ကြက်ဥပူတင်း (8 months+)
|ကျွန်မရဲ့ စာမျက်နှာမှာ ကြက်ဥပေါင်းနည်းမျိုးစုံ ရေးပေးဖူးပါတယ်။ အချိုပွဲတွေဖြစ်တဲ့ ကန်စွန်းဥပူတင်း ၊ ရွှေဖရုံသီးပူတင်း ၊ ငှက်ပျောသီးပူတင်း လုပ်နည်းတွေနဲ့ ဒီနည်း အတူတူပါပဲ။ ဟင်းအနေနဲ့ ကျွေးသော ကြက်ဥနှင့် အသီးအရွက်ပေါင်းနည်းတွေလည်း
ကြက်ဥပူတင်းက မေမေတိုင်း လုပ်တတ်တဲ့ လွယ်ကူမြန်ဆန်သော မုန့်လေးပါ။ မနက်စာ ၊ အဆာပြေစာ နှစ်သက်သလို ကျွေးနိုင်ပါတယ်။ သမီးလေးကြိုက်လို့ အခုထိကျွေးပါတယ်။ သကြားနှင့် အခြားအချိုများ မထည့်ပါ။ အသီးအနှံ ထည့်လိုသူများ ငှက်ပျောသီး ခြေပြီးထည့်နိုင်သလို ကန်စွန်းဥနှင့် ရွှေဖရုံသီးများ ပြုတ်/ပေါင်းပြီး ကြိတ်၍ ထည့်နိုင်ပါတယ်။
ကြက်ဥပူတင်းအတွက်
– ကြက်ဥ ၂လုံး (အနှစ် ၈လ။ အကာ ၁နှစ်)
– နို့မှုန့် or နွားနို့ 150ml (နွားနို့ကို ကလေး၁နှစ်ကျော်မှ သုံးပါ)
– မငံသော ထောပတ် (unsalted butter) 10g
လိုအပ်ပါတယ်။
ကြက်ဥကို ရေဆေးပြီး ခလောက်ထားပါ။ ဆန်ကာလေးထဲမှာ ကြက်ဥအရည်များအား စစ်ပါ။ ဆန်ကာထဲမှာ ကျန်ရစ်သော ခပ်ချွဲချွဲအရည်များအား သွန်ပစ်ပါ။ စစ်ထားသော ကြက်ဥများအား နို့နှင့်ရော၍ ခလောက်ပါ။ ပေါင်းမည့် ကြွေပန်းကန်လုံးအောက်ခြေမှာ
Rice cooker အပေါ်မှ ပေါင်းသော ဆန်ကာလေးထဲမှာ ပေါင်းလို့လည်း ရပါတယ်။ မုန့်သားအား ဓားလေးဖြင့် ထိုးပြီး ကျက် မကျက် ကြည့်ပါ။
ပျော့ပျော့အိအိ ကြက်ဥပူတင်းလေးကို သုံးဆောင်နိုင်ပါပြီ။
မေတ္တာဖြင့်
လင်းလက်ကြယ်စင် (ဆုလေးမေမေ)