၃ လ အရွယ် ဖွံ့ဖြိုးကြီးထွားမှု မှတ်တိုင် ( developmental milestones at 3 months)

ဒီအရွယ်လေးရောက်လာရင်တော့ ကလေးလေးတွေက မိခင်နဲ့ playtime လေးတွေကို ပျော်ရွှင်စွာ စိတ်ဝင်စားတတ်လာကြပါပြီ။ မိခင်ရဲ့ မျက်နှာအမူအရာကို လဲ ပိုပြီးသိလာပါပြီ။ သူလေးက bubbling စလုပ်လာပါပြီ။ မိခင်ရဲ့ အသံကို လိုက်ပြီးလုပ်ဖို့ ကြိုးစားလာကြပါပြီ။
ခေါင်းထောင်နို်င်လာပါပြီ။ ဝမ်းလျားမှောက်ချထားပေး
င် သူခေါင်းကို အကူမလိုပဲထောင်ထားဖို့ကြိုးစားလာပါပြီ။ တစ်ချို့ဆို mini- pushups တောင်လုပ်နို်င်နေပါပြီ။ ကိုယ်ခန္ဓာလှည့်ဖို့ကြိုးစားလာပါပြီ။ လက်ချောင်းလေးတွေကို ဖွင့်လိုက် ပိတ်လိုက် ချိုမိုင်မိုင် လုပ်နို်င်ပါပြီ။

လှုပ်ပြီးဆော့ရတဲ့ ကစားစရာလေးတွေစပြီးမိတ်ဆက်ပေးလို့ရပါပြီ ။ သူ လက်ကလေးနဲ့ လှုပ်ရမ်းဆော့နို်င်လာပါပြီ။ တွဲလောင်းကျနေတဲ့ ရောင်စုံ အရုပ်လေးတွေ၊အရာဝတ္တုလေးတွေကို စိတ်ဝင်စား တတ်လာပါပြီ။ ပါးစပ်ထဲကို လက်ထည့်တတ်ပါပြီ။ မတ်တပ်ရပ်ပြီးချီထားရင် ခြေထောက်လေးတွေက အောက်ကို တွန်းကန်တတ်လာပါပြီ။

မျက်စိနဲ့ လက်ပူးပေါင်း လုပ်ဆောင်နိုင်စွမ်း ( hand-eye coordination) က တိုးတက်လာပါပြီ။ သူ့ကို စကားလာပြော၊လာမြူသော သူရဲ့ မျက်နှာကို ကောင်းကောင်းအာရုံစိုက်နေနိုင်ပါပြီ။ မိခင်ကို အခန်းရဲ့ တစ်ဖက်ခြမ်းလောက် အကွာကနေ မှတ်မိနေပါပြီရှင်။

မိခင် ( ပြုစုစောင့်ရှောက်သူ) ရဲ့ အခန်းကဏ္ဍ
________________________________________

ကလေးရဲ့ အနားမှာရှိနေပေးတာ၊ သူ့လိုအပ်ချက်တို်င်းကို တုံ့ပြန်ပေးနေခြင်းက ကလေးကို လုံခြုံမှုနဲ့ အချစ်ကို ခံစားရစေပါတယ်။ သူဟာသူ သက်တောင့်သက်သာလေး နေတတ်အောင် သူလက်မလေးကို သူ့ပါးစပ်နားညွှန်ပြပေးခြင်း၊ချိုလိမ်လေး မိတ်ဆက်ပေးခြင်း၊ ဖြင့် ကူညီပေးနိုင်ပါတယ်။

ကလေးရဲ့တစ်နေ့တာမှာ ဝမ်းလျားမှောက်ပြီး နေချိန်ကို ဆက်ပြီးထားပေးသင့်ပါတယ်။ဒါမှ သူအတတ်ပညာ skills အသစ်တွေနဲ့ သူရဲ့ muscles တွေကို သန်မာလာအောင် ပြုလုပ်ပေးရာရောက်ပါတယ်။ အဲလိုအချိန်မှာ ကစားစရာနဲ့ စိတ်ချလုံခြုံပြီး ပျော့ပြောင်းတဲ့ အရာလေးတွေကို ကိုင်တွယ်စေ၊ စူးစမ်းစေ သင့်ပါတယ်ရှင်။

ကလေးကို အချစ်များများပေးနိုင်လေကောင်းလေပါပဲရှင်။ တစ်နေကုန်သူနဲ့ စကားပြော ပေးပါ။ ကိုယ်လုပ်သမျှဘာလုပ်နေတယ်၊ ဘာကိုင်နေတယ် စသဖြင့် အရာဝတ္တု ပစ္စည်းလေးတွေရဲ့ နာမည်တွေကို ပြောပြပေးပါ။ ထွေးပွေ့ပေးပါ။ စာဖတ်ပြပါ။ ကစားပေးပါ။ သူ့ဖာသာသူမှောက်လာနိုင်အောင် အားပေးပါ။ ကစားစရာ လှမ်းယူနိုင်အောင်၊ အရုပ်ကို ဆုပ်ကိုင်နိုင်အောင် အားပေးပါ။ မိခင်က ယူပေးတာမျိုးမလုပ်မိပါစေနဲ့ရှင်။

အောက်မှာရေးထားတာတွေမလုပ်နိုင်သေးရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ လုပ်နိုင်လာအောင် နည်းလမ်းရှာပြီးကူညီပေးနိုင်ပါတယ်။

– ခေါင်းမထောင်နို်င်ခြင်း
– ပစ္စည်းများအားမဆုပ်ကိုင်နိုင်ခြင်း
– ရွေ့နေသော အရာဝတ္တုများကို အာရုံစိုက်မှုမပြုနိုင်ခြင်း
-ပြုးံရွှင်ခြင်း အလျင်းမရှိခြင်း
-အသံကျယ်များကို မတုံ့ပြန်ခြင်း
– ယခုမှမြင်ဖူးသော မျက်နှာသစ်များကို လစ်လျှူရှုခြင်း (ပြုံးမပြရင်တောင် စူးစမ်းမှုတော့ အနည်းဆုံးရှိရပါမယ်)
– နေရာသစ် ဝန်းကျင်သစ်၊လူသစ်များနဲ့တွေ့ရင် အလိုမကျ ဂျီတိုက်ခြင်း။

ဒီအချက်တွေက သတိထားမိဖို့ သိပ်ကို အရေးကြီးပါတယ်။ နောက်ပိုင်းကြီးလာရင် ကလေးတွေ ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ စကားပြောနောက်ကျခြင်း၊ ကျောင်းနေချိန်တွင် အဆင်သင့် ဖွံ့ဖြိုးမှုမရှိပဲ အခက်အခဲများကြုံတွေ့ရခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်လေးတွေရဲ့ milestones တိုင်းက သိပ်ကို အရေးကြီးပါတယ်ရှင်။

စိတ်ချမ်းသာပျော်ရွှင်ကြပါစေ

မေတ္တာဖြင့်
ယုငယ်(နီတိုးလေးမေမေ)

Ref; babycenter.com
Thebump.com