Chicken pox

ရေကျောက်ပါ။ အနီရောင်ယားဖုလေးတွေ စဖြစ်မယ်။ ချက်ချင်းလိုပဲ အရည်ကြည်ဖုလေးတွေအဖြစ်ပြောင်းသွားမယ်။ ခဏနေရင် အရည်ကြည်ဖုတွေ ပေါက်ပြီး အနာဖေးကပ်နေတဲ့ အနာလေးတွေ ဖြစ်သွားတယ်။ ခေါင်းနဲ့ မျက်နှာမှာ စပေါ်ပြီး တကိုယ်လုံးပျံ့သွားတတ်တယ်။ အနာဖေးတွေခြောက်စပြုရင် အရည်ကြည်အဖုအသစ်တွေ ပြန်ပေါ်လာတတ်တယ်။ အဲဒါကြောင့် ရေကျောက်ဖြစ်ပြီဆိုရင် ရောဂါအဆင့်အမျိုးမျိုး တချိန်ထဲမှာ တွေ့ရတယ်။ (အရည်ကြည်ဖု၊ အနီဖု နဲ့ အနာဖေးတက်တဲ့ အနာ သုံးမျိုးလုံး တပြိုင်တည်း ကလေးကိုယ်မှာ ရှိနေတယ်) အဖု ၂၀၀ ကနေ ၅၀၀ ကြားထွက်တယ်။ ကာကွယ်ဆေးထိုးထားရင်တော့ အဖုနည်းနည်းပါးပါးလောက်နဲ့ ပြီးသွားတတ်တယ်။ ရောဂါမပြင်းဘူးပေါ့။ အဖျားငွေ့ငွေ့ရှိတတ်တယ်။ တစ်နှစ်အောက်ကလေးတွေ ဖြစ်ခဲတယ်။