နို့တိုက်ကျွေးခြင်း အတွေ့အကြုံ
|နို့တိုက်တော့မယ်ဆိုရင်-နို့မတိုက်ခင် နို့အုံကို အပေါ်ကနေအောက် အနေအထား ခဏလောက် နှိပ်နယ်ပေးပြီးမှ တိုက်ရင် ပိုကောင်းပါတယ်။
– နို့သီးခေါင်းထိပ်ဖျားလေးပဲ
-မွေးစကလေးကို ၂ နာရီခြား တခါ(သို့) ၃ နာရီခြားတခါ တိုက်ရပါမယ်။ ၈-၁၂ ကြိမ် တိုက်ရပါမယ်။ ကလေးရဲ့ တောင်းဆိုမှု အလိုက်လည်း တိုက်သင့်ပါတယ်။
⭐️ မီးဖွားပြီးပြီးချင်း ရက်အနည်းငယ် မှာ နို့ထွက်နည်းနေသေးတာ ပုံမှန်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးကြောင့် နို့ထွက်နည်းတာ၊ တခါတရံ လိုအပ်လို့ နားချင်တာ၊ အိပ်ချင်တာ၊ စတဲ့ အကြောင်းကြောင်းကြောင့် တနေ့မှာ တစ်ကြိမ်လောက် နှစ်ကြိမ်လောက် formula နို့မှုန့် ကူမယ်ဆိုရင်လည်း မိခင် အနေနဲ့ စိတ်ညစ်၊ စိတ်မကောင်း ဖြစ်စရာမလိုဘဲ စိတ်အေးအေးထားပြီး ပြုလုပ်နိုင်ပါတယ်လို့ ဆရာဝန်က ပြောပါသေးတယ်။ အဓိက က မိခင် စိတ်အေးချမ်းပြီး အပြစ်မကင်းဘူးဆိုတဲ့ စိတ်၊ ပူပန်စိတ်တွေ မဖြစ်မှ နို့များများထွက်ပြီး တိုက်ကျွေးနိုင်မှာပါ။
⭐️ မွေးစကလေးတွေဟာ နို့စို့ရင်း အိပ်ပျော်သွားတတ်ကြတယ်။ ဒါဆိုရင် သူတို့ ဘယ်လောက်စို့တယ်။ နို့ဘယ်လောက်ဝင်တယ် သေချာ မသိနိုင်ပါဘူး။ ပါးလေးတို့ပေး နားထင်လေးတို့ပေးပြီး နှိုးပေးပြီး တိုက်သင့်ပါတယ်။ အိပ်သွားရင်လည်း နောက်တခါထပ်တိုက်တဲ့အခါ ပြီးခဲ့တဲ့ အခေါက်တုန်းက တိုက်ခဲ့တဲ့ နို့ဘက်ကိုပဲ စပြီးပြန်တိုက်ရပါမယ်တဲ့။
⭐️ဘာဖြစ်လို့လဲ ဆိုတော့ ကလေးကို foremilk သာမဟုတ်ဘဲ အာဟာရပိုတဲ့ hindmilk ကိုပါ သေချာစွာ ရရှိစေချင် လို့ပါ။
⭐️foremilk ဆိုတာကတော့ ကလေးငယ်လေး အရင်ဆုံးစို့မိတဲ့ နို့ရည်ပါ။ foremilk ဟာ အရည်ကျဲပါတယ်။ Low-fat အဆီပါဝင်မှုနည်းပြီး နို့ထဲမှာ ပါဝင်တဲ့ သကြားဓါတ်ဖြစ်တဲ့ Lactose ပါဝင်မှု များပါတယ်။ foremilk က ကလေးရဲ့ ရေငတ်ခြင်းကို ပြေပျောက်စေပါတယ်။ ကလေးရဲ့ ခွန်အားကို ဖြစ်စေနိုင်မှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးပါတယ်။
⭐️Hindmilk ကတော့ ပိုမိုပြစ်တဲ့ နို့ရည်ဖြစ်ပြီး ခွန်အားကို ဖြစ်စေတဲ့ အဆီဓါတ်ပါဝင်မှု ပိုပါတယ်။ Hindmilk ကို
နို့အုံရဲ့ အထက်ဘက်မှာရှိတဲ့ နို့ထုတ်လုပ်ပေးတဲ့ ဆဲလ်တွေထဲမှာ သိုလှောင်ထားပါတယ်။ Hindmilk ဟာ ကလေးရဲ့ ကြီးထွားမှုကို ဖြစ်နိုင်ပါတယ်။
