ခွန်အားနှင့် အာဟာရပြည့် မနက်စာ Chia Seed and Egg Oatmeal + Blueberries
|ဘေဘီတွေအတွက် ပြင်ဆင်ပုံနဲ့ မတ်တပ်ပြေးတွေအတွက် ပြင်ဆင်ပုံမတူပါ။ oatmeal ပို့စ် ၅ခါလောက် ရေးဖူးပါတယ်။ပြန်ပြောပြပါမယ
အုတ်ဂျုံOat မှာ ဖိုက်ဘာ ၊ ပရိုတိန်းနှင့် အခြားဗီတာမင်များစွာ ကြွယ်ဝပါတယ်။ အာဟာရတန်ဖိုး အများဆုံးက Steel cut oats ပါ။ ဝယ်ရမလွယ်ကူပါ။ ရှားပါတယ်။ ချက်ရတာလည်း အလွန်ကြာပါတယ်။ အသုံးအများဆုံးနဲ့ အာဟာရတန်ဖိုး ဒုတိယအများဆုံးက rolled oatsပါ။ မီးဖိုပေါ်မှာ ပြန်ချက်ရပါတယ်။
ရေနွေးလေးထည့်ပြီး တစ်ခါတည်း ဖျော်သောက်လို့ရတာတွေက instant oats ပါ။ instant oatsတွေဟာ အာဟာရတန်ဖိုး နည်းပါးလို့ ကလေးမစားသင့်ပါ။ စားသင့်တဲ့ Rolled oats ထဲမှာမှ စိုက်ပျိုးချိန်မှာ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေ ကင်းစင်တဲ့ Organic Rolled Oats အကောင်းဆုံးပါ။
မြန်မာနိုင်ငံရဲ့ supermarketတွေမှာ Cowhead တံဆိပ် Organic Rolled Oats ရောင်းတယ်လို့ သိရပါတယ်။ ဝယ်ရလွယ်ပြီး လူသိများတဲ့ ကွေကာ Quaker တံဆိပ် ဝယ်ချင်ရင်တော့ quickcook oatmeal ကောင်းပါတယ်။
အဖတ်မဝါးနိုင်သေးသော ဘေဘီများအတွက် အမှုန့်ကြိတ်ထားတဲ့ ကလေးစားသီးသန့် Oatmeal Cereal တံဆိပ်များလည်း အသုံးပြုနိုင်ပါတယ်။ သကြားတွေ ရောထားလား ၊ ရိုးရိုး oat ပဲလားဆိုတာတော့ အညွှန်းနဲ့ ပါဝင်သောပစ္စည်းများ ingredients တွေကို ဖတ်ရှုပြီး လူကြီးမှလည်း စားကြည့်မှ သိနိုင်ပါမယ်။ oatmeal cereal for baby ဝယ်ရင်လည်း organic ဖြစ်ရင် ပိုကောင်းပါတယ်။
အမှုန့်လုပ်ထားသော ကလေးစားတံဆိပ်တွေ ဝယ်ရ မလွယ်ကူရင်လည်း စိတ်ပူစရာမရှိပါ။ ရိုးရိုး Organic Rolled Oats တံဆိပ်ကို အိမ်မှာ ဘလန်ဒါနဲ့ ကြိတ်လို့ရပါတယ်။
********
ဘေဘီတွေအတွက် ချက်ရန်
– Organic Rolled Oats အမှုန့် ၁ဇွန်း
– Formula Milk နို့မှုန့် ၁ဇွန်း (နို့မှုန့်ဗူးထဲမှချိနိသောခ
– နှစ်သက်ရာ အသီးတစ်မျိုး ( ပန်းသီး ၊ ငှက်ပျောသီး ၊ ထောပတ်သီး ၊ မက်မွန်သီး ၊ သစ်တော်သီးများ လိုက်ဖက်ပါတယ်။)
– ရေ 100ml
နှစ်သက်ရာ အသီးတစ်မျိုးအား ရေနွေးငွေ့ဖြင့် ပေါင်းပြီး အအေးခံကာ ပေါင်းရေလေးဖြင့် ကြိတ်ချေပေးထားပါ။ ထောပတ်သီးက ပေါင်းရန်မလိုပါ။
မီးဖိုပေါ်မှာ ရေကို ဆူအောင်တည်ပါ။ ရေဆူလာလျင်
