No Caffeine for kids
|ကလေးဆိုတာကတော့ ချိုတော့ ထမင်းကျွေးရတာထက် ပိုလွယ်တာပေါ့။ အလွယ်တကူ စားတယ်… သောက်တယ်…. အများကြီး စားတယ်ပေါ့။ ဒါပေမယ့် ဒီအစားအစာတွေထဲမှာ ပါတဲ့ သကြားဓါတ်နဲ့ အအေးဘူးတွေမှာ ပါတတ်တဲ့ caffeine ဓါတ်တွေဟာ ကလေးတွေအတွက် မသင့်တော်ပါဘူး။ ရှောင်ရပါမယ်။Chocolate က cocoa အသီးကနေ ထုတ်ထားတယ်။ Cocoa သီးမှာ caffeine ပါတယ်။ Cocoa သီးမှာ တခြား antioxidant တို့ ဘာတို့ ပါပေမယ့်လည်း caffeine က ကလေးတွေအတွက် ဆိုးကျိုးကို ဖြစ်စေတယ်။ Caffeine အကြောင်းတော့ သိပြီးသားဖြစ်ကြမှာပေါ့။ သူက Psychoactive_drug တစ်မျိုးပဲ။(wiki မှာ သွားဖတ်ကြည့်ပါ။)
Caffeine မှာ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးရော ဆိုးကျိုးရော ရှိတယ်။ ဆေးပညာအရ ကုထုံးအဖြစ် သုံးတဲ့နေရာတွေရှိတယ်။ caffeine သုံးလိုက်ရင် လန်းဆန်းသွားတယ်။ တက်ကြွ သွားတယ်။ အားအင်ရှိသလိုခံစားရစေတယ်။ caffeine များလွန်းရင် အိပ်မရတာတွေ၊ ရင်တုန်တာတွေ၊ စိတ်လှုပ်ရှားတာတွေ ဖြစ်တတ်တာကတော့ ကျမတို့ သာမန်လူတွေ နားလည်နို်င်တဲ့ ဆိုးကျိုးတွေပေါ့။
⭐️Caffeine ဟာ ၅-နှစ်အောက် ကလေးတွေ အတွက်တော့ ပမာဏ နည်းနည်းတောင် မစားသုံးမိလေ ကောင်းလေပါပဲ။ ငယ်လွန်းတဲ့ ၂-နှစ်အောက် ကလေးတွေအတွက်က formula နို့မှုန့်နဲ့ မိခင်နို့သာ သောက်စရာအဖြစ်ပေးတာ အကောင်းဆုံးပါပဲ။
⭐️
Caffeine ပါတဲ့ အစားအသောက်တွေ ဈေးကွက်ထဲမှာ အများကြီးပါပဲ။ Milo, ovaltine မှာ Chocolate ပါတယ်။ chocolate ပါရင် caffeine ပါမယ်။ကော်ဖီ၊ လက်ဖက်ရည်ကတော့ caffeine ပါတာ သေချာတယ်။ ကျွဲရိုင်း စတဲ့ အချိုရည်ဘူးတွေ ကတော့ caffeine အပြင် သကြားဓါတ်ပါပါတယ်။ အသီးအနှံတွေက ရတဲ့ အချိုဓါတ်မဟုတ်တဲ့ လူလုပ် သကြား/ အချိုမှုန့်တွေဟာ ခန္ဓာကိုယ် အတွက် မကောင်းဘူး။ အထူးသဖြင့် ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှု/
ကလေးရော လူကြီးရော caffeine စားသုံးမိတာ များရင်
‼️ဂနာမငြိမ် စိတ်လှုပ်ရှားနေတာ
‼️ ခေါင်းကိုက်တာ
‼️ အစာအိမ် မကောင်းတာ
‼️ အာရုံစူးစိုက်ဖို့ ခက်တာ
‼️ အိပ်မရနိုင်တာ
‼️ နှလုံးခုန်နှုန်းမြင့်တာ
‼️ blood pressure တွေ မြင့်တာတွေ ဖြစ်နိုင်ပါတယ်။
ကလေးငယ်တွေ သကြားဓါတ်ပါနေတဲ့ caffeine တွေ စားသုံးတာကို တားမြစ်သင့်တဲ့ အကြောင်းရင်းတွေ ရှိပါသေးတယ်။
❗️ ကလေးတစ်ယောက်ဟာ နေ့တိုင်း သကြားပါတဲ့ ပုံမှန် အအေးဘူး တစ်ဘူး( ၃၅၅ မီလီလီတာ) သောက်နေရင် အဝလွန်ဖို့ ဖြစ်နိုင်ခြေများပါတယ်။
❗️caffeine ပါတဲ့ အအေးဘူးတွေဟာ empty calories သာပါပြီး ကလေးအတွက် အကျိုးပြုမယ့် calories တွေ မပါဝင်ပါဘူး။ ဒါကြောင့် ကလေးဟာ တခြား အာဟာရဖြစ်စေမယ့် အစားအစာ စားနိုင်တဲ့ ပမာဏ လျော့သွားနိုင်တဲ့ အတွက်
