Simple Breakfast (1 year+)
|အပေါ်ဆုံးမှ အလျားလိုက်ကြည့်ပါ။ မုန့်မလုပ်နိုင်လို့ မနကိစာကျွေးတဲ့အခါ ဒီလိုကျွေးပါတယ်။ ခေါက်ဆွဲ ၊ ဖက်ထုတ် ၊ ကြာဆံ အခြားအစားများလည်း ကျွေးပါတယ်။ နွားနိုကို ကလေးက သိပ်မသောက်ပါ။ နည်းနည်းပဲ သောက်ပါတယ်။ မိခင်နို့ပဲစို့တော့ နွားနို့ သိပ်ကြိုက်ပုံမရ။ စိတ်ပါတဲ့နေ့ 70%လောက် သောက်ပါတယ်။ မသောက်လည်း စိတ်မပူပါနှင့်။ အခြားအစာများမှ calcium, protein များ ရပါတယ်။
တစ်နှစ်အောက် ကလေးများ peanut butter အစား ပန်းသီးယို applesauce သုံးပါ။ ကြက်ဥအနှစ် ကျွေးပါ။ နွားနို့အစား milk powder or မိခင်နို့သုံးပါ cheerioအစား oatmeal သုံးပါ။ တစ်နှစ်အောက်ကလေးက နည်းနည်းပဲစားနိုင်လို့ အများကြီးကျွေးရန် မလိုပါ။ puree လေးတွေ ကျွေးလို့လည်း ရပါတယ်။
1) ပန်းသီး ၊ ပေါင်မုန့် peanut butter သုတ်ပြီး အသဲပုံညှပ် ၊ ကြက်ဥပြုတ် ၊ နွားနို့
2) ငှက်ပျောသီး ၊ နွားနို့နှင့် whole grain oats cheeriosအရော ၊ အခွံမာသီးအမှုန့်များ ၊ ကြက်ဥပြုတ်
3) ပန်းသီး ၊ ကြက်ဥပြုတ် ၊ oats cheerio with milk
4) Omelette (ကြက်ဥ ခရမ်းချဉ်သီး ပင်စိမ်းရွက်အခြောက် မှို ထောပတ်ရောကြော်) ၊
ငှက်ပျောသီး ၊ နွားနို့်
5) ငှက်ပျောသီး ၊ oats cheerio with milk (အိပ်ယာထ နောက်ကျ သို့မဟုတ် ရိက္ခာကုန်တဲ့နေ့ အများကြီးမကျွေးဖြစ်)
6) ငှက်ပျောသီး ၊ ပေါင်မုန့် ထောပတ် သို့မဟုတ် peanut butter သုတ်ပြီး အသဲပုံညှပ် ၊ Greek Yogurt Plain full fat
*ကျွန်မ ၂နှစ်ကလေးကို ကျွေးဖို့ cheerio ကို သကြားနည်းနည်းလေးပါတဲ့ တံဆိပ် အတော်လေးရှာလိုက်ရပါတယ်။ 1g per serving ပဲ ရှိတဲ့ တံဆိပ် တွေ့ခဲ့ပါတယ်။ oatmeal ကို ငြီးငွေ့သွားလို့ အပြောင်းအလဲကျွေးပါတယ်။ သာမန် cheerio တံဆိပ်တွေက သကြားဆယ်ဆလောက် ပါပါတယ်။ သကြားနည်းသော တံဆိပ်ဓာတ်ပုံလိုချင်ရင် cbox မှ မေးပါနော်။ ကွန်မန့်မှာ မေးရင် မေးတဲ့သူနာမည်ကို နှိပ်ပြီး ဓာတ်ပုံပို့ရတာ ပေ့ခ်ျမှာ အခက်အခဲရှိပါတယ်။ cbox မှ စာပြန်ရတာ ပိုလွယ်လို့ပါ။*
မေတ္တာဖြင့်
လင်းလက်ကြယ်စင်
— with Lin Let Kyal Sin.