မုန့်ညှင်းကော်ရည်ဆမ်း

မုန့်ညှင်း ၃စီး
ဆား အနည်းငယ်

ပထမဆုံး ရေကို ဆူလာအောင် တည်ပါ။
မုန့်ညှင်းအပင်တွေကို အောက်ဖျားပိုင်းတွေ ဖြတ်ထုတ်ပါ။
ပြီးရင် ဆားထည့်ပြီး မုန့်ညှင်းတွေကို ၁ မိနစ်ခန့် ပြုတ်ပါ။
ပြီးလျှင် ရေအေးနဲ့ ပြန်ဆေးကာ ရေစစ်ထားပါ။
ပြောင်းကော်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆား အနည်းငယ်
ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း
ကြက်သွန်ဖြူ ၃မွှာ
နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ ၁၄၀mlပြောင်းကော်မှုန့် ဆား ပဲငံပြာရည်တွေကို ပန်းကန်တစ်ခုထဲထည့်ကာ ရေထည့်ကာ ဖျော်ပါ။
ကြက်သွန်ဖြူ ကို အခွံခွှာကာ နှုတ်နှုတ်စင်းထားပါ။
ဒယ်တစ်ခုကို အပူပေးပါ။ ပြီးလျှင် ကြက်သွန်ဖြူ ထည့်ကာ လှော်ပေးပါ။ အနံ့မွှေးလာရင် ရောဖျော်ထားတဲ့ ကော်ရည်တွေမွှေပေးပါ။
နည်းနည်းလေးပျစ်လာရင် နှမ်းဆီမွှေးထည့်ကာ မွှေပေးပြီး မီးဖိုပေါ်က ချပါ။

မုန့်ညှင်းတွေကို ပန်းကန်ထဲမှာ စီထည့်ကာ ကော်ရည်ပူပူလောင်းထည့်ပြီး လတ်လတ်ဆတ်ဆတ်သုံးဆောင်နိုင်ပါပြီ။