၂၅ လ မှ ၃၆ လ ဖွံ့ဖြိုးတိုးတက်မှု ( 25 to 36 months developmental milestones)
|ကလေးတစ်ယောက်ချင်းစီတိုင်းဟ
ဒီအရွယ်မှာ ကလေးလေးတွေရဲ့ စိတ်ကူးစိတ်သန်း imagination လေးတွေ တိုးတက်လာနေပါပြီ။ ဟန်ဆောင်ကစားနည်းများ ( pretend games) ၊ တကယ်မဟုတ်တဲ့ ပျော်စရာပုံ ပြုလုပ်ကစားနည်းများ( make-believe games)ကို ဒီအရွယ်မှာ ကစားလာကြပါပြီ။ စိတ်ကူးယဉ်ကမ္ဘာထဲက အကြောက်စရာအကောင်ကြီးတွေကို
ကလေးလေးတွေရဲ့ စကားပြောသံပိုပြီး ပီသလာတဲ့ အတွက် တစ်စိမ်းတွေတောင် သူတို့ ပြောတာနားလည်လာနိုင်ပါပြီ။ ကလေးတွေရဲ့ စကားလုံး တိုးတက်မှုကလဲ မြန်လှပါတယ်။ သူတို့ နာမ်စားတွေကို ပိုမှန်ကန်စွာသုံးတတ်လာပါပြ
ကလေးဟာ လှေကားပေါ်ကို တက်လိုက်ဆင်းလိုက် လုပ်နိုင်နေပါပြီ။ ခုန်နိုင်နေပါပြီ။ သုံးဘီးစက်ဘီး( tricycle) ကို နင်းနိုင်နေပါပြီ။ ကလေးလေးရဲ့ လက်ကို ကျွမ်းကျင်စွာ အသုံးပြု နိုင်မှု ကလည်းတိုးတက်လာနေပါပြီ။ ကလေးလေးတွေက တံခါးတွေ၊ ထည့်စရာဘူးတွေ ကို ဘယ်လို ဖွင့်ရမလဲ ဆိုတာ သိနားလည်နေကြပါပြီ။ သူ့တို့ အရုပ်တွေကိုလဲ ဖြုတ်ထုတ်ပြောင်းရွှေ့ စတာတွေ လုပ်တတ်နေပါပြီ။ ရိုးရှင်းတဲ့ အရုပ် ၊စာလုံး puzzle လေးတွေ ပြီးအောင် ဆက်တတ်နေပါပြီ။ မေမေတို့စာရွက်နဲ့ ရေးစရာပေးလိုက်ရင်တော့ စက်ဝိုင်းတွေ ဆွဲတတ်နေပါပြီနော်။
ကလေးလေးတွေ ဒီအရွယ်မှာ သူနဲ့ တူတူ ကစားဖော် တွေကို စာနာမှု၊ ခင်တွယ်မှု တွေ ပြသလာပြီး သူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးခင်မင်မှု
မိဘများရဲ့အခန်းကဏ္ဍ
_____________________
ကလေးလေးတွေကို သူနဲ့ သက်တူရွယ်တူ၊မတိမ်းမယိမ်းအရ
လေ့လာသင်ယူနိုင်သောကစားနည်း
-လှေခါးထစ်တွေကို ဆင်းရင်းတက်ရင်း တူတူရေတွက်ကစားပေးပါ။
-တူညီတဲ့ ကစားစရာ အရုပ်လေးတွေကို ရှာဖွေတမ်းကစားပေးပါ။
-ကိုယ်ခန္ဓာအစိတ်အပိုင်းတွေက
-အရောင်တူတဲ့ ကစားစရာတွေ ရှာဖွေတမ်းဆော့ကစားပေးပါ။
Pretend games တွေကစားပေးရင်းနဲ့ သူတို့ရဲ့ စိတ်ခံစားချက်တွေကို သူတို့ နားလည်လာနိုင်ပါတယ်။ ဒါပေမယ့် ကလေးတို့ ကိုယ်တိုင် ဦးဆောင်ပြီးစိတ်တိုင်းကျ စိတ်ကူးယဉ်ပြီးကစားတာ အကောင်းဆုံးပါပဲ။
