ကလေး ထမင်း ကျွေးရခက်တယ် !?!?
|-ကလေးက ၂ နှစ် ထမင်း ကျွေးရခက်တယ်။ ဘယ်လိုလုပ်ရမလဲ။ ကလေးက လေးနှစ် ထမင်းစားတာ အရမ်းကြာတယ်။
-ကလေးက ၅ နှစ် ထမင်းဝါးနေတာ မပြီးတော့ဘူး ။ ထမင်းကို သုံးနာရီလောက်စားတယ်။နီတိုးမေမေကို အဲလိုတွေမေးလာကြပါတယ်။ အဲဒါဆိုရင် နီတိုးမေမေ အတွက် နည်းနည်း ခက်တယ်ပြောရမယ် ။ ဘာလို့ဆိုတော့ အဲလို မေးလာတဲ့ မေမေတို့ရဲ့ ကလေးလေးတွေရဲ့ အမူအကျင့် ၊ အကြိုက် ၊ တနေ့တာ သူတို့ရဲ့ လှုပ်ရှားမှု အချိန်စာရင်း စတာတွေ နီတိုးမေမေ မသိဘူးလေ။ online ကနေ ဘာလုပ်လိုက်ပါ လို့ပြောရင် နားထောင်လို့ ကောင်းချင်ကောင်းမယ် ဒါပေမယ့် တကယ် လက်တွေ့ ကလေးကို ကျင့်သုံးတဲ့ အခါ ကလေးရဲ့ အခြေအနေ အကြိုက်ကိုပဲ လိုက်ပြီး လူကြီးက စဉ်းစားပြီး လုပ်ရတာမျိုးပါ။ကလေးထမင်းစားဖို့ နီတိုးမေမေ အကြံပေးနိုင်ရင်လည်း ယေဘူယျသဘောသာ ဖြစ်ပါမယ်။ ကိုယ်ပိုင် အတွေ့အကြုံ ၊ ဖတ်ထားတဲ့ ဗဟုသုတ စတာတွေကနေ အခြေခံပြီး ပြောတာလောက်ပေါ့။ တကယ် ကိုယ့်ကလေးကို အသိဆုံးက မေမေတို့ ကိုယ်တိုင်ပါ။ Mother knows the best ပါ။ ခုခေတ်မေမေ တွေ စာဖတ်ကြတော့ ကလေးကို ဘာတွေ ကျွေးသင့်လဲ ။ကျွေးရမလဲ ဆိုတာတွေ အရင်ကထက်ပိုပြီး သိလာကြပြီ။ ဒီတော့ ကိုယ့်ကလေးနဲ့ ကိုက်ညီသလိုလေးကျွေးရမှာပါ။
ကလေးထမင်းစားခက်တာကို ကလေးအမေ တော်တော်များများ ခံစားဖူးမှာပါ။ပြီးတော့ ကလေးတွေက အရွယ်အလိုက် သူတို့ ကြိုက်တာကွာပါတယ်။ အချိန်အလိုက် လူကြီးတွေက ပါးနပ်စွာ စီမံခန့်ခွဲနိုင်မှပါ။ နီတိုးမေမေလည်း ကြုံဖူးပါတယ်။ တစ်မျိုးစီပေါ့။ ကိုယ့ပြဿနာပေါ်အခြေခံပြီး ကိုယ့်ကလေးရဲ့ လိုအပ်ချက်နဲ့ သူရဲ့ အမူအကျင့်လေးအလိုက် လေ့ကျင့်ပေးဖို့ပဲ လိုတာပါ။၎-၅-၆နှစ် ကလေးတစ်ယောက် ကို ထမင်းသေချာစားနေတာကို တွေ့ရင် သေချာတယ် သူ့မေမေ ( ပြုစုစောင့်ရှောက်သူ) က လေ့ကျင့်ထားပေးလို့ပါ။သင်ကြ
