*နွေရာသီဝင်လာ၍ ကားထဲက အပူမီးအကြောင်း သတိပေးပါရစေ။ မိဘအချင်းချင်းလည်း သတိပေးကြပါ။

သင်ကားပေါ်ကဆင်းပြီး လုပ်စရာ ဝယ်စရာရှိတဲ့အခါ ကလေးငယ်များကို ကားထဲမှာ တံခါးပိတ်ပြီး ဘယ်တော့မှ မထားခဲ့ပါနှင့်။ ခဏလို့ရည်ရွယ်ပေမယ့် လမ်းမှာ အသိနဲ့တွေ့စကားပြောရင်း ဈေးဝယ်ရင်း အကြောင်းကိစ္စပေါ်ခဲ့ရင် ကြာသွားနိုင်ပါတယ်။

အေးမြတဲ့နေ့လေးတစ်နေ့မှာ ဖြစ်ဖြစ် ပူပြင်းတဲ့ နေ့မှာဖြစ်ဖြစ် အလုံပိတ်ထားတဲ့ကားထဲမှာ အပူချိန်ဟာ ခဏလေးအတွင်း မြင့်တက် လာနိုင်ပါတယ်။ ကားသေးဖြစ်စေ ကားကြီးဖြစ်စေ အပူချိန် မြင့်တက်နှုန်း အလွန် မြန်ပါတယ်။ ကားပြင်မှာရှိတဲ့ အပူချိန်ထက် ၂ဆ ၃ဆထိ ပိုများနိုင်ပါတယ်။

ကလေးကိုကားထဲမှာ ချန်ထားခဲ့တဲ့အခါ အပူချိန်မြင့်မားမှုကြောင့် ရုတ်တရက် ရေဓာတ်ခန်းခြောက်ပြီး ကျောက်ကပ်နှင့် ဦးနှောက်ထိခိုက်ခြင်းမှအစ သေဆုံးခြင်းထိဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်က လူကြီးနဲ့ယှဉ်ရင် အနည်းငယ်ပဲရှိတာမို့ သွေးလည်ပတ်မှုဟာ တခဏအတွင်း တုံ့ဆိုင်းသွားနိုင်ပါတယ်။

မလွဲမရှောင်သာ ကလေးကို ကားထဲခဏထားခဲ့ဖို့လိုတဲ့ အခါ ကားမှန်ကို လက်နှစ်လုံးစာလောက် ဟခဲ့ပါ။ ကလေးဆီ အမြန်ပြန်လာပါ။

#နေနေမိုးဆွေ– Child Health Myanmar Page
Photo credits to Google
#naynaymoeswe