Salmon with Silken Tofu, Carrot, Broccoli, and Quail Egg Porridge (ဆယ်လ်မွန်ငါးနှင့် အသီးအရွက်များဆန်ပြုတ်) <7-8 months+>
|အပြင်သွားစရာရှိတဲ့ရက်တွေမှ
နှစ်သက်ရာဆန်
ဆယ်လ်မွန်ငါး [၇လ] ပန်းပွင့်စိမ်း [၇လ/၈လ] ဥနီ [၆လ] တို့ဟူးပျော့ (silken tofu) – [၈လ] ငုံးဥ /ကြက်ဥအနှစ် – ၈လ
ငုံးဥ /ကြက်ဥတစ်လုံးလုံး – ၁နှစ်
ဆား (၁နှစ်)
*ပြုလုပ်ပုံ*
-> ဆန်ကို ကြက်ပြုတ်ရည်နဲ့ ရေရောပြီး ပြုတ်ထားပါတယ်။
-> ဥနီပါးပါးလှီးပြီး ဒါမှမဟုတ် အချောင်းလိုက်
ပေါင်းအိုးထဲမှာ ၁၀မိနစ်ခန့်
ပေါင်းပါ။ အချောင်းလိုက်ပေါင်းရင် ကျက်တဲ့အခါ သေးသေးပြန်တုံးပေးရပါမယ်။
-> တို့ဟူးပျော့ကို သေးသေးတုံး ၊ ပန်းပွင့်စိမ်းကို အခက်လေးတွေခြွေပြီး ၆မိနစ်ခန့်ပေါင်းပါ။ ဆယ်လ်မွန်ငါးကို တစ်နှစ်ကျော်ရင် ဆားနဲ့ငရုတ်ကောင်းနယ်ပြီး ဂျင်း ကြက်သွန်ဖြူများဖြင့် ပေါင်းအိုးထဲမှာပေါင်းပါ။ တစ်နှစ်အောက်ကလေးဆိုရင် ဆားနဲ့ ငရုတ်ကောင်း မနယ်ဘဲ ငါးအတုံးလိုက်ကို ဂျင်း ကြက်သွန်ဖြူနဲ့ပဲ ပေါင်းပါ။
-> ဆန်ပြုတ်နူးလာရင် ဥနီ ၊ ပန်းပွင့်စိမ်း ၊ တို့ဟူးပေါင်းတွေနဲ့ ဆန်ပြုတ်အိုးထဲမှာ ရောမွှေတယ်။ ငုံးဥခေါက်ထားတာ ဖြေးဖြေးချင်းလောင်းချပြီး မွှေတယ်။ ငုံးဥကျက်ပြီး အဖတ်လေးတွေတက်လာရင် မီးပိတ်လိုက်တယ်။ ပေါင်းထားတဲ့ ဆယ်လ်မွန်ငါးကို သေးသေးနွှာပြီး
ရောမွှေလိုက်တယ်။
-> ကြက်သွန်ဖြူကို သေးသေးစိပ်ပြီး ဆီနည်းနည်းနဲ့ ဆီချက်ချက်တယ်။ ဆန်ပြုတ်ထဲထည့်လိုက်တယ်။ တစ်နှစ်အထက် ကလေးများ ဆားနည်းနည်း ခပ်ပြီး စားနိုင်ပါတယ်။
မွှေးမွှေးချိုချို ဆယ်လ်မွန်ငါးဆန်ပြုတ်လေးပါ။
သားသား မီးမီးတို့ စားမြိန်ကြပါစေ။
မေတ္တာဖြင့်
လင်းလက်ကြယ်စင် (ဆုလေးမေမေ)