လသားအရွယ်လေးတွေမှာ လုပ်ပေးသမျှ ကလေးအစာ ( purée) လေးတွေကို အရသာကောင်းရင် သူတို့ ကြိုက်ပြီးမျိုချတတ်ပေမယ့် တစ်နှစ်ကျော် နှစ်နှစ်ထဲရောက်လာရင် ခက်လာတတ်ပါပြီ။ လောကကြီးကို ခုမှရောက်တဲ့ သူတို့လေးတွေ အစာတွေရဲ့ အရသာကို ခုမှ စမ်းသပ်ခွင့်ရလို့ သူတို့ ဘာကြိုက်လဲဆိုတာကို သူတို့ ကိုယ်တိုင် မသိသေးသလို သူတို့ ကို ထမင်းကျွေးတဲ့ လူကြီးကလည်း သူတို့ ဘာကြိုက်လဲ မသိသေးပါဘူး။ ဒါကြောင့် ကလေး ဒီနေ့ ဒါမစားလည်း အရမ်းစိတ်မညစ်ပါနဲ့ ။အစားအစာတိုင်းကို မိတ်ဆက်ပြီး အလေ့အကျင့် လုပ်ရပါတယ်။
-ကလေးကို ထမင်းကျွေးတော့မယ်ဆိုရင် အာဟာရပြည့်ပြီး အသက်အရွယ်အလိုက် သင့်တော်တာတွေကျွေးဖို့ လို သလို စားကောင်းဖို့လည်းလိုပါတယ်။
-ကလေးက ဗိုက်ဆာနေဖို့လည်း လိုပါတယ်။ သူ့ အစာအိမ်လေးနဲ့ ဆန့်သလောက်ပဲ သူစားနိုင်မှာမို့ ထမင်း( သို့) အဓိက အာဟာရ မကျွေးခင် နှစ်နာရီလောက် အတွင်း တခြား သွားရေစာ တစ်ခုခု ကျွေးထားရင် ကလေးက ထမင်းအရမ်းမစားနိုင်တော့ပါဘ
– ကလေးက လုံလောက်စွာ energy သုံးပြီး ဆော့ကစားထားဖို့လည်းလိုတယ်။
– ကလေးရဲ့ အိပ်ချိန်တွေ ပုံမှန်ရှိဖို့လည်း လိုပါတယ်။ အိပ်ရေးဝမှ ကလေးက စိတ်လည်းကြည်မယ် ။ စားချင်စိတ်ကို ဖြစ်စေမယ်။
– နောက်တစ်ခု ကလေးကို ထမင်းကျွေးတဲ့ ပုံစံပါ။ ကလေးကို ထမင်းစကျွေးတဲ့ အရွယ်ထဲက သူဆော့ချင်ရာဆော့ပြီး လူကြီးကလိုက်ပြီး ကျွေးနေရင် ကလေးက ပါးစပ် အလိုလို ဟပေးပြီး မျိုချတယ်ပေါ့။ သူပါးစပ်နားဇွန်းလာလို့ သာ ဟပေးခဲ့တာပါ။ အစားကို သေချာစားရတယ် နေရာမှာထိုင်ပြီး စားရတယ် ဆိုတာမျိုးတွေ ကလေးက သင်ယူမလာခဲ့ပါဘူး။ဒီတော့ သူတို့ နည်းနည်း ကြီးလာတော့ ၁-၂နှစ်ကျော်လာတော့ သူတို့ပိုသိတတ်လာတော့ ဆန္ဒလေးတွေ ပြလာကြတာတော့တာပါပဲ။ မစားဘူ။မဝါးဘူး။ တီဗွီပြမှစားတယ်။ ဖုန်းပြမှစားတယ်။ လမ်းပေါ်ထွက်ကျွေးမှ စားတယ်။ ပန်းခြံထဲ ဆင်းကျွေးရတယ် စသည်စသည်တွေပေါ့ ဖြစ်ကုန်ရော။ နဂိုထဲက မလွယ်တဲ့ မိခင်ဘဝဟာ နေ့စဉ်နဲ့ အမျှ သာ လမ်းပေါ် ထမင်းထွက်ကျွေးနေရရင် ပင်ပန်းလို့ သေရချည်ရဲ့။
သူတို့လေးတွေကို ထမင်းဆိုတာ နေရာမှာ စားရတယ် ။ သူ့အချိန်မှာ စားရတယ် ဆိုတာမျိုးကို ငယ်ငယ်ထဲ က အကျင့်လုပ်ရမှာပါ။ ဒီနေရာမှာ လသားထဲက သူ့ထိုင်ခုံလေးနဲ့ စားခဲ့တဲ့ ကလေးတွေ က အရမ်း မခက်တာတွေ့ရတယ်။ ထိုင်ခုံမှာ လူကြီးနဲ့ အတူတူ အမြဲ စားစေတာလည်း သူတို့ကို အစားစားပုံကို သင်ယူစေပါတယ်။
