Cheese
|ကလေးတွေကို ၆လမှ ၉လအတွင်း cheese ကျွေးလို့ရကြောင်း စာထဲမှာ ဖတ်ရပါတယ်။ အဆာပြေမုန့်အနေနဲ့ ကျွေးလို့ရသလို အစားအသောက်ထဲ ထည့်ကျွေးနိုင်ပါတယ်။ တစ်နှစ်အောက် ကလေးများကို အငံများတာတွေ မကျွေးချင်လို့ အရသာပျော့တာလေးတွေပဲ ကျွေးခဲ့ပါတယ်။ ကျွန်မရဲ့သမီးလေးကို ၈လဝန်းကျင်လောက်မှ mild cheddar cheese နဲ့ cottage cheese လေး ကျွေးခဲ့ပါတယ်။ cream cheese (light) တြိဂံပုံ အတုံးလေးတွေကို cream soup ချက်တဲ့အခါ ထည့်သုံးခဲ့ပါတယ်။ ချိစ်သုံးရင် light အမျိုးအစားတွေကို ကျွန်မပိုသဘောကျတယ်။ သိပ်မငံသလို အရသာသိပ်မပြင်းပါ။ calcium, protein လည်း ပုံမှန်ချိစ်တွေနဲ့ မကွာပါ။
cheese နဲ့ ပတ်သတ်ရင် မိခင်တွေ တစ်ယောက်နဲ့တစ်ယောက် တွေးပုံ မတူကြလို့ မိမိသဘောအတိုင်းပဲ ဆုံးဖြတ်ပါ။ ကျွန်မကို မေးကြသူများအတွက် ကျွန်မသုံးသော တံဆိပ်နဲ့အမျိုးအစားလေးတွေ
– Organic Valley Mild Cheddar Cheese
– Bulla Cottage Cheese
– Mundella Cottage Cheese
– Arla Kids Cheese Sticks
– The Laughing Cow Belcube
– The Laughing Cow Light Cheese
– The Laughing Cow Creamy and Milky (light cheese မတွေ့မှ ဒီချိစ်ရိုးရိုးဝယ်တယ်။ အရသာရောတာတွေ လုံးဝမဝယ်ပါ)