ဆောရီးပြောတာ ပိုချစ်လို့ပါ။ Say “Sorry” is much powerful than others.
|ကလေးတွေကို မိဘအနေနဲ့ အထင်မှားပြီး ဆူမိတာ ဒါမှမဟုတ် သူတကယ်လုပ်တာ မဟုတ်ဘဲ ကိုယ်ရဲ့ စိတ်ထင်၊ တခြားဆီက စိတ်အဟုန်ဒေါသတွေနဲ့ ကလေးကို ဆူမိတာမျိုးဆိုရင်” ဆောရီး” ပြန်ပြောသင့်ကောင်း နီတိုးမေမေ မနှစ်က ရေးဖူးပါတယ်။ ကိုယ်တိုင်လည်း ပြောပါတယ်။ ဒီလို ပြောဖို့ အကျင့်ရအောင်လည်း အားထုတ်ခဲ့ပါတယ်။ တကယ်တော့ ဆောရီးပြန်ပြောစရာ မလိုရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် နီတိုးမေမေတို့ မိဘတွေဟာလည်း လူသားတွေမို့ မှားတတ်တာပါပဲ။ မညီမျှတဲ့ အမှား၊ ဖန်တရာလိုက်နေတဲ့ အမှားတွေနဲ့ ကလေးတွေကို ပြုစုပျိုးထောင်နေတာမျိုး နည်းနိုင်သမှ နည်းအောင် ကြိုးစားရမှာပါပဲ။
” ကလေးကို ချစ်တယ် ဆိုတာ မပြနဲ့”
” နမ်းချင်ရင်တောင် သူတို့ အိပ်မှ နမ်း။ အရိုအသေတန်လိမ့်မယ်။ ရောင့်တက်လိမ့်မယ်… ပြောမရ ဆိုမရ ဖြစ်လိမ့်မယ်”
စတဲ့ စတဲ့ စကားတွေ နားရည်ဝအောင် ကြားဖူးခဲ့ကြမှာပေါ့။
တကယ်တော့ ကလေးဆိုတာ အချစ်ခံရတာကို မခံစားရရင်… နွေးထွေးမှုကို မခံစားရရင်…. လိုအပ်တဲ့ ဂရုစိုက်မှုကို မခံစားရရင် သူတို့ ထုတ်မပြောတတ် သူတို့ ထုတ်မမေးတတ်သေးပေမယ့် သူတို့ ခေါင်းထဲမှာ သူတို့ မြင်ရကြားရထိတွေ့ရတဲ့ အချက်အလက်တွေနဲ့ စဉ်းစားတွေးတော နေကြပါတယ်တဲ့။ အချိန်အတော်ကြာလာတော့မှ ” သြော် ဒါက ဒီလိုကြောင့်ကိုး” စသဖြင့် သူတို့ ဥာဏ်ကလေးနဲ့ ကောက်ချက်ဆွဲလိုက်တော့တာပါပ
အချစ်မခံရရင်… ကောင်းတာတွေကို လုပ်နေချိန်မှာ အသိအမှတ်ပြု မခံရရင်… သူတို့ လိုအပ်တဲ့ နွေးထွေးမှုကို လုံလောက်အောင်မရရင် မိဘဆီက attention (ဂရုစိုက်မှု) ကို ရအောင် ဆိုးပြတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူအမှားလုပ်လိုက်လို့… သူအိမ်စာမရလို့မှ မိဘက” ဟင်! ဒါဘာလို့ အဲလို ဖြစ်တာလဲ”” ဒီလောက်တောင် အသုံးမကျဘူးလား” စသည်ဖြင့် သူတို့ကို ဆူလာမှာကိုး…. သူတို့လေးတွေရဲ့ ဦးနှောက်က သူတို့ ချစ်တဲ့ သူဆီက attention ကို ကောင်းတဲ့နည်းလမ်းနဲ့ ရတာ နည်းနေရင် ဆိုးတဲ့ နည်းနဲ့ ရအောင် လုပ်ဖို့ သင်ယူလိုက်ပါတယ်။
” ဖေဖေ/ မေမေ က ငါ ကောင်းတာလုပ်ရင် သိပ်ပြီး ငါ့ကို အသိအမှတ်မပြုဘူး။ စကားမပြောဘူး။ ငါ အပြစ်လုပ်မှ သူတို့ ငါကို လှည့်ကြည့်တာ” ဒီလို တွေးသွားတာနော်။
မနေ့ညနေက ကျောင်းကလုပ်တဲ့” parenting strategies in managing challenging behaviours in your child” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတဲ့ talk လေးကို နီတိုးမေမေနဲ့ ဖေဖေ သွားနားထောင်ခဲ့ပါတယ်။ အဲလို သွားနားထောင်လိုက်တော့ ကိုယ်မှားနေတာ ကိုယ် လုပ်မိနေတာလေးတွေကို ထပ်ပြီး သိခွင့်ရလာပါတယ်။
