လူတစ်ယောက်ရဲ့ဘဝအောင်မြင်မူ ကျေနပ်မူအတွက် သူနှင့်သူ့မိဘဆက်ဆံရေးက အများကြီးလွှမ်းမိုးမူရှိပါတယ် အထူးသဖြင့်သမီးနှင့်အမေကြားက ဆက်ဆံရေးပါ တချို့တွေမှာအသက်ကြီးလာတာနှင့် ကိုယ်ဘဝနှင့်ကိုယ်ဖြစ်လာပြီး ကိုယ့်အမေနှင့်အတူမနေနိုင်တာတို့ ကိုယ့်ဘဝမှာဘာလုပ်နေတယ် ဘာဖြစ်နေတယ်ဆိုတာအမေမသိအောင် ဖုံးထားတို့ရှိလာပါတယ် အခြေအနေအရမ်းဆိုးတဲ့သူတွေဆို လုံးဝစကားမပြောတော့ပါဘူး ဒါတွေက အသက်ကြီးလာမှ ဖြစ်တဲ့အဖြစ်အပျက်တခုတည်းကြောင့်မဟုတ်ပါဘူး ဘဝတလျှောက်လုံးအမေနှင့်သမီးရဲ့ဆက်ဆံရေး အထူးသဖြင့်အမေရဲ့သမီးအပေါ်ဘယ်လိုပြုမူဆက်ဆံလည်းအပေါ်မူတည်ပါတယ်
ဒီလိုအမေနှင့်သမီးကြားထဲကအဆင်မပြေမူတွေကိုဘယ်လိုအပြုအမူအဖြစ်အပျက်တွေကနေ စခဲ့တာလဲ ကိုယ့်အလှည့်ကျရင်ရော ဘယ်လိုသတိထားမလဲ ကိုယ့်ဘယ်လိုကြီးပြင်းခဲ့သလဲဆိုတာက ကိုယ့်ကလေးကို ကိုယ်ဘယ်လိုပြုစုပျိုးထောင်မလဲအပေါ် အများကြီးသက်ရောက်မူရှိပါတယ်
1. စိတ်ဝင်တစားဂရုတစိုက်မရှိတာ
ငယ်ငယ်ကတည်းကကိုယ့်သမီးစာမေးပွဲအောင်တာ တော်လို့ဆုရတာတွေကိုသူ့အတွက်အရေးမကြီးသလိုနေတယ်ဘာမှမပြောဘူး အသိအမှတ်မပြုဘူး အဲလိုအမေကမွေးလာတဲ့ သမီးတွေက ကိုယ့်စိတ်ခံစားချက်ကိုနားမလည်တက်ဘူး သူများအခွင့်အရေးယူတာခံရနိုင်တယ် ကိုယ့်ကိုကိုယ့်အရေးပါတဲ့သူလို့မထင်ဘူး တချိန်လုံးသူများရဲ့ အချစ်နှင့်ဂရုစိုက်မူကိုလိုချင်ပေမယ့်ရလာရင်လည်း သူတို့နှင့် ထိုက်တန်တယ်လို့ မထင်ကြဘူး
အဲလိုအမေတွေက ကလေးဘာပြောပြောမကြားသလိုပဲနေတယ် ကလေးကဗိုက်မဆာဘူးပြောလဲ အတင်းမုန့်တွေထည့်ကျွေးတယ် ကလေးကိုကျောင်းပိတ်ရက်မှာဘာလုပ်ချင်လဲမေးတယ် ပြီးတော့ကလေးပြောတာ မလုပ်ပေးပဲ ကလေးကိုဘာကြောင့်ကလေးလုပ်ချင်တာမလုပ်ရဘူးဆိုမပြောဘူး သူကောင်းတယ်ထင်တာတွေလုပ်ဖို့စီစဉ်မယ် အဝတ်အစားဆိုလည်းအတူတူပဲ ကလေးဘာကြိုက်တယ် ဘာခံစားနေရတယ်ဆိုတာဘယ်တော့မှမမေးဘူး တချို့ကဆိုကလေးပြောတာမှန်သမျှရဲ့ ဆန့်ကျင်ဘက် အကုန်လုပ်ပေးလိမ့်မယ်
ကလေးတွေရဲ့ဦးနှောက်က မွေးကတည်းကအမေဆီကနေ ဂရုစိုက်မူသူတို့လိုအပ်ချက်တွေကို တောင်းဆိုဖို့ပရိုဂရမ်ရေးထားတာပါ အမေကနေ အဲဒါတွေကို မသိသလိုမတုံပြန့်တဲ့အတွက် ကလေးရဲ့ဦးနှောက်က တောင်းဆိုချက်တွေ ပျောက်ကွယ်မသွားပါဘူး ပိုဆိုးလာပါတယ် ငါ့အမေက ငါကိုဘာလို့မချစ်တာလဲ ဘာလို့ဂရုမစိုက်တာလဲ ငါ စာမေးပွဲမှာ အမှတ်ပိုကောင်းရင် ငါအမေကငါကိုပိုဂရုစိုက်လာနိုင်တယ် ကလေးစိတ်ထဲဒါတွေဖြစ်လာပါတယ်
