တစ်ယောက်တလှည့် ကလေးနဲ့နေကြတယ်။ အိမ်မှာခေါ်ထားတဲ့ အမကိုလည်း ပေးနားရာရောက်တာပေါ့။ တစ်ခါတလေ သူ့ဖေဖေကို ကလေးပေးထားတုန်း အိပ်ယာပေါ်လှဲနေရင်းက အိပ်ပျော်သွားတဲ့ ရက်တွေလည်း ရှိပါ့။ အဲဒီအခါကျရင်တော့ စိတ်မကောင်းပါဘူး ယောက်ျားရေ။ ကလေးလည်း သူပဲသိပ်၊ ကလေးမအိပ်မချင်း ကလေးနဲ့ ဆက်နေပေတော့ပေါ့ 😁

ပြောချင်တဲ့လိုရင်းကတော့ ကိုယ်လုပ်နေရတဲ့ အလုပ်ဘာပဲဖြစ်ဖြစ် ရှောင်လွှဲလို့မရဘဲ လုပ်ရတော့မယ်ဆိုရင် စိတ်ချမ်းသာအောင် ကြိုးစားနေပြီး လုပ်ဖို့ပါပဲ။ အလုပ်လည်း ပင်ပန်းသေး ကိုယ့်စိတ်ကိုလည်း ကိုယ့်ဘာသာ ညှင်းဆဲနေမယ်ဆိုရင် ဘယ်တန်တော့မလဲ။ ဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက် နေ့တွေကုန်သွားမှာပါ။ တစ်နှစ်ဆိုတာ ခဏလေးကုန်ပြီး ကိုယ့်စိတ်တိုင်းကျ နေနိုင်မယ့်ရက်ကို ရောက်လာပါလိမ့်မယ်နော်။ ကျမတို့လည်း ဒီလိုပဲ အားတင်းပြီး ကြိတ်နေရတာပဲ။ ကျမပြောသလို လက်ရှိကျမရဲ့ ရေတိုစီမံကိန်းလေးတစ်ခု ပြီးအောင် လုပ်နေတယ်ပဲ ဆိုကြပါစို့။ ဒီစီမံကိန်းလေးပြီးတဲ့အခါမှ နောက်စီမံကိန်းလေးတစ်ခုပေါ့နော့။ စိတ်ထဲမှာတော့ ကြိုစဉ်းစားထားပေါ့။ အင်္ဂလိပ်တွေပြောနေကျ စကားရှိတယ်လေ။ ဘဝကသံပရာသီးပေးရင် သံပရာရည်ဖျော်သောက်လိုက်ပါတဲ့။ မြန်မာလိုပြန်ရရင်တော့ ဘဝက ငါးပိပေးရင် ငါးပိရည်ဖျော်စားလိုက်ပါလို😆