‼️အာဟာရချို့တဲ့တာ ဖြစ်နိုင်တယ်။ သုံးတန်းကနေ ၈ တန်း အရွယ်လောက်မှာ caffeine ပါတဲ့ အအေးဘူးတွေ စသောက်ရင်တောင် ကလေးဟာ အစားအစာမှာ ပါတဲ့ calcium ကို မစုပ်ယူနို်င်တော့တဲ့ အတွက်
‼️အရိုးနဲ့သွား ဖွံ့ဖြိုးမှုကို ထိခိုက်ပါတယ်။ ဒါဆို အရပ်ရှည် သန်မာဖို့ရာ အခက်အခဲ ဖြစ်နို်င်တာပေါ့။
❗️ Caffeine က ဆီးသွားခြင်းကိုလည်း အားပေးတာမို့ ခန္ဓာကိုယ်ထဲမှာ ရေဓါတ်ဆုံးရှုံးတာကို ဖြစ်စေနိုင်တယ်။ အအေးတစ်ဘူးမှာပါတဲ့ caffeine ပမာဏဟာ ရေဓါတ် ဆုံးရှုံးစေနိုင်သလားဆိုတာ အတိအကျ မသိရပေမယ့် တစ်နေ့တာမှာ တခြားအစားအသောက်( ဥပမာ- ချောကလက်လည်း စားထားတယ်ဆိုရင်) တွေကနေလည်း caffeine က ပါနေနိုင်တာမို့ ကိုယ်ထဲမှာ caffeine ပမာဏက များသွားနိုင်ပါပြီ။
❗️caffeine ပါတဲ့ အစားအသောက်တွေကို စားခြင်းဖြင့် ကိုယ်လက်နာတာ၊ ခေါင်းကိုက်တာ၊ မအီမသာ၊ ကလေးတွေ စိတ်မကြည်တာ ခံစားရတာတွေလည်း ဖြစ်နိုင်ပါတယ်။
❗️caffeine ဟာ နှလုံးရာဂါ၊ အာရုံကြောဆို်င်ရာ ရောဂါတွေကိုလည်း ဖြစ်နိုင်ပြီး တချို့ ကလေးတွေဟာ ဒီလို အန္တရာယ် ဖြစ်နိုင်ခြေ များနေတာကိုတောင် သတိမထားမိ ဖြစ်နေတတ်ပါတယ်။
✅ဒါကြောင့်ကလေးတွေကို carbonated drink၊gas ပါတဲ့ အအေးဘူးတွေ၊ caffeine ပါတဲ့ အအေး၊ အစားအသောက်တွေကို ဖြတ်တောက်ပြီး ရေ၊ နို့၊ သဘာဝသစ်သီးဖျော်ရည်များကိုသ
✅
၁၀နှစ် အထက် ကလေးတွေတောင် caffeine ပါတာ စားသုံးမိတာ များရင် အရိုးကြီးထွားသန်မာမှုကို အားပေးတဲ့ calcium အားနည်းစေတယ် ဆိုတော့ ခုမှ ခန္ဓာကိုယ်ရော ဦးနှောက်ရော တည်ဆောက်နေတဲ့ တစ်နှစ်၊ ၂-နှစ်ကလေးတွေ အတွက်တော့ ဆိုဖွယ်ရာမရှိနိုင်ပါဘူး။
ဖြည့်စွက်:
တနေ့တာအများဆုံးစားသုံးနိုင
__________________________
✅၄-၆နှစ် >> > ၄၅ မီလီဂရမ်( သာမန်
အအေးတစ်ဘူးရဲ့ ပမာဏ ၁၂ အောင်စ သာသာလေး)
✅၇-၉ နှစ် >> >၆၂.၅ မီလီဂရမ်
✅၁၀-၁၂ နှစ် >> ၈၅ မီလီဂရမ်( ကော်ဖီ ခွက် တစ်ဝက်စာခန့် ပမာဏ)
“ကျွေးနေတာပဲ တိုက်နေတာပဲ ဘာမှ မဖြစ်ပါဘူး” လို့ ဆိုချင်ဆိုကြနိုင်ပါတယ်။ ဘာမှ မဖြစ်ပါဘူး။အချိန်တန်ရင် သူများ ပြေးနိုင်သလောက် မပြေးနိုင်၊ သူများ ခုန်နို်င်သလောက် မခုန်နိုင်၊ သူများ ကျန်းမာသလောက် မကျန်းမာ၊သူများ စာတစ်ပုဒ် ဖတ်ပြီး နားလည်သလောက် နားမလည်နိုင်၊သူများ တီထွင်နိုင်သလောက် မတီထွင်နို်င်၊ သူများ ပြဿနာ ဖြေရှင်းနိုင်သလောက် မဖြေရှင်းနိုင်၊ သူများ တွေးနိုင်သလောက် မတွေးနိုင်တာတွေ ဖြစ်နေတဲ့ လူစဉ်မမီ၊ ဥာဏ်စဉ်မမီတဲ့ ကိုယ့် နောင်လာနောင်သား ကိုယ်ကိုယ်တိုင် မွေးနေသလို ဖြစ်နေရုံလေးပါပဲ။
ယုငယ်( နီတိုးလေးမေမေ)
၂၁/ ၀၂/ ၂၀၁၇