2. ထိန်းချုပ်မူများခြင်း
ကလေးကို အရမ်းထိန်းချုပ်မူများတာကလည်း ဂရုမစိုက်တဲ့အမေနှင့်အတူတူပါပဲ ကလေးရဲ့စိတ်ခံစားချက်ကို အလေးမထားတာပါ အဲလိုအမေတွေက ကလေးရဲ့နေ့စဉ်ဘဝကိုအသေးစိတ်လိုက်ပြောမယ်လိုက်ထိန်းချုပ်မယ် ကလေးကြိုက်တာကလေးရဲ့စိတ်ခံစားချက်ဆုံးဖြတ်ချက်မှန်သမျှကို အသိအမှတ်မပြုပဲ ကလေးကောင်းဖို့ဆိုပြီးသူအကုန်ဝင်ပါပါလိမ့်မယ်
အဲလိုလုပ်ခြင်းဖြင့်ကလေးကို ကိုယ့်ဘဝအတွက်ကိုယ်မဆုံးဖြတ်နိုင်ဘူးမယုံကြည်ရဘူး ကလေးမှာအရည်အချင်းမရှိဘူး အမေမရှိရင်ဘာမှမလုပ်နိုင်ဘူးဆိုတာ သင်ပေးသလိုဖြစ်သွားပါမယ်
3. နွေးထွေးကြင်နာမူမရှိခြင်း
ကိုယ့်မောင်နှမတွေထဲမှာ ကိုယ့်တစ်ယောက်တည်းကိုမှရွေးပြီးနွေးထွေးကြင်နာမူမရှိတဲ့ အမေတွေလည်းရှိပါတယ် ဒါပေမယ့် evolution အရ ကလေးတိုင်းကသူတို့ရဲ့ရှင်သန်မူအတွက် အမေပေါ်ကိုစိတ်ခံစားချက်အပါအဝင်အကုန်လုံးမှီခိုနေရရတာပါ အမေရဲ့ကြင်နာနွေးထွေးမူကိုလည်းလိုအပ်နေတာပါ
အဲလိုအမေကကလေးအပေါ်ကိုမကောင်းတာတော့မလုပ်ပါဘူး ဒါပေမယ့် ကလေးကိုကြင်ကြင်နာနာနွေးနွေးထွေးထွေးမရှိဘူး ဥပမာ ကလေးကိုဖက်တာနမ်းတာမရှိဘူး ချစ်ခင်တဲ့အမူအယာမပြဘူး ကလေးစိတ်ညစ်နေရင်ငိုနေရင်ကြင်နာတဲ့တုံ့ပြန်မူမရှိဘူး
အဲဒါက ကလေးကိုစွန့်ပစ်လိုက်တာနှင့်အတူတူပါပဲ ကလေးရဲ့စိတ်ထဲမှာအနာဖြစ်သွားပါတယ် သမီးတစ်ယောက်က ပြောပြထားတာ သူ့အသက်လေးနှစ်မှာ မိဘတွေကွဲတော့ သူကအမေနှင့်နေခဲ့ပြီး သူ့အသက်ခြောက်နှစ်ရောက်တဲ့အခါ အမေကသူကိုအဖေနှင့်သွားနေခိုင်းပါတယ်တဲ့ အဲအချိန်မှာသူ့အဖေကနောက်အိမ်ထောင်ပြုပြီး ကလေးတယောက်ထပ်ရနေပါပြီ သူကိုသူ့အမေကဘာလို့ပေးပစ်တာလဲ ခေါ်မထားတာလဲဆိုတာကို သူ့နားမလည်နိုင်ဘူးတဲ့ အဲကတည်းကစပြီးသူဘဝမှာအမေကသာဖြည့်ပေးနိုင်တဲ့ ကွက်လပ်တခု ဖြစ်လာပါတယ်တဲ့
အဲလိုအမေရဲ့အပစ်ပယ်ခံရတဲ့ကလေးတွေထဲမှာ တချို့ကကံကောင်းပြီး တခြားမိသားစုဝင်တွေကနေသူတို့ရဲ့လိုအပ်ချက်ကိုဝင်ဖြည့်သွားပါတယ် ဒါပေမယ့်ကလေးမှာဖြစ်သွားတဲ့ဒဏ်ရာကို အမေကလွဲပြီးဘယ်သူ့မှပျောက်အောင်မလုပ်နိုင်ပါဘူး အဲကလေးတွေကြီးလာတဲ့အခါ အချစ်ရေးအိမ်ထောင်ရေးမှာ သူများကိုအရမ်းမှီခိုတာ မသင့်တော်တဲ့သူကို ရွေးချယ်တာ တချိန်လုံးသူများရဲ့သဘောတူချက်လိုက်ရှာနေတာတွေ ဖြစ်နိုင်ပါတယ်
