ကလေးများနဲ့အတူကစားရန် မိဘများအတွက် လမ်းညွန် ( A parent guid to play)
|__________________________
*******************
ကလေးတို့ဟာ ဖေဖေ မေမေတို့ရဲ့ အသံကြားရတာကို သဘောကျကြပါတယ်။ဖေဖေ မေမေတို့ရဲ့ ထွေးပွေးတဲ့ အထိအတွေ့ကို နှစ်သက်ပါတယ်။ဖေဖေ မေမေတို့ စည်းဝါးကျကျလေး ယိမ်းနွဲ့ပေးတာကို ကြိုက်ပါတယ်။ မိဘများ အနေနဲ့ ဒီချော့မြူတဲ့အရာသုံးမျိုးစ
ကလေးငယ်ကို ပေါင်ပေါ်မှာ တင်ထားပြီး ထိုင်ခုံတစ်လုံးပေါ်မှာ ထိုင်ပါ။ ကလေးရဲ့ ခြေထောက်များဟာ မိမိရဲ့ ဝမ်းဗိုက်ဆီကို ဦးတည်နေစေပါ။ ကလေးရဲ့ ဦးခေါင်းကို မိမိရဲ့ လက်နဲ့ အုပ်ကိုင်ပြီး မိမိရဲ့ ကိုယ်ခန္ဓာကို ဘယ်ညာ ညင်သာစွာ ယိမ်းပေးပါ။ ဒီလို ယိမ်းနွဲ့နေစဉ်မှာ ကလေးငယ်ကို စကားပြောပေးတာပဲ ဖြစ်ဖြစ် ၊ သီချင်းဆိုပေးတာပဲ ဖြစ် ဖြစ် လုပ်ပေးရပါမယ်။
အကျိုးကျေးဇူး
************
ဒီလို ပြုလုပ်ပေးခြင်းဖြင့် ကလေးငယ်ဟာ မိဘတို့ရဲ့ ဆိုပြနေတဲ့အသံ၊ ထွေးပွေ့ကို်င်ထားတဲ့ လက်ရဲ့အထိအတွေ့၊ မိဘတို့ရဲ့ မျက်နှာကို မြင်နေရတဲ့မြင်ကွင်း စတာတွေဟာ မွေးစ ကလေးငယ်ကို လုံခြုံစိတ်ချမှုကို ခံစားစေရပြီး နှစ်သိမ့်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒီလိုယိမ်းပေးခြင်းဟာ တခါတလေ ကလေးငယ်ကို အိပ်ပျော်သွားအောင်လည်း ပြုလုပ်နို်င်စွမ်းပါတယ်။ ကလေးငယ်တို့သုံးလထဲကိုရောက်
* ခန္ဓာကိုယ်ကို နားလည်သဘောပေါက်ခြင်း ( body awareness)
* နားထောင်နို်င်စွမ်းရည် ( listening)
* အမြင်အာရုံဖွံဖြိုးတိုးတက်မ
တို့ကို တိုးတက်ကောင်းမွန်စေပါတယ်။
( ပုံစာ- ကလေးကို ဘယ်ညာ ယိမ်းပေးနေစဉ်မှာ
မျက်လုံးချင်းဆုံအောင် ကြည့်ပေးခြင်းဖြင့် မိဘနဲ့ သားသမီးကြား အနက်ရှိုင်းဆုံး ချည်နှောင်ကြိုးကို ခို်င်မာစေပါတယ်)
မေတ္တာဖြင့်
ယုငယ် ( နီတိုးလေးမေမေ)