ဥနီသုတ်
|မုန်လာဥနီကို အခုနောက်ပိုင်းမှာ အကြီးကြီးတွေ့တွေ့လာတယ်။
နယ်မြို့တွေက ဈေးလေးတွေမှာပါ တွေ့တယ်။
အခုလည်း ကျွန်မက မုန်လာဥနီကို အကြီးကြီး ၁လုံးကို သုံးထားပါတယ်။
လူကြီးတွေချည်းပဲ စားမယ်ဆိုရင်တော့ ဒီအတိုင်းခြစ်နဲ့ ခြစ်စားရင် အဆင်ပြေပေမယ့် ကလေးအတွက်ကတော့ အဆင်မပြေလို့ ရေနွေးပွက်ပွက်ဆူမှာ ခဏစိမ်ထားပါတယ်။
ပြီးမှ ရေစစ်ပြီးသုတ်ပါတယ်။ဥနီ ၁လုံး
ကြက်သွန်နီ ၂လုံး ( ပါးပါးလှီးထားပါ။)
ခရမ်းချဉ်သီး ၂လုံး (အစေ့ထုတ်ကာ ပါးပါးလှီးပါ။)
မြေပဲဆံကြော် အနည်းငယ်
ဆီ ထမင်စားဇွန်း ၃ ဇွန်း
ဂေါ်ဖီထုပ် ၁ရွက် (မထည့်လည်းရ)
နနွင်းမှုန့် အနည်းငယ်
ဆား အနည်းငယ်
ပဲမှုန့်အကျက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သံပုရာသီး ၁စိတ်ပထမဆုံး ဥနီကို ရေဆေး အခွံခွှာကာ ခြစ်နဲ့ခြစ်ပါ။
ရေနွေးပွက်ပွက်ဆူမှာ ခဏစိမ်ထားပြီး ရေစစ်ထုတ်ကာ ရေခဲသေတ္တာထဲမှာ အေးသွားအောင် ခဏထည့်ထားပါ။

ဆီကို အပူပေးပါ။ဆီပူလာလျှင် နနွင်းမှုန့် ထည့်ပါ။ ကြက်သွန်နီထည့်ကာ ဆီသတ်ပါ။ မီးအရှိန်အေးအေးနဲ့ ကြော်ပါ။
ရွှေညိုရောင်ပြောင်းလာလျှင် မီးဖိုပေါ်မှချကာ ကြက်သွန်ဖတ်တွေကို ဆယ်ထုတ်ပါ။
ဂေါ်ဖီရွက်ကိုရေဆေးကာ ပါးပါးလှီးထားပါ။
ပန်းကန်တစ်ခုထဲမှာ ဥနီ ဂေါ်ဖီထုပ် ခရမ်းချဉ်သီး ဆား မြေပဲဆံကြော် ပဲမှုန့် ဆီထည့်ကာ သမအောင်မယ်ပါ။ သံပုရာသီးညှစ်ထည့်ကာ နယ်ပေးပါ။
အရသာ အပေါ့အငံအဆင်ပြေပြီဆိုရင်တေ