မီးနည်းနည်းဖြင့် oats အား ရော၍ ကျိုချက်ပါ။ ကပ်တတ်လို့ မွှေနေပေးပါ။ ခပ်ပျစ်ပျစ်လေးဖြစ်လာလျင် မြည်းကြည့်ပါ။ ကျက်လျင် ဖျော်ထားသော နို့မှုန့် ၊ ကျိုထားသော oat နှင့် ကြိတ်ချေထားသော အသီးများ ရောမွှေပါ။ အဖတ်ဝါးနိုင်လာလျင် ကြိတ်စရာမလိုတော့ပါ။ ကလေး၈လကျော်လာသောအခါ ကြက်ဥအနှစ်လေး ထည့်ကျွေးချင်ရင် ကြက်ဥကိုကျက်အောင်ပြုတ် အနှစ်လေးထုတ်ယူပြီး oatmeal ထဲ မွှေထည့်နိုင်ပါတယ်။ အနှစ်လေးခွဲယူပြီး သံလွင်ဆီနည်းနည်းနဲ့ ကြေအောင် ကြော်ပြီးလည်း oatmeal ထဲ ထည့်ပေးနိုင်ပါတယ်။ ကလေးစားတတ်ဖို့ မနင်ဖို့တော့ သတိပြုပါ။
*********
တစ်နှစ်အထက် ကလေးများအတွက်
– Organic Rolled Oats စားပွဲဇွန်း၃ဇွန်း
– Fresh Milk နွားနို့ 250ml
– ကြက်ဥ တစ်လုံး
– နှစ်သက်ရာအသီး
– Chia Seed (optional မထည့်လည်းရ)
Chia seed အကြောင်း ရေးခဲ့ဖူးပါတယ်။ ကျန်းမာရေးနှင့် ညီညွတ်ပြီး ပရိုတိန်းဓာတ် အလွန်ကြွယ်ဝပါတယ်။ ပြည်ပထုတ်ပဲ ရှိပါတယ်။ ပင်ပွားစေ့နှင့် မတူပါ။ စူပါမားကတ်များမှာ black chia seed and white chia seed နှစ်မျိုးရှိပါတယ်။
အဖြူနဲ့အမည်းအစေ့ အာဟာရအတူတူပါပဲ။
Oatmeal ထဲ chia seed လေးတွေ ထည့်ကျွေးမယ်ဆိုရင် လက်ဖက်ရည်ဇွန်း၁ဇွန်း or ၂ဇွန်းခန့်ကို ၁၅မိနစ်ခန့် ကြိုတင်ပြီး ရေစိမ်ထားပါ။ ပြီးရင် ရေစစ်ထားပါ။ ဂျယ်လီလို ပျော့စိပျော့စိအဖတ်များ ရလာပါမည်။
ကြက်ဥတစ်လုံးအား ရေဆေးပြီး ခလောက်ပါ။ နွားနို့နှင့် ရော၍ ထပ်ခလောက်ပါ။ မီးဖိုပေါ်မှာ မီးနည်းနည်းဖြင့် ကျိုပေးပါ။ မွှေပေးနေပါ။ နို့များ ပူပြီး ပွက်လာလျင် Rolled Oats ထည့်၍ မီးဖိုပေါ်မှာ မီးနည်းနည်းဖြင့် ကျိုပါ။ အုတ်အဖတ်လေးများ ပွလာပြီး နူးလာလျင် ရပါပြီ။ အပျစ်အခဲကြီး မကြိုက်လျင် ကျဲကျဲလေးကျိုပါ။ (ကြက်ဥရောမွှေကျိုတာ မကြိုက်လျင် ကြော်၍ ပြုတ်၍ ထည့်စားနိုင်ပါတယ်။)
စားမည့် ပန်းကန်လုံးထဲ oatmeal ထည့် ၊ ရေစိမ်ပြီး ရေစစ်ထားတဲ့ chia seed လေး ရောထည့် ၊ အသီးအနှံလေး ရောထည့်ပြီး သုံးဆောင်နိုင်ပါပြီ။ နှစ်သက်လျင် ပလိန်းဒိန်ချဉ် ၊ သစ်ကြံပိုးမှုန့် ၊ ပျားရည်များ လိုသလို ထည့်နိုင်ပါတယ်။
အသီးအနှံကို ကလေးတစ်နှစ်ကျော်လျင် ပေါင်းပေးဖို့ မလိုတော့ပါ။ oatmeal ထဲ ထည့်ပေးလို့ရပါတယ်။ ကျွန်မရဲ့သမီးလေးက oatmeal နဲ့ အသီးအနှံရောပြီး ထည့်ထားပေးရင် မကြိုက်လို့ ပန်းကန်ခွဲပေးထားတာပါ။ သူ စားရင်တော့ ဇွန်းနဲ့ခပ်ပြီး ရောစားပါတယ်။
သားသား မီးမီးတို့ စားမြိန်ကြပါစေ။
မေတ္တာဖြင့်
လင်းလက်ကြယ်စင်
*အားပေးသူများအား ကျေးဇူးပါ။ မည်သူမဆို share နိုင်ပါသည်။ ကော်ပီတော့ မလုပ်ပါနှင့်*
Thank You 💛