ကလေးလေးတွေကို tummy time ဝမ်းလျားမှောက်ချိန် ပေးဖို့လည်း မမေ့ပါနဲ့နော်။ သူတို့လေးတွေရဲ့ ခေါင်း၊ လည်ပင်း၊ ပခုံး၊ကိုယ်ခန္ဓာကိုယ် အပေါ်ပိုင်းလေးတွေ သန်မာအောင်ပေါ့။နောက်ပိုင်း စောင်းဖို့ မှောက်ဖို့ လှိမ့်ဖို့ လေးဘက်သွားဖို့ပေါ့။
|မွေးပြီး မကြာခင်မှာပဲ လုပ်လို့ရတယ်။ ချက်ကြွေပြီးတဲ့ အချိန်လောက် ပေါ့။
တခါ မှောက်ပေးရင် ၁မိနစ် ၂ မိနစ် ကစလို့ရတယ်။ တစ်နေ့ကို မတူတဲ့ အချိန်တွေမှာ ၃ ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ သူတို့လေးတွေ နေတတ်လာရင် မှောက်နေရတာ ကြိုက်တတ်လာရင် အချိန်တိုးပေးပေါ့။ အိပ်ယာလို ပျော့တဲ့နေရာဆိုရင်တော့ သိပ်မထိရောက်သလိုပဲ။ ကြမ်းမှာ အခင်းခင်းထားပြီး လုပ်ပေးရင် ပိုကောင်းပါတယ်။ ကလေးကို မှောက်ထားပြီးရင် ပျော်စရာကောင်းအောင် မြှူပေးတာ၊ နာမည်ခေါ်ပေးတာတွေ လုပ်ရတာပေါ့။ ဒါမှ သူတို့ပျော်မှာ….
ကိုယ့်မှာ လသားကလေးရှိလို့ မွေးစထဲက မလုပ်ဖြစ်သေးခဲ့ရင်လည်း ခု စလုပ်ပေးရင် ရတာပါပဲ။ နောက်ကျတယ်ဆိုတာ မရှိဘူးမဟုတ်လား။
Safety ကိုတော့ မမေ့ပါနဲ့နော်။ နုနယ်လွန်းလှတဲ့ ကလေးလေးကို မျက်ခြေမပြတ် စောင့်ကြည့်နေဖို့တော့ သတိပေးပါရစေ။
မေတ္တာဖြင့်
ယုငယ်