ခုခေတ်ကလေးတွေဟာ ခေတ်ရဲ့ ရေစီးကြောင်းကြောင့် ready made food တွေ processed food တွေပဲ စားကြရတာများတယ်။
|ကျမတို့ ငယ်ငယ်တုန်းကထက် တိုးတက်လာတယ် ဆိုပေမယ့် လတ်ဆတ်တဲ့ အစားအသောက်၊ ကျန်းမာရေးနဲ့ ညီတဲ့ အစားအသာက်ကျတော့ ရှားပါးလာသလိုပါပဲ။
ဒီကြားထဲမှာ မိဘတွေက သတိမထားရင်
ကလေးငယ်လေးတွေဟာ ကော်ဖီမစ်တွေ သောက်နေကြတယ်။
ကလေးငယ်လေးတွေဟာ လက်ဖက်ရည်တွေ သောက်နေကြတယ်။
latte တွေ cappuccinoတွေ သောက်ကြတယ်။
ကိုကာကိုလာတွေ သောက်နေကြတယ်။
Red Bull တွေ Shark တွေ စတဲ့ carbonated drinks တွေ သောက်နေကြတယ်။
ခေါက်ဆွဲခြောက် ပြုတ်တွေ စားနေကြတယ်။
ထပ်ခါထပ်ခါသုံးထားတဲ့ ဆီထဲမှာ ကြော်ထားတဲ့ အာလူးချောင်းကြော်တွေ စားနေကြတယ်။
❗️ကလေးဆိုတာ နိုင်ငံရဲ့ အနာဂါတ်မို့ နောက် ၁၀ နှစ် အနှစ်နှစ်ဆယ် ဆိုရင် နေ့စဉ် ဒီလို စားသောက်နေတာတွေရဲ့ ရလာဒ်ဟာ သိပ်ကြောက်စရာကောင်းလာမယ်။
အရပ်ပုမယ်…
အာဟာရမပြည့်လို့ ခံနိုင်ရည် စွမ်းရည် နည်းမယ်…
နှလုံးရောဂါလို…ရင်ကြပ်ရေ
သူလည်းဖြစ် ကိုယ်လည်း ဖြစ်ဆိုတော့ မဆန်းတော့ သယောင်ပေါ့…
တခြားနိုင်ငံက ကလေးတွေနဲ့ ယှဉ်ရင် အရမ်း သိသာကွာဟသွားနိုင်ပါမယ်…
နိုင်ငံလိုက်ကြီး မပြောရင်တောင် ကိုယ့်မိသားစုရဲ့ မျိုးဆက်ဟာ ပိုခေတ်မီတာတွေ စားနေပေမယ့် ပိုပြီးမကောင်းလာပဲ ဖြစ်သွားနိုင်ပါတယ်…..
မိဘများ ၁၀/၁၃ နှစ်အောက် ကလေးလေးတွေရဲ့ အစားအသောက်ကို သတိပြုကြရန် သတိပေးပါရစေရှင်….
မေတ္တာဖြင့်
ယုငယ်