သားသားမီးမီးလေးတွေကို ဖျားနာစေတဲ့ အရာများ
|မေမေတို့ ပန်းလေးလို အရိပ်တကြည့်ကြည့် ကြည့်ရတဲ့ သားသားမီးမီးလေးတွေ ညှိုးနွမ်းနေတယ်ဆိုရင် မေမေတို့ စိတ်ကောင်းမှာ မဟုတ်ပါဘူး။
မေမေတို့ရေ သားသားမီးမီးလေးတွေ ဖျားနာရင် အရင်ဆုံး အကြီးအကျယ် စိတ်ညစ်ရတာ မေမေတွေပါပဲ။ မေမေတို့ ပန်းလေးလို အရိပ်တကြည့်ကြည့် ကြည့်ရတဲ့ သားသားမီးမီးလေးတွေ ညှိုးနွမ်းနေတယ်ဆိုရင် မေမေတို့ စိတ်ကောင်းမှာ မဟုတ်ပါဘူး။ ဒီတော့ သားသားမီးမီးလေးတွေ သွက်သွက်လက်လက် လန်းဆန်းတက်ကြွနေဖို့အတွက် ဖျားနာခြင်းတွေ မရှိဖို့ လိုပါတယ်။ သားသားမီးမီးလေးတွေကို ဖျားနာစေတဲ့ အကြောင်းအရင်းတွေ ရှာဖွေပြီး ကြိုတင် ကာကွယ်ထားမယ်ဆိုရင်တော့ ဖျားနာခြင်းတွေ ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။
မေမေတို့ အိမ်မှာ သာမိုမီတာလေး ဆောင်ထားဖို့တော့ လိုပါတယ်
ဒါမှ သားသားမီးမီးလေးရဲ့ကိုယ်အပူချိန်ကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် သိရှိနိုင်မှာပါ။ ကိုယ်ပူချိန်တက်တာက ပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်တဲ့အပြင် တခြားအကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လေပြွန်အထက်ပိုင်း ပိုးဝင်ခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ သွားပေါက်ခြင်း၊ နားထဲ ပိုးဝင်ခြင်း၊ အာသီးရောင်ခြင်း၊ ကျောက်ကပ် ဒါမှမဟုတ် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ရေကျောက်နဲ့ ကြက်ညှာချောင်းဆိုးတွေကြောင့် ဖျားနာပြီး ကိုယ်ပူတတ်ပါတယ်။ ကာကွယ်ဆေး ထိုးပြီးနောက်မှာလည်း ကိုယ်ပူချိန်တက်နိုင်ပါတယ်။ စောင်ထူထူ ခြုံခြင်း ဒါမှမဟုတ် အဝတ်ထူထူ ဝတ်ခြင်းကြောင့်လည်း ကိုယ်ပူနိုင်ပါတယ်။
(၃) လအရွယ်အောက် သားသားမီးမီးလေးတွေမှာ
အဖျား(၁၀၁) ဖြစ်နေခြင်း၊ (၃) လကနေ (၆) လကြားမှာ အဖျား (၁၀၂) ရှိနေတယ်ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်း အမြန် ပြပါ။ သားသားမီးမီးလေးတွေ ဖျားနေချိန်မှာ ငိုက်နေခြင်း၊ နုံးခွေခြင်း၊ ဇီဇာကြောင်လာခြင်း၊ တက်ခြင်း၊ အကွက်ထခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းတောင့်ခြင်း သို့မဟုတ် နားကိုက်ခြင်းတွေ ရှိလာရင်လည်း ဆရာဝန် ပြပါ။
မေမေတို့အနေနဲ့ ကိုယ်ပူလာတယ်ဆိုတာနဲ့ ကိုယ်ပူချိန်တိုင်းကြည့်ဖို့ ကြိုးစားပါ။ ကိုယ်ပူတိုင်းလည်း အရမ်းစိုးရိမ်ရမယ်တော့ မဟုတ်ပါဘူး။ တချို့မေမေတွေကတော့ ကိုယ်နည်းနည်းပဲ ပူတာဆိုရင် အိမ်တွင်းဆေးကုနည်းတွေနဲ့ ကုသတာလည်း ရှိပါတယ်။
From Kalay with