ကလေးလေးတွေကို ပြေးလွှားဆော့ကစားဖို့၊ ခုန်ပေါက်ဆော့ကစားဖို့၊ သုံးဘီးစက်ဘီးစီးဖို့ ၊ လွတ်လပ်စွာ စူးစမ်းလေ့လာဖို့ အချိန်များများပေးဖို့ အရေးကြီးပါတယ်ရှင်။ ရိုးရှင်းသော စည်းကမ်းလေးများ ထားပြီး အခက်အခဲဖြစ်လာရင်လဲ တည်ငြိမ်စွာနဲ့ တသတ်မတ်တည်းရှိဖို့လို့ပါတယ
ကလေးများဟာ ပုံမှန်အားဖြင့် ၃၂-၃၆ လ အရွယ်တွေမှာ tricycle စီးနိုင်ကြပါတယ်။ သုံးဘီးစက်ဘီးကို မနင်းနိုင်သေးရင် (သို့) နင်းဖို့အခက်အခဲရှိတယ်ဆိုရင
အသက်အရွယ်အလိုက် ရှိသင့်တဲ့ motor skills များဟာလည်း ကလေးတစ်ယောက်ရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှု ( brain developments) များအတွက် အရေးပါတဲ့ အချက်များ ဖြစ်တဲ့ အတွက် ဖေဖေမေမေတို့ အနေနဲ့ မျက်ခြေမပြတ်သင့်ပါဘူးရှင်။
သတိပြုရမယ့်အချက်များ
______________________
ကလေးတစ်ယောက်ချင်းစီက ကိုယ်ပိုင်ဖွံ့ဖြိုးမှုနဲ့ပါ
– မိခင်(သို့) ပြုစုသူနှင့် ခွဲခွာဖို့ ခက်ခဲနေခြင်း။
– မိသားစုပြင်ပ မှ လူများနှင့် တုံ့ပြန်ဆက်ဆံမှုမရှိခြင်း။
– တခြားကလေးများနှင့် မကစားခြင်း။
– မျက်လုံးချင်းဆုံရန် ( eye contact) ရှောင်ရှားခြင်း။
– ဘော်လုံးကို မပစ်နိုင်ခြင်း၊ မခုန်နိုင်ခြင်း။
– လှေခါးကို ခြေနှစ်ဘက်လုံးပြောင်းပြီး မတက်နိုင်ခြင်း။
– စာရွက်၊ ခဲတံတို့နဲ့ လျှောက်ခြစ်ရာတွင် အခက်အခဲရှိခြင်း။
– စကားလုံး ၃ လုံး ထက် ပိုသော စာကြောင်းဖြင့် အသုံးပြုပြောဆိုခြင်းမရှိခြ
– စကားပြောရာတွင် ဆုံးအောင် မပြောတတ်ခြင်း၊
– မကြာခဏဆိုသလို သူစိမ်းများမှ ကလေးပြောတာ နားမလည်ခြင်း။
– ဟန်ဆောင်ကစားနည်း ( pretend games) မကစားခြင်း။
– အခြေခံ တကိုယ်ရေအလုပ်များ ( အင်္ကျီဝတ်၊အိပ်ယာဝင်) ပြုလုပ်ရန် လွန်ကဲစွာ ခက်ခဲတတ်ခြင်း။
– အရင်က လုပ်တတ်ခဲ့သော၊ ရှိခဲ့သော skills များ မလုပ်တတ်တော့ခြင်း။
ကလေးမှာ အထက်ပါ အချက်များရှိခဲ့ရင်လည်း မိဘများအနေနဲ့ စောစီးစွာ လိုအပ်သော ပြုလုပ်သင့်တာပြုလုပ်ပေးခြင
စိတ်ပျော်ရွှင်ချမ်းမြေ့ကြပါ
မေတ္တာဖြင့် …..
ယုငယ်(နီတိုးလေးမေမေ)
Ref; babycenter.com
Photo; Internet.