Eczema
|ယားတယ်။ အရေပြားကြားတွေမှာ ထွက်တတ်တယ်။ ပါး၊ မေးစေ့၊ ခေါင်း၊ ကိုယ်လုံး နေရာအနှံ့လည်းထွက်ပါတယ်။ အရေပြားခြောက်ပြီး အဖတ်လေးတွေ ကွာမယ်၊ ယားတယ်၊ အရေပြားထူပြီး နီလာမယ်၊ ဒါမှမဟုတ် အနီဖုလေးတွေလို စဖြစ်ပြီး အရေကြည်လေးတွေထွက်လာမယ်၊ ပြီးရင် အဲဒီအရည်ကြည်လေးတွေက အနာဖတ်ဖြစ်သွားတယ်။ သူက allergy ဖြစ်တဲ့အတွက် မိသားစုထဲမှာ allergy ဖြစ်တဲ့သူရှိရင် (မျိုးရိုးလိုက်တဲ့အတွက်)၊ ရင်ကြပ်ရောဂါရှိရင် ကလေးမှာ eczema ဖြစ်ဖို့ အခွင့်အလမ်းများတယ်။ တစ်နှစ်အောက်ကလေးတွေ အဖြစ်များပြီး များသောအားဖြင့် ၂နှစ်ကျော်ရင် အလိုလိုသက်သာပြီးပျောက်သွား