အမဲသားပေါင်း Steamed Beef & Carrot with Red Onion, Ginger, Garlic, and Cinnamon (8months+)
|၂၀၁၆ခုနှစ် စက်တင်ဘာလထုတ် ဥာဏ်ကြီးရှင်မဂ္ဂဇင်းမှာပါသေ
*အမဲသားပေါင်းအတွက်
အမဲသား (I use australia beef stew) – ၅ကျပ်သား
မုန်လာဥနီ – တစ်ချောင်း
ကြက်သွန်နီ – တစ်လုံး
ကြက်သွန်ဖြူ – ၁မြွှာကြီးကြီး
ကြက်ဥ (အနှစ်၈လ။ အကာ ၁နှစ်) – တစ်လုံး
ဂျင်း (၈လ) – ပါပါး၁ကွင်း
သစ်ကြံပိုးမှုန့် (၈လ) – အနည်းငယ် လိုအပ်ပါတယ်။
အမဲသားကို နူးညံ့တာလေး ရွေးဝယ်ပါ။ Grass feed မြက်စားပြီး ကြီးထွားဟော်မုန်းဆေးများ မထိုးထားသော နူးညံ့တဲ့အသား အကောင်းဆုံးပါ။ ဝါးရလွယ်ပြီး ခဏလေးနဲ့ ကျက်ပါတယ်။ အချို့ကလေးများက ၇လလောက်မှာ အမဲသား မစားပါ။ မစားလျင် ကြက်သားကျွေးပါ။ အသားသိပ်မစားချင်သော ကလေးငယ်များအတွက် ကျွန်မပုံမှာပြထားသလောက် အသားမထည့်ဘဲ အသားအနည်းငယ်ပဲထည့်ပြီး မိတ်ဆက်ကျွေးမွေးပေးပါ။
ပြင်ဆင်ဖို့အတွက် အသားကို ကြိတ်စက်နဲ့ကြိတ်။ ဒါမှမဟုတ် ဓားနဲ့ နုပ်နုပ်စင်းပါ။
မုန်လာဥနီကို အခွံနွှာပြီး ခြစ်နဲ့ ခြစ်ထားပါ။
ကြက်သွန်ဖြူ ကြက်သွန်နီ နုပ်နုပ်စင်းပါ။
ဂျင်းအား ထောင်းထားပါ။
ကြက်ဥ ခလောက်ထားပါ။ တစ်နှစ်အောက် ကလေးအတွက် အနှစ်ပဲသုံးပါ။
အဖုံးပါသော ကြွေအုပ်ထဲ ခုနပြင်ထားေ်သာ အသား ၊ ဆားနုနု အနည်းငယ် ၊ မုန်လာဥနီ ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ ကြက်ဥနှင့် သစ်ကြံပိုးမှုန့်နည်းနည်းနဲ့
ပေါင်းအိုး ဒါမှမဟုတ် ဒယ်အိုးထဲ ရေထည့်။ ကြွေအုပ်ကိုအဖုံးအုပ်ထည့်ပြ
*******
Baby Spinach and Egg Tofu Soup
ဟင်းချိုအတွက်
Organic Baby Spinach (7months) -လက်တစ်ဆုပ်စာ
တို့ဟူး (၈လ) – လက်တစ်လုံးခန့်
ကြက်ပြုတ်ရည် – ဟင်းချိုတစ်ပန်းကန်လုံး
ကြက်သွန်ဖြူ – ၁မြွှာ
ဆားနုနုနှင့် ငရုတ်ကောင်းမှုန့် (၁နှစ်) – အနည်းငယ် လိုအပ်ပါတယ်။
ကြက်ပြုတ်ရည်ကို ကြက်သွန်ဖြူ၁မြွှာထည့်ပြီး ဆူအောင်တည်ပါ။ ဆူလာလျင် တို့်ဟူး အနေတော်တုံးထားတာလေးတွေ ထည့်ပါ။ ၂မိနစ်ခန့်အကြာ အနေတော်ဖြတ်ထားသော အရွက်များခပ်ပေးပါ။ ၁မိနစ်ခန့်အကြာ
အရွက်လေးနူးလာလျင် မီးပိတ်နိုင်ပါပြီ။ ငရုတ်ကောင်းလေးခပ်ပြီး သုံးဆောင်ပါ။ လိုအပ်လျင် ဆားနည်းနည်းလေး ထည့်ပါ။ ပြန်နွှေး၍ စားရန်မသင့်လျော်သော အရွက်နှင့် ဟင်းချိုဖြစ်တာကြောင့် စားကာနီးမှ ချက်ပါ။
^^Baby Spinach အရွက်အစား မြန်မာဟင်းနုနယ်အရွက် အသုံးပြုနိုင်ပါတယ်။ ဟင်းနုနယ်ရွက်ရော baby spinachအရွက်ရော နှစ်မျိုးလုံးဟာ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများသော အရွက်များဖြစ်လို့ organic သုံးတာ ကောင်းပါတယ်။ organic မရလျင်လည်း ရှာလကာရည်တစ်ဆ ရေသုံးဆဖြင့် ၁၅မိနစ်ခန့်စိမ်ပြီး ဆေးကြောသန့်စင်ပေးပါ။
Silken Tofu တို့ဟူးပျော့ပျော့လေးတွေကို
သားသား မီးမီးတို့ စားမြိန်ကြပါစေရှင်။
မေတ္တာဖြင့်
လင်းလက်ကြယ်စင်