ကလေးခြေခွင်ခြင်းနဲ့ ဘယ်အချိန်မှာ စိတ်ပူသင့်သလဲ

ကလေးခြေခွင်တဲ့ကိစ္စပြောကြတာတွေ့လို့ အတိုချုံးပြောမယ်နော်။ ကုသသင့်တဲ့ ခြေခွင်ခြင်းဆိုတာ ဆေးပညာနာမည်ကတော့ clubfoot လို့ခေါ်တယ်။ ကုဖို့လိုတဲ့ ခြေခွင်တာက ခြေသလုံးရိုးခွင်တာကိုပြောတာမဟုတ်ဘဲ ခြေဖဝါးလေးနဲ့ခြေထောက်ကလေး ခွင်တာကိုပြောတာနော်။ ကလေးတစ်ထောင်မှာ ၂ယောက်၃ယောက် ဖြစ်တတ်တယ်။ ယောက်ျားလေးတွေက မိန်းကလေးတွေထက် နှစ်ဆဖြစ်နိုင်ချေများတယ်။

💥 ခြေဖနောင့်အရိုး သုံးခုမွေးရာပါ ချို့ယွင်းလို့ ဖြစ်တာဖြစ်တယ်။
💥 ဗိုက်ထဲမှာရှိတုန်းက ကလေးအနေအထားကြောင့်လည်း ဖြစ်တတ်တယ်။
💥 မျိုးရိုးလိုက်တတ်တယ်လို့ ပြောနိုင်တယ်။ ဥပမာ ပထမကလေးမှာ ဖြစ်ဖူးရင် နောက်ကလေးတွေဖြစ်နိုင်ချေများတယ်။
💥ဘယ်လိုသိနိုင်သလဲဆိုတာ အတိုချုံးပြောရရင်
☄️ ခြေဖနောင့်ကလေး တိုနေမယ်
☄️ ခြေဖျားကလေး အောက်ဘက်ကို စိုက်နေမယ်
☄️ ခြေဖဝါးကလေးက အတွင်းဘက်ကိုလှည့်နေမယ်
☄️ သိပ်ဆိုးတဲ့အခြေအနေဆိုရင် ခြေဖဝါးလေးက အပေါ်ကို လုံးဝလှည့်နေမယ်
Clubfoot ဟာ ကလေးအတွက် မနာကျင်စေပေမယ့် ဖြစ်မှန်းသိရင် ကုမှ သက်သာတယ်။ သူ့အလိုလိုပြန်ဖြောင့် မသွားဘူးနော်။ လမ်းလျှောက်တတ်စကလေးတွေ ခြေခွင်တာနဲ့ မတူဘူး။ clubfoot လို့ သံသယရှိရင် ကလေးဆရာဝန်ကို တိုင်ပင်ရမယ်။ ဗိုက်ထဲမှာကတည်းက ultrasound ရိုက်တဲ့အချိန်မှာလည်း တစ်ခါတလေသိနိုင်တယ်။ ကလေးမွေးပြီးမှဆိုရင်တော့ ဓါတ်မှန် ရိုက်ကြည့်ရင် ပိုသေချာတယ်။ ကုတာကတော့ လက်နဲ့ ပြင်တာ၊ ကျောက်ပါတ်တီးစည်းတာ၊ သူတို့အတွက် လုပ်ထားတဲ့ ဖိနပ်ကလေးတွေနဲ့ ပြင်တာတွေ လုပ်နိုင်တယ်။ အခြေအနေဆိုးတဲ့ကလေးတွေမှာတော့ ခွဲစိတ်ရတတ်တယ်။ သေချာပြောချင်တာက

♦️ကလေးတိုင်း (ရောဂါမရှိဘဲနဲ့) ပြင်စရာမလိုဘူး
♦️ clubfoot ရှိတဲ့ ကလေးဆိုရင် မပြင်ဘဲ သူ့အလိုလိုပြန်မတည့်သွားဘူး
♦️ရောဂါရှိတဲ့ကလေးဆိုရင် စောစောပြုပြင်လေ ကောင်းလေဖြစ်တယ်