ကီဝီသီး (12 months+)

နှာစေး ချောင်းဆိုး တုပ်ကွေးဖြစ်လေ့ရှိတဲ့ ရာသီမှာ ကလေးတွေကို မဖြစ်အောင် ကြိုတင်ကာကွယ်ရင်း ဗီတာမင်စီများသော အသီးအနှံများလည်း ကျွေးပေးပါနော်။ ဗီတာမင်စီများသော အသီးအနှံများက စတော်ဘယ်ရီသီး ၊ ဆန်းကစ်သီး ၊ လိမ္မော်သီး၊ နာနတ်သီး ၊ ကီဝီသီးတို့ပါ။ Vitamin C အများဆုံးက ကီဝီသီးပါ။
အိမ်ကသမီးလေးက ကီဝီသီးသိပ်ကြိုက်တယ်။ ကီဝီသီးအစိမ်းနဲ့ ရွှေရောင်ကီဝီသီးနှစ်မျိုး ရှိပါတယ်။ Gold kiwi မှာ ဗီတာမင်စီ ပိုများပါတယ်။

မေတ္တာဖြင့်
လင်းလက်ကြယ်စင် (ဆုလေးမေမေ)