တစ်ဦးတည်းသောကလေး!!!

လွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်ကတစ်ဦးတည်းသောကလေး
တွေဟာ ၁၈ နှစ်အောက်ကလေးတွေရဲ့ ၁၀ရာခိုင်နှုန်းသာ ရှိပေမယ့် အခု နှစ်များမှာတော့ ၂၀ ရာခိုင်နှုန်း အထိရှိလာတယ်လို့ အမေရိကန် နိုင်ငံရဲ့ စာရင်းများကဆိုပါတယ်။
တစ်ဦးတည်းသောသား တစ်ဦးတည်းသောသမီး တွေဟာ တစ်ကိုယ်ကောင်းဆန်တတ်တယ် ပေါင်းသင်းဆက်ဆံရေးညံ့တယ် လို့ ယူဆတဲ့သူတွေရှိပါတယ်။
သူတို့ဟာ လောကကိုအကျိုးမပြုဘူးလား။
သိပ္ပံ ပညာရှင်ကြီး အိုင်းစတိုင်း ဟာ တစ်ဦးတည်းသောသားပါ။
ပန်းချီပညာရှင်ကြီး လီယိုနာဒို ဒါဗင်ချီ ဟာတစ်ဦးတည်းသော သားပါ။
အလားတူ အိုင်ဆက်နယူတန် အင်ဒီရာဂန္ဒီ စတဲ့ အကျော်အမော်တွေဟာတစ်ဦးတည်းသော ကလေးတွေပါ။
တစ်ဦးတည်းသောကလေးတွေကို ပြုစုပျိုးထောင်တတ်ဖို့ပဲ လိုပါတယ်။
သူတို့ဟာ တစ်လှည့်စီ ကစားရတယ်ဆိုတာ နားမလည်တတ်ကြဘူး။ ရှုံးတယ် ဆိုတာမသိတတ်ကြဘူး။
လိုချင်ရင် ရမယ် ဆိုတာပဲသိကြတယ်။
ဒါတွေကို နားလည်အောင်ရှင်းပြပေးရမှာမိဘတွေရဲ့တာဝန်ပါ။
သူတို့ကို
၁။ ကိုယ်ချင်းစာတရားထားတတ်အောင်သင်ပေးပါ။
မိဘ ကိုယ်တိုင်က ကိုယ်ချင်းစာတရားထားပြရပါမယ်။
၂။ ကန့်သတ်ပါ။ အလိုမလိုက်ပါနဲ့။
အလိုရှိတိုင်းဝယ်မပေးပါနဲ့။ လိုအပ်လို့ဝယ်ပေးတယ်ဆိုတာ ရှင်းပြပါ။
၃။ အခြားကလေးတွေနဲ့ ကစားဖို့ ပေါင်းသင်းဆက်ဆံဖို့ အခွင့်အရေးပေးပါ။ စိုးရိမ်လွန်ပြီး မျက်စိအောက်မှာချည်း မထားပါနဲ့။
ကိုယ့်အိမ်မှာ တခြားကလေးတွေနဲ့ ပေးကစားပါ။
မျှဝေ ကစား တတ်လာပါလိမ့်မယ်။
တခြားကလေးတွေအိမ်မှာလည်း ပေးကစားပါ။
သူများဦးဆောင်မှုနောက်ကို လိုက်ပြီး ကစားတတ် လာပါလိမ့်မယ်။
၎။ အိမ်မှာစည်းကမ်းတွေချမှတ်ထားပြီး မိဘတွေ ကိုယ်တိုင်လည်းလိုက်နာပါ။
သင့်ကလေးကိုလည်း လိုက်နာပါစေ။
၅။ သူတို့ဟာ မောင်နှမ သားချင်းမရှိတဲ့ အတွက် ပိုသနားစရာ ကောင်းတယ် ဆိုတဲ့အမြင်ကို မိဘတွေ ကိုယ်တိုင်လည်း ဖျောက်သင့် သလို သင့်ကလေး ကိုလည်း ထင်မှတ်မသွားပါစေနဲ့။ ဒါပုံမှန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ။
အဆင်ပြေသွားမှာပါ။
အောင်ငြိမ်းဝင်း (Child Health Myanmar Page)
Picture – Credits to Google.