၁၃ လမှ ၂၄ လ ဖွံ့ဖြိုးကြီးထွားမှု မှတ်တိုင်။ ( Developmental milestones at 13 to 24 months)
|ကလေးလေးတွေဟာနှစ်နှစ်ထဲရောက
ဖေဖေမေမေတို့ ပြောသမျှကို နားလည်ပေမယ့် နားလည်ကြောင်းသိပ်ပြီးမပြတတ
ဖေဖေမေမေတို့ နေ့တိုင်းပြောနေသော စကားပြောများနဲ့ သူတို့ကို အသံကျယ်ကျယ်နဲ့ ဖတ်ပြသော ကလေးစာအုပ်များမှ စကားလုံးများကို ကလေးလေးတွေဟာ မြန်မြန်ဆန်ဆန် သင်ယူနိုင်ကြပါတယ်။ သူတို့လေးတွေဟာဒီအချိန်မှာ အဆင့် ၂ ဆင့် ပါသော ညွှန်ကြားချက် ( two-step instructions) ကို လိုက်နာနိုင်နေပါပြီ။ ဥပမာ- “သားသားအရုပ်လေးယူလာပြီးမေေ
Toddler လေးတွေ ဒီအရွယ်မှာ အရောင်များနဲ့ ပုံသဏ္ဍာန်များ (colour and shape)ကို စပြီးခွဲခြားသိနေပါပြီ။ ရောင်စုံလေးတွေ ခြယ်လို့ရနေပါပြီ။ ဘလောက်တုံး ၄ တုံးနဲ့ အထက်ကို ဆောက်နိုင်နေပါပြီ။ ဘောလုံး ကိုလည်း ပစ်နိုင်နေပါပြီ။ ရေခွက်၊ သဲကစားခွက်၊ ဘလောက်တုံးခွက်စသည့် ထည့်စရာခွက်များကို ဖြည့်ခြင်းး၊သွန်မှောက်ခြင်
တစ်ချို့ကလေးတွေက ဒီအရွယ်မှာ အိမ်သာ အသုံးပြုတာကို သင်ယူဖို့ အဆင်သင့်ဖြစ်နေပါပြီ.။ ဖေဖေမေမေတို့ကို အတုခိုးပြီး ဖုန်းပြောတမ်းကစားတာ၊ အရုပ်ကို ထမင်း၊မုန့်ကျွေးတမ်းကစားတာ
၂၄ လ မှာတော့ အခြားသောကလေးများနဲ့ အတူတူဆော့ရတာကို ပိုပြီးအဆင်ပြေသက်တောင့်သက်
မိခင်( ပြုစု စောင့်ရှောက်သူ)၏အခန်းကဏ္ဍ
__________________________
ဒီအရွယ်မှာမေမေတို့ ကလေးလေးတွေရဲ့ အသံထွက်နိုင်စွမ်းရည်ကို ပိုပြီးအားပေးသင့်ပါတယ်နော်
⭐️( ဒီနေရာမှာ ကျွန်မကတော့ ပုံပြင်အကြောင်းအရာ အတိအကျမှန်တာ ၊မမှန်တာကိုအလေးထားတာထက် သူရဲ့ စိတ်ကူးကို ပို ပြီးအလေးထားပါတယ်။ သူ ထင်သလို ပြောတာကို လေးလေးစားစား နားထောင်ပေးပါတယ်။ ဒါမှ သူ့ရဲ စဉ်းစားဥာဏ်လေးတိုးတက်လာမှာ
⭐️
ကလေးလေးတွေ မှားပြောမိရင် မဆူမိအောင် သတိထားပေးပါ။ သူမှားပြီးပြောတဲ့ စကားလုံး အစား အမှန်ကို ဖေဖေမေမေတို့က အစားထိုးပြောပေးပါ။ ” အဲလို မဟုတ်ဘူး” ” ဒါတောင်မသိဘူးလား” တို့ ကို မပြောမိပါစေနဲ့နော် ။ သူတို့ရဲ့ ယုံကြည်မှုကို ထိခိုက်သွားနိုင်ပါတယ်။ ဥပမာ- ကလေးက ရေခွက်ကို ရေဘူးလို့ ပြောရင် ” ရေခွက်လေ သမီးရဲ့” လို့ တစ်ခြားဘာမှမပြောဘဲတိုက်ရို
သူလိုချင်တာကို လက်ညှိုးထိုးပြီးယူခိုင်းတဲ
ကလေးလေးတွေကို နံပါတ်၊ အက္ခရာ၊ ခန္ဓာကိုယ် အစိတ်အပိုင်းလေးတွေ စသင်လို့ရပါပြီ။ နေ့စဉ် ကလေးလေး ထိတွေ့နေတဲ့ ရင်းနှီးတဲ့ ပတ်ဝန်းကျင်က အရာတွေကို နာမည်ပြောပြီး သင်ပေးလို့ရပါပြီ။ (ဥပမာ – သစ်ပင်ပေါ်မှာ ငှက်ကလေး၊ မီးမီးဘာနဲ့ ရေသောက် ခွက်နဲ့သောက်)