ဒီအထဲက ဖေဖေ တစ်ယောက်က သူရဲ့ သား(၁၁)နှစ်အရွယ်နဲ့ သူတော်တော် အဆင်မပြေ ဖြစ်နေတယ်ဆိုတဲ့ အကြောင်း၊ သူခဏခဏ အော်မိနေတယ်ဆိုတဲ့ အကြောင်း၊ အော်မိတာဟာ တော်တော်များနေလို့ စိုးရိမ်မိနေတယ် ဆိုတဲ့အကြောင်း၊ သူဟာ သားအရှေ့မှာ သူ့ရဲ့ ဆိုးတဲ့ အပြုအမူတွေ လုပ်မိလို့ သူ့သားက အတုယူနေပြီ ဆိုတဲ့အကြောင်း..( ဒါကိုကျမတို့ အားလုံး လုပ်မိပါတယ်နော်) သူ့သားကို ပြုပြင်ဖို့ရာ သူကိုယ်တိုင် ပြုပြင်ဖို့ရာ နောက်ကျနေပြီလားလို့ ဆွေးနွေးလာပါတယ်။
ဒါကို speaker က နည်းလမ်း ပေးပါတယ်။ Parenting(သို့) ကလေးကို စည်းကမ်းသတ်မှတ်ဖို့ နည်းလမ်းလေးတွေကို ကလေးငယ်တုန်းမှာ စတင်ကျင့်လေ လွယ်လေပါပဲတဲ့။ ကလေးကြီးလေ ခက်လေပါပဲတဲ့။ ဥပမာ_ အိမ်စာလုပ်ဖို့ အချိန်သတ်မှတ်တာ၊ ကစားချိန် သတ်မှတ်တာ၊ သွားစရာရှိလို့ ကစားနေတာ၊စားနေတာ ရပ်ဖို့ပြောရင် ရပ်အောင် လေ့ကျင့်တာ စသဖြင့်ပေါ့။ ဒီလို technique လေးတွေ ကျင့်သုံးပြီး ကလေးတွေကို ကိုင်တွယ်ရင် အော်ရတာ ဆူရတာတွေ နည်းပြီး အဆင်ပြေတာပေါ့။ ငယ်ငယ်ကတည်းက စပြီး ကျင့်သုံးလာမယ်… ကလေးရှေ့မှာ မှားယွင်းတဲ့ ဆိုးဝါးတဲ့ အပြုအမူတွေ မလုပ်မိအောင် မိဘကိုယ်တိုင် က ပြုပြင်ထိန်းသိမ်းပြီး နေလာမယ် ဆိုရင်တော့ ကလေး အရွယ်အလိုက် challenging ဖြစ်တဲ့ အပြုအမူတွေ ရှိလာရင်လည်း ပိုလွယ်ပါတယ်တဲ့။
ဒီလို မဟုတ်ဘဲ ခုန က ဖေဖေလို မှားနေပြီး… အချိန်တော်တော်လွန်နေပြီးလိ
” သား… ဖေဖေ/ မေမေ အရင်က အရမ်းစိတ်တိုပြီး သားကို အော်ခဲ့တယ်။ တော်တော်အော်ခဲ့မိတယ်။ ဖေဖေ/
လို့ တောင်းပန်ပါတဲ့။ ဒါဟာ အခုလို ပျက်ယွင်းမှုကို အစပျိုးနေတဲ့ သားသမီးနဲ့ မိဘကြား ဆက်ဆံရေးကို ပြန်တည်ဆောက်ဖို့ အခြားအရာတွေထက် နှစ်ဆ အင်အားကြီးမားပါတယ်တဲ့။#နီတိုးလေးမေမေ
ကလေးဟာ သူ့ကို လေးလေးစားစား ဆက်ဆံတယ်၊ သူ့မှာလည်း အကြံပေးခွင့် စဉ်းစားခွင့် ရှိတယ်၊ သူဟာလည်း အရေးပါတယ်ဆိုတဲ့ ခံစားချက်တွေကို ခံစားရစေပြီး မိဘက အော်ငေါက်ထားတယ်ဆိုရင်တောင်
ဒါကြောင့်” Sorry” ပြောတတ်အောင် လေ့ကျင့်ပါ။ ကိုယ်တိုင်လည်း ကျင့်သုံးနေလို့ speaker ပြောတဲ့ နှစ်ဆ
ထိရောက်တယ်ဆိုတာကို လက်ခံပါတယ်။ အရင်ခေတ်က Parenting ကတော့ မိဘဆိုရင် ပြန်မပြောနဲ့….ငါပြောတာလု
လေးလေးနက်နက် Sorry ပြောတာ အရှုံးပေးတာ မဟုတ်ပါဘူး။
လေးလေးနက်နက် Sorry ပြောတာ ရှက်စရာ မဟုတ်ပါဘူး။
လေးလေးနက်နက် Sorry ပြောတာ ပိုချစ်လို့ပါ။
လေးလေးနက်နက် Sorry ပြောတာ ပိုအင်အားကြီးတဲ့ မေတ္တာကြိုး ချည်နှောင်ဖို့ပါ။
လေးလေးနက်နက် Sorry ပြောတာ ပိုပျော်စရာကောင်းတဲ့ မိသားစုလေး တည်ဆောက်ဖို့ပါ။
မေတ္တာဖြင့်
ယုငယ်
၂၂/၀၃/၂၀၁၇