Scabies

ဝဲ။ အားလုံးသိတဲ့အတိုင်း မခံမရပ်နိုင်အောင် ယားမယ်။ လက်ချောင်းခြေချောင်းကြားတွေမှာ ထွက်တာများတယ်။ အကူးမြန်တယ်။ တစ်ယောက်ဖြစ်ရင် တစ်အိမ်လုံးကုရတယ်။ အဲဒါမှ အမြစ်ပြတ်တယ်။ အိမ်ထဲက အိမ်ပြင်မထွက်ရဘဲ အဝတ်အစားတွေကအစ အကုန်ပြုတ်လျှော်ပစ်ရတယ်။ ငယ်ငယ်က ဆေးကျောင်းမှာ ၃-၄ရက် ဆက်တိုက် ကျောင်းပြေးမိရင် ဆရာတွေက ဝဲကုနေရပြီထင်တယ်လို့ ပြောတာခံကြရတယ်။ 😀 ညဘက်တွေနဲ့ ရေနွေးနဲ့ ရေချိုးပြီးချိန်မှာ အယားဆုံးလို့ပြောကြတယ်။ ကလေးတွေ ညမအိပ်နိုင်ဘူး။ ဝဲပိုးတွေက အရေပြားအောက်မှာ တွင်းတူး၊ လှိုဏ်ခေါင်းတူးပြီး သွားလို့ အဖြူရောင် အစင်းကြောင်းတွေ ကျန်ခဲ့တတ်တယ်။