4. အလွန်အကျွံပါဝင်မူများခြင်း
ဒါကတော့ ဂရုမစိုက်တဲ့အမေနှင့်ဆန့်ကျင့်ဘက်ပါ ကလေးကိုဂရုစိုက်ပါတယ် ဒါပေမယ့်ကလေးဘဝနှင့်သူ့ဘဝကို စည်းခြားမထားပါဘူး ကိုယ့်ကလေးကိုချစ်တယ်ဆိုတာ မိဘတစ်ယောက်အနေနှင့် အမေအနေနှင့်ပေးဆပ်ခြင်းနှင့် ချစ်ရတာပါ ကိုယ့်အကျိုးအတွက်ဆိုတဲ့မျှော်လင့်ချက်မထားရပါဘူး
ကလေးကိုကိုယ့်အောင်မြင်မူအတွက်အသုံးချစရာတခုလိုမလုပ်ရပါဘူး တီဗွီဇတ်လမ်းတချို့မှာအဲလိုအမေတွေတော်တော်များများတွေ့ရပါတယ် ကလေးမလုပ်ချင်တာကို ကလေးအရွယ်နှင့်မလိုက်တာတွေကို အတင်းအကျပ်ခိုင်းတာပါ ဂရုစိုက်မခံရတဲ့ကလေးတွေလိုပါပဲ ဒီလိုအမေဆီကလည်း ကလေးရဲ့လိုချင်တာဖြစ်ချင်တာစိတ်ခံစားချက်ကိုအသိအမှတ်ပြုမူမပေးပါဘူး
5. မရရအနိုင်ယူတက်ခြင်း
ဒါကတော့ကိုယ်လိုချင်တာမရရအောင်ကလေးကို နည်းအမျိုးမျိုးနှင့်အနိုင်ယူတက်တဲ့အမေတွေပါ ဒီလိုအမေတွေက သူတို့အဲလိုလုပ်တာဘယ်တော့မှ မဝန်ခံပါဘူး လူအများရှေ့မှာလည်း အဲလိုအပြုအမူတွေ မလုပ်ပါဘူး ဒါပေမယ့် ကလေးကိုအပြစ်တင်မယ် စိတ်ဒဏ်ရာရအောင်လုပ်မယ် နင့်ကြောင့်ဆိုတဲ့စကားသုံးမယ် ကလေးမှာတာဝန်ရှိတယ်လို့ခံစားရအောင်ပြောပြီး နည်းအမျိုးမျိုးသုံးကာ သူလိုချင်တာရအောင်ပြောပါမယ်
6. မယုံကြည်ရခြင်း
အဲဒါကကလေးအတွက် အဆိုးဝါးဆုံးခံစားချက်ပါ အဲလိုအမေက တခြားနေရာတွေကောင်းချင်ကောင်းမယ် ဒါပေမယ့် ကိုယ်ပေးထားတဲ့စကားတခွန်း ဂတိတခုကို အမြဲမေ့ပါတယ် ကလေးမှာအမေလာကြိုမယ်ပြောလို့စောင့်နေရပေမယ့် အမေလာမလာသူသေချာမသိပါဘူး ကလေးတွေရဲ့အပြင်လောကကိုအမြင်ခံစားချက် ယုံကြည်ချက်တွေက အမေနှင့်ဆက်ဆံရေးကနေလာတာပါ အဲလိုကလေးတွေက တခုခုလုပ်တိုင်း တချိန်လုံးစိုးရိမ်နေတက်ပါတယ် ဘယ်သူကိုမှ မယုံတက်တော့ပါဘူး
နောက်တခုက အမျိုးမျိုးပြောင်းနေတဲ့အမေတွေပါ ဒီနေ့ကလေးကိုမကောင်းပြောမယ်ဆူတယ် ဘာလုပ်လုပ်စိတ်တိုင်းမကျဘူး နောက်နေ့ကျကလေးပြောနေတာကို နားမထောင်ဘူး ဒါပေမယ့်လူတွေရှေ့ကျတော့မှ ကလေးကို ကောင်းကောင်းဆက်ဆံတယ် အဲလိုကလေးတွေက သူတို့ဘာလုပ်လို့အဲလိုဖြစ်မှန်းမသိပါဘူး ပတ်ဝန်းကျင်လောကကြီးနှင့်လူတွေကို ယုံကြည်မူနည်းလာပါတယ် ကိုယ်ဖာသာကိုယ်လည်း ယုံကြည်မူမရှိပါဘူး
7. ကိုယ့်ဖာသာပဲချစ်တက်ခြင်း
