ကစားကြမယ်။
|ကလေးလေးတွေရဲ့ အရေပြားပေါ်ကို ကျမတို့ရဲ့လက်နဲ့ ထိတဲ့ အထိအတွေ့ဟာ သူတို့လေးတွေကို လုံခြုံစိတ်ချမှုကို ခံစားရစေပါတယ်။ ဒီလို သူတို့လက်ကလေးတွေခြေထောက်ကေ လးတွေကို ထိတွေ့နေတာကို အာရုံစိုက်မိခြင်းက သူတို့ရဲ့ ခြေလက်လေးတွေ ဘယ်မှာ အဆုံးသတ်ပြီး တခြားအရာတွေဟာ ဘယ်မှာ စတင်တယ်ဆိုတာကို ကလေးလေးတို့ စတင်သိရှိခံစားစေဖို့ အထောက်အကူ ပေးပါတယ်။
Fingers and Toes
__________________
သင့်တော်သောအသက် >>> မွေးစ မှ ၃ လ
ရရှိမယ့် အကျိုး>>> အထိအတွေ့ အာရုံခံစားနိုင်မှု( Touch Sensitivity)
လိုအပ်သောပစ္စည်း>> ဘာပစ္စည်းမှ မလိုပါဘူး။(ချစ်ခြင်းမေတ္တာရ ယ် ကိုက်ကိုယ်တိုင်ရယ်ပဲ လိုတာပါ။)ကလေးငယ်ရဲ့ လက်ကလေးကို ညင်သာစွာ ပွတ်သပ်ပေးခြင်းဖြင့် စတင်နိုင်ပါတယ်။ လက်ဖမိုးနေရာလေးကို ပိုပြီး ပွတ်သပ်ပေးသင့်ပါတယ်။ လက်သီးလေး ဆုပ်ထားချိန်တွေမှာလည်း လက်သီးဆုပ်လေးကို ပွတ်သပ်ပေးရပါမယ်။ ဒီလိုလုပ်လို့ သူတို့လက်ချောင်းကလေးတွေ ဆန့်ထုတ်လာနိုင်ပါတယ်။ ဒီအခါ လက်ချောင်းလေးတွေ ဆီကို ဆက်သွားပြီး
Fingers and Toes
__________________
သင့်တော်သောအသက် >>> မွေးစ မှ ၃ လ
ရရှိမယ့် အကျိုး>>> အထိအတွေ့ အာရုံခံစားနိုင်မှု( Touch Sensitivity)
လိုအပ်သောပစ္စည်း>> ဘာပစ္စည်းမှ မလိုပါဘူး။(ချစ်ခြင်းမေတ္တာရ
” ဟော… လက်ကလေးတွေ ဖြန့်လိုက်တာလား…. သမီး လက်ကလေး ဒီနားလေးမှာ ဆုံးတာပေါ့”
” လက်ချောင်းကလေးက ချစ်စရာ…ထိလို့ ကိုင်လို့ ရနိုင်တာ”
“ဒါက လက်ထိပ်ကလေး” စသဖြင့် ပြောပြပေးနိုင်ပါတယ်။ ကိုယ်အဆင်ပြေသလို ဥာဏ်ချဲ့ပြီးလည်း ပြောနိုင်ပါတယ်။
ပြီးရင် ခြေဖဝါးလေးဆီကို ရွှေ့ပြီးပြောင်းလုပ်ပေးပါ။ ခြေချောင်းလေးတွေရယ် ခြေဖဝါးလေးရယ်ကို ညင်ညင်သာသာ ပွတ်သပ်ပြီးတော့ပေါ့။ ကလိထိုးသလို မပြုလုပ်မိသေးဖို့ လိုပါတယ်။ ဒီအရွယ်လေးတွေက ကလိထိုးတဲ့ ခံစားမှုကို သိပ်မခံစားနိုင်သေးပဲ မနှစ်သက်တာမျိုး ဖြစ်တတ်လို့ပါ။ ခြေချောင်းထိပ်လေးကို ရောက်ရင် ထပ်ပြီး အထက်ကအတိုင်း ပြောပြပေးပါ။
ကလေးလေးတွေဟာ တစ်ယောက်ချင်းစီအလိုက် ဖွံ့ဖြိုးကြတာမို့ အရမ်းကြီးစိတ်မလောသင့်ပါဘူး
မေတ္တာဖြင့်
ယုငယ်
Ref; BabyCentre.com