တကယ် ကလေးရဲ့ အာဟာရအတွက် အရေးပါတဲ့ ( protein, carbohydrates , vitamins , fats) များကတော့ နောက်ပိုင်းမှာ ထွက်လာတဲ့ hindmilk မှာ ပိုမို ပါဝင်ပါတယ်။
⭐️ဒါကြောင့် မေမေတို့ရဲ့ hindmilk ကို ရင်သွေးလေးတွေ သေချာစွာ ရရှိအောင် နောက်တစ်ကြိမ် နို့တိုက်တဲ့အခါမှာ ပြီးခဲ့တဲ့ အခေါက်က တိုက်ခဲ့တဲ့ဖက်ကနေ စပြီး ပြန်တိုက်သင့်ပါတယ်။
⭐️ကလေးက ထပ်မစို့သေးဘူးဆိုရင်လည်း မေမေတို့ရဲ့ နို့တွေ အလကား မဖြစ်သွားအောင် ညှစ်ထားပြီး ကလေးကို တိုက်မယ်ဆိုရင်လည်း ရပါတယ်။ ဒါဆို hindmilk ကို ကလေးက သေချာရရှိနိုင်တာပေါ့။
⭐️နို့တစ်ခါတိုက်ရင် နို့ နှစ်ဖက်လုံး တိုက်သင့်ပါတယ်။ကလေးက နို့ တစ်ဖက်တည်းကိုပဲ စို့တတ်တဲ့ အကျင့်ရှိတယ်ဆိုရင်လည်း တခြား တဖက်ကို ညှစ်ပြီး ဘူးနဲ့ တိုက်နိုင်ပါတယ်။ ဒါဆို နို့တဖက်တည်း လိုက်တာမျိုး မဖြစ်နိုင်တော့ပါဘူး။. #နီတိုးလေးမေမေ
⭐️မိခင်နို့အထွက်များအောင် နို့တိုက်မိခင်ဟာ အာဟာရစုံအောင် စားသင့်ပါတယ်။ အသား၊ငါး၊ အစိမ်းရောင် အရွက်ဖားဖား၊ စွပ်ပြုတ်ဟင်းရည်တွေကို စားသုံးသင့်ပါတယ်။ အသီးအနှံ နဲ့ အရည်များများလည်း သောက်ရပါမယ်။ရေများများလည်း
⭐️နို့တိုက်မိခင်ဟာ မူးယစ်ဆေးဝါး၊ အရက် စတာတွေကိုတော့ လုံးဝ ရှောင်ကြဉ် သင့်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် တစ်နေ့ကို တစ်ခွက်လောက် သောက်တာဟာ ဘာမှမဖြစ်နိုင်ပေမယ့် ကဖိန်းများလွန်းရင်တော့ ကလေး မအိပ်တာ၊ မအီမသာဂျီကျတာ တာတွေ ဖြစ်စေနိုင်ပါတယ်။ ကဖိန်းဟာ ကော်ဖီ၊ လက်ဖက်ရည်တွေမှာပဲ ပါတာ မဟုတ်ဘူးဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ တချို့်အအေးဘူးတွေမှာ ပါပါတယ်။ လက်ဖက်မှာ ပါပါတယ်။ ဒါကြောင့် သတိထားချင့်ချိန်စားသင့်ပါတ
ဟင်းသီးဟင်းရွက်တွေ ဖြစ်တဲ့ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ သခွားသီး စတာတွေဟာ လေပွသော အစာများဖြစ်လို့ ကလေး လေခံတာ မဖြစ်စေရန် ရှောင်သင့်ပါတယ်။ ကိုယ်စားလိုက်လို့ ကလေးဟာ လေထုတ်ရခက်ခဲမယ်… လေချဉ်တွေ နဂိုကထက် တက်မယ်… မအီမသာဂျီကျမယ် ဆိုရင် ဒီလို အစားအစာကို ရှောင်လိုက်တာကောင်းပါတယ်။ ကလေး အစာအိမ် ပိုမို ဖွံ့ဖြိုးလာတဲ့ လအနည်းငယ်ကြီးလာရင်တော့ ပြန်စားနိုင်ပါပြီ။
မိခင်နို့ဟာ ရင်သွေးတို့အတွက် အကျိုးများလှတာ အားလုံး သိပြီးသားပါ။ အကျိုးရှိသလို ခက်ခဲပင်ပန်းတဲ့ အလုပ်လည်းဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရောပေါင်း
မေတ္တာဖြင့်
ယုငယ်
၂၀/၇/၂၀၁၇