ပန်းသီးချိစ်ပေါင်မုန့်လိပ်ကြော်
|အိုးပူကပ်ရုံလေး ကြော်ထားတာပါ။
ဒီနေ့ ပန်းသီးအနှစ်ကလေး လုပ်ဖြစ်လို့ ကစ်လေးကို ပေါင်မုန့်နဲ့ ရိုးရိုးလေး လုပ်ကျွေးမယ်ပဲ စဉ်းစားထားတာပါ။
နောက်တော့ ချိစ်အပြားလေးတွေလည်းရှိတာန
မေမေတို့ ကိုယ်တိုင်လည်း စားကြည့်ပါနော်။
ပန်းသီး ၁လုံး
ပေါင်မုန့် ၃ချပ်
ချိစ်အပြား ၃ပြား
ကြက်ဥ ၁လုံး
ဆီ စားပွဲဇွန်း ၁ ဇွန်း
ဆား အနည်းငယ်
သကြား အနည်းငယ်
ပန်းသီးကို ရေဆေးကာ အခွံခွှာပြီး အတုံးလေးတွေတုံးကာ နူးအိလာအောင် ပေါင်းပါ။
ပန်းသီးနူးလာလျှင် ခရင်းနဲ့ ဖိကာခြေပါ။
ပေါင်မုန့်ဘေးသားတွေကို ညှပ်ကာ ဒလိမ့်တုံးနဲ့ ပြားပါ။
ပေါင်မုန့်ပေါ်မှာ ချိစ်အပြားတင်ပါ။ ပြီးမှ ပန်းသီးအနှစ် စားပွဲဇွန်း တဝက်လောက်ကို သုတ်လိုက်ပါ။
ပေါင်မုန့်ကိုလိပ်ပါ။ ပေါင်မုန့် ၃ချပ်လုံးလိပ်ပြီးရင် ကြက်ဥကို သကြား နဲ့ ဆားထည့်ကာ ခလောက်ပါ။
မကပ်တဲ့ဒယ်အပြားထဲမှာ ဆီကို ထည့်ကာ အိုးနှံ့သွားအောင် ဖြန့်လိုက်ပါ။
ပေါင်မုန့်တစ်လိပ်ချင်းစီကု
ဆီပူလာလျှင် ထည့်ကာကြော်ပါ။ တဖက်ကို ခဏစီပဲကြော်ပါ။ ထိပ်ဖက်တွေကိုပါ ကြက်ဥ ကျက်အောင်ကြော်ပါ။ မီးအရမ်းပြင်းရင် တူးသွားမှာပါ။ မီးအေးအေးလေးနဲ့ တစ်လိပ်လုံး ရွှေရောင်သမ်းလာအောင်ကြော်ပါ
ဆီများများ မီးပြင်းပြင်းနဲ့ ကြော်တာမဟုတ်လို့ ချိစ်တွေက အရည်ပျော်မှာမဟုတ်ပါဘူး။ အရင်က တင်ဖူးတဲ့ ချိစ်ပါင်မုန့်လိပ်ကြော်နဲ့