Rocker လေးများ

အိပ်ချင်တဲ့အချိန်। အထူးသဖြင့် ညဘက်ရောက်ရင် မေမေ့ကလေး ဒါမျိုးတွေလုပ်နေလား

🔅ခန္ဓာကိုယ်ကို ဟန်ချက်ညီညီလှုပ်နေခြင်း (rocking)।
🔅 ခေါင်းကို ဟိုဘက် ဒီဘက် လှိမ့်နေခြင်း( rolling)।
🔅ကိုယ်ကို အနောက်ဘက်ကို ပစ်ချခြင်း।
🔅ခေါင်းကို တခုခုနှင့်ရိုက်ခြင်း( head-banging)
🔅မှောက်ရက်နေပြီး မျက်နှာနှင့်ခေါင်းအုံးကို ရိုက်ခြင်း।
🔅အိပ်ရာထဲမှာ ဟိုဘက်ဒီဘက် လှိမ့်နေခြင်း ( rolling)

အဲဒါမျိုးတွေတွေ့ရင် စိတ်တော့မပူပါနဲ့။ Rocker လေးတွေပါ။ တချိန်ကြရင် ပျောက်သွားမှာပါ။ ခန္ဓာကိုယ် rocking လှုပ်ခြင်းက ကလေး ၆-လမှာ စတတ်ပြီး ခေါင်းကို လှိမ့်ခြင်း। စောင့်ခြင်း တို့က ၉-လလောက်မှာ စဖြစ်တတ်သည်။ ကလေးအများစုက အသက် ၅-နှစ်မတိုင်မီမှာ အဲလိုလုပ်တာတွေရပ်သွားကြသည်

🔰ဘာကြောင့်လုပ်ကြတာလည်း
▪️ကလေးတော်တော်များများ လုပ်ကြသည်။ အဲလုပ်လုပ်ရတာကိုက သူတို့ကို ကျေနပ်နှစ်သိမ့်စေလို့ပါ။
▪️တချို့ကလေးတွေကြတော့ နေ့ခင်းနေ့လည်ဘက်မှာ စိတ်ရှုပ်စရာ। စိတ်ပူစရာတွေရှိရင် လည်း အဲလိုလုပ်တတ်ပါတယ်။
▪️အဲလိုတွေလုပ်လို့လည်း ကလေးမှာ စိတ်ရောဂါများရှိတယ်လို့ မဆိုလိုပါ။

🔰ဘာတွေလုပ်ပေးနိုင်လည်း
▪️ကလေးအိပ်ရာပေါ်ရောက်တဲ့အချိန်နဲ့ အိပ်ပျော်သွားတဲ့အချိန်ကို တချက်ပြန်ကြည့်ပါ။ အိပ်ရာပေါ်မှာ မအိပ်ပဲ အကြာကြီး နိုးနေခြင်းက rocking, banging လေးတွေ ကိုပိုဖြစ်စေနိုင်ပါတယ်။
▪️ကလေးကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အခြေအနေသာ မရှိလျှင် သူ့ ခေါင်းစောင့်। ကိုယ်ကို လှန်ချတာတွေ। လှုပ်တာတွေကို ဂရုစိုက်ပြခြင်း မလုပ်မိဖို့ကြိုးစားပါ။ တချို့ကလေးတွေက ကိုယ်က ဂရုစိုက် attention အရမ်းလုပ်ပြလျှင် သဘောကျပြီး ပိုလုပ်တတ်ကြသည်။
▪️အန္တရာယ်ဖြစ်စေနိုင်တဲ့ အခြေအနေ တွေဆိုတာက သူအဲဒီ အပြုအမူတွေ လုပ်နေချိန် သံမန်တလင်း ပေါ်မှာတော့ မရှိရဘူးပေါ့။ နံရံတွေ। မာကျောတဲ့ ပစ္စည်း တွေအနားမှာ မရှိသင့်ဘူးပေါ့။သူလှန်ချလျှင် သက်တောင့်သက်သာဖြစ်မဲ့ အိပ်ရာပေါ်မှာတော့ ရှိပေးသင့်တာပေါ့။ မဟုတ်လျှင် ခေါင်းဒဏ်ရာရလိမ့်မည်။ အသားမာတက်လိမ့်မည်။

🔰ဘယ်အချိန်ဆရာဝန်ပြမလဲ
▪️အထက်က ပြောသလိုပဲ rocking। rolling। head-banging လုပ်တာတွေက စိတ်ပူစရာမလိုပါ။ သို့သော် ညအိပ်လျှင် အရမ်းဟောက်ခြင်း နှင့် အခြား ဖွံ့ဖြိုးမှုအပိုင်းစိတ်ပူစရာများရှိပါက ဆရာဝန်နှင့်ပြပါ။

မေတ္တာဖြင့်
စိုးမိုးကျော်( Child Health Myanmar Page )

Ref: Raising Children, Australia
Photos: Google