– အရွယ်အလိုက် ကလေးနားလည်နိုင်သလောက် အစားအစားအကြောင်းလေးတွေ ဘာကြောင့်စားရတယ် ဆိုတာလေးတွေ ပြောပြ သင်ပြ ပေးသွားသင့်ပါတယ်။ ကလေးတွေ က အားလုံးကို ခုမှ သင်ယူနေတာမို့ သူတို့ အစားရွေးလည်း အရမ်းကြီး စိတ်မညစ်၊ ဆူပူမကြိမ်းမောင်းဘဲ တဖြည်းဖြည်းရှင်းပြ သွားရင် ကြီးလာတာနဲ့ အမျှ နားလည်လာပါတယ်။ နီတိုးလေးဆို ဟင်းသီးဟင်းရွက်မစားလို့ မေမေ နှစ်နဲ့ချီ စည်းရုံးရပါတယ်။ ပြောပြရပါတယ် ။ သူမကြိုက်ဘူးလို့ပြောပါတယ်။
– ကလေးကို ထမင်းစားချိန်မှာ မလိုလားအပ်တဲ့ အလိုလိုက်မှုတွေ၊ လွဲမှားတဲ့ အလို လိုက်မှုတွေ မလုပ်မိဖို့လည်း လိုပါတယ်။ အ ဘိုးအဘွားနဲ့ ထားလို့၊ ကလေးထိန်းနဲ့ ထားလို့ ကလေးဆိုးသမျှ အလိုလိုက်ထားရင် လည်း ကလေး ထမင်းမစားတဲ့ ပြဿနာ သံသရာက ထွက်မှာ မဟုတ်ပါဘူး။ ကလေးကို ထမင်းကို အချိန်ကျရင် စားရမယ်၊ နေရာမှာ စားရမယ် ။ ဒီလောက်ပမာဏ တော့ စားရမယ်ဆိုတာမျိုးကို အရွယ်အလိုက် အလေ့အကျင့် လုပ်ပေး၊ သင်ပေးရမှာပါ။ ဒီလိုဆိုရင် သူတို့လည်း အဆင်ပြေ မေမေတို့ဘဝလည်း အဆင်ပြေ လှပါတယ်။ ပင်ပန်းတာသက်သာသွားပါမယ်။
– နောက်ဆုံး တစ်ခုကတော့ ကလေးရဲ့ စိတ်ပျော်ရွှင်မှု အခြေအနေပါ။ ကလေးဟာ ဘယ်လို ပတ်ဝန်းကျင်မျိုးမှာ နေနေရတာလဲ။ နေ့တိုင်းနီးပါး ဆူပူ ရိုက်ခံနေရတာလား၊ ကလေးမိဘတွေ ကလေးရှေ့မှာ ရန်ဖြစ်ပါသလား။ ကလေးကို မေတ္တာ အပြည့်အဝ ပေးပါသလား၊ ကလေးနဲ့ quality time spent ရှိပါသလား။ ကလေးက ကျောင်းမှာ သူငယ်ချင်း၊ ဆရာမ စတာတွေနဲ့ အဆင်ပြေပါသလား။ ကြင်နာစွာ ဆက်ဆံတတ်တဲ့ ကလေးပြုစုသူနဲ့ နေခွင့်ရပါသလား။ …..စသဖြင့် ကလေးရဲ့ စိတ်ကျန်းမာရေးကိုလည်း သတိထားကြစေလိုပါတယ်။ စိတ်ပျော်နေမှ အစားစားပြီး အိပ်မှာပါ။
သတိရသလောက်လေးချရေးလိုက်တာပ
Good luck to all Moms!!!
မေတ္တာဖြင့်
နီတိုးလေးမေမေ ။
သိသမျှဖြည့်စွက်
ထမင်းကျွေးရခက်တဲ့ ကလေးအတွက် အကြံပေးထားတာလေးပါ။