Finger puppets လေးတွေနဲ့ ကစားမယ်။
|__________________________ ____________
ဒီ ကစားနည်းက မွေးစကလေးအရွယ်ကနေပြီး ကလေးကြီးထိ ကစားလို့ ရပါတယ်။
Fingerpuppet လေးရဲ့ သွင်ပြင်ကို လိုက်ပြီး ကလေးကို မိတ်ဆက်ပေး စကားပြောပေးလို့ ရတယ်လေ။
မွေးစလေးဆိုရင် အိပ်နေတဲ့အချိန်များပေမယ့် နိုးတဲ့ခဏလေးမှာ ကလေးကို ဖျော်ဖြေကစားပေးနိုင်တာပေါ့ ။ နို့ဝပြီး ကလေး စိတ်ကြည်နေတဲ့ အချိန်ကို ရွေးသင့်ပါတယ်။” ကျွန်တော့နာမည် ဖြူကြားပါ။ ကျွန်တော်ကနို့တွေထုတ်ပေးတဲ့  နွားကလေးပေါ့” စသဖြင့် ပြောပြီး ကလေးက တုံ့ပြန်ကြည့်လာ နားထောင်လာအောင် အချိန် အနည်းငယ်စောင့်ပေး သင့်ပါတယ်။ ဒီလိုနဲ့ အရုပ်ပေါ်လိုက်ပြီး ဆက်စပ်အကြောင်းအရာလေးတွေ ပြောပေးနိုင်တာပေါ့။ သိပ်အများကြီး မဟုတ်ဘဲ နာမည်၊ အသံလောက် ပြောပြီး ဆော့ပေးရင်လည်း ရတာပါပဲ။ မွေးစလေးတွေက အများကြီး အာရုံ မစိုက်နိုင်သေးဘူးလေ။
ဒီ ကစားနည်းက မွေးစကလေးအရွယ်ကနေပြီး ကလေးကြီးထိ ကစားလို့ ရပါတယ်။
Fingerpuppet လေးရဲ့ သွင်ပြင်ကို လိုက်ပြီး ကလေးကို မိတ်ဆက်ပေး စကားပြောပေးလို့ ရတယ်လေ။
မွေးစလေးဆိုရင် အိပ်နေတဲ့အချိန်များပေမယ့် နိုးတဲ့ခဏလေးမှာ ကလေးကို ဖျော်ဖြေကစားပေးနိုင်တာပေါ့
သူတို့လေးတွေရဲ့ အကြားအာရုံ၊ အမြင်အာရုံ၊ ပုံသဏ္ဌာန်ကို မှတ်မိနိုင်စွမ်း စတာတွေကို အစပျိုးပေးတဲ့ သဘောပေါ့။
မွေးစလေးတွေဟာ အဝေးကြီးကို မမြင်နိုင်သေးတာမို့ သူတို့ မျက်နှာနား ၈-၁၀ လက်မလောက်တော့ ကပ်ပြီး ပြပေးသင့်ပါတယ်။
ကလေးကြီးလေးတွေ ဆိုရင်တော့ finger puppets လေးတွေနဲ့ ဇာတ်လမ်းဆင်ပြီး ဆော့ကစားလို့ ရပါတယ်။
ဒီလို finger puppet လေးတွေ ရဖို့က ဘာမှ မခက်ပါဘူး။ စက္ကူ ပေါ်မှာ ကိုယ်လိုချင်တဲ့ အရုပ်ဆွဲပြီး လက်ချောင်းထည့်လို့ရအောင် ပြုလုပ်ပြီး ကစားနိုင်ပါတယ်။ စိတ်ကူးဥာဏ် ချဲ့ရင် ချဲ့သလောက် ရပါတယ်။ အဓိက က ကလေးပျော်ရွှင်ဖို့ရယ်… ကလေးရဲ့ ဖွံ့ဖြိုးမှုကို အားပေးနိုင်ဖို့ရယ်ပါ။
မေတ္တာဖြင့်
ယုငယ်