တကိုယ်ကောင်းဆန်တယ်လို့လည်းပြောလို့ရပါတယ် အဲလိုအမေတွေက ကလေးကို သူရဲ့ပိုင်ဆိုင်မူတခုအနေနှင့်သဘောထားကြတယ် ကလေးရဲ့ပတ်ဝန်းကျင်ကိုလည်းသူလိုချင်သလို ဖြစ်ချင်သလိုဖန်တီးထားလိမ့်မယ် ကလေးဖြစ်ချင်တာကို အရေးမထားဘူး သူများရဲ့ အမြင်သဘောထားတွေက သူ့အတွက်ပိုအရေးကြီးပါတယ်
သူနှင့်ကလေးကြားက ဆက်ဆံရေးက လူတွေ အထင်ကြီးဖို့ သူကြည့်ကောင်းဖို့သတ်သတ်ပါပဲ အဲလိုအမေတွေကများသောအားဖြင့် စကားပြောကောင်းမယ် အိမ်ကိုဂရုတစိုက်ထားမယ် အလုပ်အကိုင်ကောင်းကောင်းရှိနိုင်ပါတယ် သပ်သပ်ရပ်ရပ်ဝတ်စားမယ် ဒါပေမယ့်ဒါတွေက လူတွေသူကို အထင်ကြီးစေဖို့ပါပဲ ကလေးကလည်းသူအတွက်တော့ လူကြည့်ကောင်းတဲ့အဆောင်အယောင်တခုပါပဲ
8. ပြောင်းပြန်နေရာယူရခြင်း
ဒါကတော့ အကြောင်းအမျိုးမျိုးကြောင့် ကလေးကသူ့အရွယ်နှင့်မလိုက်အောင်တာဝန်ယူရတာပါ အမေက သူ့တာဝန်မလုပ်နိုင်လို့ ကလေးကငယ်ငယ်ကတည်းက အမေတစ်ယောက်လုပ်ရမယ့်အလုပ်တွေကို လုပ်ပေးရတာပါ ကိုယ့်အောက်က အငယ်တွေကိုထိန်းပေးရမယ်အိမ်အလုပ်တွေလုပ်ရမယ် မိသားစုစားဝတ်နေရေးအတွက်အလုပ်လုပ်ရမယ် ကလေးတစ်ယောက်အနေနှင့်အမေဆီကနေဂရုတစိုက်နွေးထွေးမူနှင့်မကြီးပြင်းရဘူး ကြီးလာတော့လည်း အမေကသိပ်ပြီးကြင်နာနွေးထွေးမူမပေးဘူး
များသောအားဖြင့် မိသားစုများတဲ့ကလေးအကြီးဆုံးတွေမှာဖြစ်တက်ပါတယ် ကလေးအနေနှင့်အမေကိုကူပေးတယ် သိတက်တယ်လို့နာမည်ကောင်းရနိုင်ပါတယ် ဒါပေမယ့် သူ့မှာကလေးဘဝ မရှိတော့ပါဘူး ဆင်းရဲပြီးကလေးများတဲ့မိသားစု အမေကအရက်ဆေးစွဲနေတဲ့မိသားစုတွေမှာ အဲလိုအခြေအနေတွေဖြစ်တက်ပါတယ် အဲလိုအမေတွေကကလေးကိုချစ်နိုင်ပေမယ့် ကလေးရဲ့လိုအပ်ချက်တွေကိုဖြည့်ပေးနိုင်တဲ့ စွမ်းရည်မရှိပါဘူးအပေါ်က အချက်တွေနှင့်ယှဉ်ရင်ဒါက နားလည်ပေးလို့ရပါသေးတယ်
လူတိုင်းပြောကြယုံကြည်ကြတဲ့ မိခင်တိုင်းကကိုယ်မွေးတဲ့သားသမီးကိုချစ်တယ်ဆိုတာ မဟုတ်ပါဘူးတဲ့ ပြောင်းပြန်ပါ ကလေးတိုင်းကကိုယ့်အမေကိုချစ်ကြတာပါ evolution အရ ကလေးတွေကသူတို့ဘဝရှင်သန်ရေးအတွက် အမေကိုလုံးဝမှီခိုရတာမို့သူတို့ဦးနှောက်က အမေကိုချစ်ဖို့ မွေးကတည်းက ပရိုဂရမ်ရေးထားတာပါ ကိုယ့်ကိုကြင်နာချစ်ခင်တဲ့အမေရှိတဲ့သူဆိုတာ အရမ်းကံကောင်းပါတယ် လူတွေရဲ့တဝက်ကျော်လောက်ကပဲ အဲလိုကံကောင်းကြပါတယ် ကလေးတိုင်းကံကောင်းနိုင်ကြပါစေ