ငါးအသားကြော်
|ငါးရံ ၂၅ကျပ်သား
ကြက်ဥ ၂လုံး ( ကြက်ဥ ၁လုံးအပြည့် နဲ့ အနှစ် ၁လုံးကို သုံးမှာပါ။ ကျန်တဲ့ ကြက်ဥအကာကို မသုံးပါဘူး။)
တန်ပူရာမှုန့် စားပွဲဇွန်း ၂ ဇွန်း
ပေါင်မုန့်ခြောက်(Bread Crumbs) စားပွဲဇွန်း ၁ဇွန်းခွဲ
ဆား အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
ဆီ ၂၀ကျပ်သားခန့်
ငါးရံကို သေချာဆေးကြောသန့်ရှင်းကာ ရေအနည်းငယ်ထည့်ပြီး ရေခမ်းအပြီး ငါးနူးတဲ့ထိပြုတ်ပါ။
အအေးခံထားပြီး အေးလာရင် အရိုးတွေထုတ်ပါ။
ငါးရံအသားတွေကို ကြက်ဥတစ်လုံး နဲ့ ကြက်ဥအနှစ်တစ်လုံး ထည့်ကာ နယ်ပါ။
ဆား တန်ပူရာမှုန့် ပေါင်မုန့်ခြောက် ငရုတ်ကောင်းထည့်ကာ သမအောင်နယ်ပါ။
ဆီကို မီးအရှိန်အလယ်အလတ်လောက်နဲ့တ
ဆီပူလာလျှင် ငါးအသားတွေကို ကြိုက်နှစ်သက်ရာ ပုံစံပြုလုပ်ပြီးကြော်ပါ။
ရဲရဲလေးဖြစ်လာလျှင် ဆယ်ကာ ဆီစစ်ထားပါ။
ရွရွလေးနဲ့ အရမ်းစားလို့ကောင်းလို့ ဘေဘီလေးတွေ အကြိုက်တွေ့မယ်ထင်ပါတယ်နော်
့