ဟန်ဆောင်ကစားနည်း (pretend play) ကစားအောင် အားပေးပါ။ အရုပ်များနဲ့ အချင်းချင်း နှုတ်ဆက် စကားပြော၊ မုန့်ကျွေးတာ၊ အရုပ်လေးကို ခေါင်းဖီးပေး ရေချိုးပေးတာက စလို့ရပါတယ်။ အရုပ်လေးတွေ ကို မာတဲ့ အရုပ်၊ ပျော့တဲ့ အရုပ် ၊တူတဲ့အရုပ်တွေ ခွဲခြားခိုင်းပါ။ ဒီလို လုပ်တာဟာ သူနဲ့ ကစားတာလဲဖြစ်သလို၊ မာ၊ပျော့၊ တူ၊မတူ၊ အရောင် စတာတွေကို သင်ပေးတာပါ။ မေမေတို့ စာအုပ်နဲ့ သင်စရာမလိုပဲ ကစားရင်းလဲ ကလေးတွေကို ဝေါဟာရကြွယ်အောင်လုပ်လို့ရပ
အပြင်မှာ ကစားချိန်ကိုလဲ များများထားသင့်ပါတယ်။ ကစားကွင်း၊ ပန်းခြံ စတာတွေက ကလေးလေးတို့ စူးစမ်းသင်ယူစရာတွေချည်းပါပ
ကလေးလေးတို့ကို ကောင်းသောအမူအကျင့်( good behaviour) တွေကို ချီးကျူးပေးခြင်း၊ အသိအမှတ်ပြုပေးခြင်းဖြင့် စတင်သင်ကြားလို့ရပါပြီ။ Toddler လေးတွေကို “ဒီဟာလား၊ဟိုဟာလား” ” ” this and that ” မေးပြီး ရွေးချယ်တတ်အောင် စတင်သင်ကြားပေးနိုင်ပါပြီ။ ကလေးလေးတွေက ခုမှ သူတို့ ကိုယ်သူတို့express ဖော်ပြနိုင်အောင် ၊control ထိန်းချုပ်စီမံနိုင်အောင် သင်ယူနေဆဲမို့ မေမေတို့အနေနဲ့ စိတ်ရှည်အကောင်းမြင်ပြီးအချ
နှစ်နှစ်သားလေးတွေဟာ ခန္ဓာကိုယ်ရော ဦးနှောက်ပါ ဖွံ့ဖြိုး လာပြီး စွမ်းရည်အသစ်လေးတွေ ရှိလာပြီဖြစ်လို့ အိမ်တွင်းမှာ လွတ်လပ်လုံခြုံစွာ စူးစမ်းနိုင်စေဖို့ childproof ကလေးအတွက်သင့်လျော်တဲ့ နေရာလေးဖြစ်အောင်လည်းမေမေတိ
သတိပြုရမယ့်အချက်များ
_______________________
ကလေးတစ်ယောက်စီတိုင်းမှာ သူ့ကိုယ်ပိုင်ကြီးထွားမှုကို
-၁၈ လထိ လမ်းမလျှောက်နိုင်ခြင်း။
-နေ့စဉ်သုံး ပစ္စည်းများဘယ်လို သုံးတယ်ဆိုတာနားမလည်ခြင်း။ ( ဥပမာ- ဘီးကို ပြလျှင် ခေါင်းဖီးရာတွင်သုံးမှန်းမသ
-၁၈ လတွင် အနည်းဆုံး စကားလုံး ၆လုံး မပြောနိုင်ခြင်း။ (သို့) ၂၄လ တွင် စကားလုံးနှစ်လုံးပါ ဝါကျ မပြောနိုင်ခြင်း။( ဥပမာ- မေမေ လာပါ၊ ထမင်းစားမယ်)
-လှုပ်ရှားမှု၊ စကားလုံး စတာတွေကို အတုခိုးပြုလုပ်ပြောဆိုမှုမရှ
-ရိုးရှင်းသော ညွှန်ကြားမှုများကို လိုက်နာနိုင်မှု မရှိခြင်း။ ဥပမာ- ချထားလိုက်၊ ယူလာခဲ့
-ကလေးအရင်က လုပ်နိုင်စွမ်းရှိခဲ့တဲ့ skills တွေ မလုပ်နိုင်တော့ခြင်း၊ ဆုံးရှုံးသွားခြင်း။
ကလေးလေးတွေအားလုံး ဥာဏ်ရည်ဖွံ့ဖြိုးမှု၊ခန္ဓာကို
စိတ်ပျော်ရွှင်ကျန်းမာကြပါစေ
မေတ္တာဖြင့်……….
ယုငယ်(နီတိုးလေးမေမေ)
Ref; babycenter.com
Photo: Internet.