တောင်ကယ်ရိုလိုင်းနားက ပျောက်သွားသော ၄ နှစ်သမီး အလာဘားမားပြည်နယ်တွင် ပြန်တွေ့

Baby_Kidnap

တောင်ပိုင်းကယ်ရိုလိုင်းနားပြည်နယ်တွင် ရိုက်နှက်ခံရပြီး ဒဏ်ရာရနေသော မိခင်ထံမှ မိခင်ကို ဆိုးဆိုး ရွားရွား ရိုက်နှက်ပြီး ကလေးပြန်ပေးဆွဲခဲ့သူအား ဖမ်းဆီးနိုင်ခဲ့ပါသည်။ မိခင်အား ဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့ပြီး ကလေးအား အယ်လဘားမားပြည်နယ်အထိ အဓမ္မခေါ်ဆောင်ခဲ့သူ အသက် ၃၇ နှစ်အရွယ် Thomas Evans အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း အယ်လဘားမားပြည်နယ်ရဲ အကြီးအကဲ Oliver မှ မီးရထား သံလမ်းပြုပြင်သည့် ဝန်ထမ်းများ တောအတွင်းရပ်ထားသည့် ကားအားတွေ့ရှိပြီး ဗုဒ္ဓဟူးနေ့ ညနေပိုင်းက သူ့အား ဖုန်းဆက်သတင်းပို့ခဲ့ကြောင်း ထိုသတင်းပို့သူမှာ ပြည်နယ်ချင်းဆက် အဝေးပြေးလမ်းမ ၂၀ အနီး (I20) တွင်ဖြစ်ပြီး အယ်လဘားမားပြည်နယ် Birmingham မြို့နှင့် ၃၅ မိုင် (၅၆ ကီလိုမီတာ) ကွာဝေးပါသည်။ အင်္ဂါနေ့ညနေပိုင်းက မိခင်အား ဆိုးဆိုးရွားရွားရိုက်နှက်ပြီး ကလေးပြန်ပေးမှုဖြင့် အမှုဖွင့်ထားပါသည်။

ကလေးအား ကားအတွင်း တွေ့ရှိကယ်တင်ချိန်တွင် ကလေးမှာ ချောကလက်နို့သောက်နေပြီး သွားရေစာမုန့်များ စားသောက်နေပါသည်။ ၂၄ နာရီကျော်ကြာအောင် ရှာဖွေခဲ့ရသော ဤကလေးမလေးအား သေဆုံးသည်အထိ တွက်ဆပြီးရှာဖွေခဲ့သော်လဲ ကံကောင်းထောက်မစွာ အသက်ရှင်လျက် ပြန်လည် ကယ် တင်နိုင်ခဲ့ပါသည်။ ထိုသို့ အသက်ရှင်လျက် ကယ်တင်နိုင်မှုအား ကံဆိုးနိုင်ခြင်းမှ ကံကောင်းခြင်းအဖြစ် သတ်မှတ်ခဲ့ကြပြီး ရဲအရာရှိ Oliver မှ သူနှစ်ပေါင်း ၂၀ ရဲတပ်ဖွဲ့တွင် အလုပ်လုပ်နေစဉ် ယခုအဖြစ် အပျက် သည် သူအလုပ်လုပ်စဉ် ကံအကောင်းဆုံး အဖြစ်အပျက်ဟု ပြောဆိုပါသည်။

Credit: AP News

ဦးမျိုးချစ်မှ ဘာသာပြန်ဆို ရေးသားသည်။