Shoulder dystocia (ပခုံး တစ်နေခြင်း)

ဤ post သည် သားဖွားဆရာမများ ဖတ်ရန် အသုံးပြုရန်အတွက် ဖြစ်သည်။

📌Shoulder dystocia အကြောင်း သိကောင်းစရာများ
————————–———————
– ကလေး ခေါင်းထွက်ပြီးမှ ပခုံးက တင်ပါးဆုံခွင်တွင် တစ်နေခြင်းသည် ကလေးအတွက် အသက်အန္တရာယ် အလွန်ကြီးသည်။
– ကိုယ်ဝန် တစ်ရာတွင် တစ်ယောက်ခန့်အထိ ပခုံးတစ်ခြင်း ဖြစ်နိုင်သည်။
– ခေါင်းထွက်ပြီး ၈ မိနစ်အတွင်း ပခုံးမွေးထွက်ဖို့လိုသည်။ ဒီထက်ကြာလျှင် အသက်အန္တရာယ် စရှိသည်။
– ၅ မိနစ်မှ ၈ မိနစ်အတွင်း မွေးလည်း Neonatal resuscitation လိုတတ်သည်။
🚫ပခုံးတစ်နေလျှင် ခေါင်းကို အားဖြင့် ဆွဲခြင်း လှည့်ခြင်းများ မလုပ်ရန် အထူးအရေးကြီးသည်။

ပခုံးကိုသာ တွန်းလှည့်ရမည်။

📌ဖြစ်နိုင်ခြေ ပိုရှိသူများ
——————–
– ယခင်က ဖြစ်ဖူး
– အဝလွန် (BMI >30)
– ဆီးချိုရှိ
– လစေ့ရက်ကျော်
– ကလေးကြီး (4 – 4.5kg)
– Prolonged 1st and/or 2nd stage of labour : ကြာရှည်စွာ ဗိုက်နာခဲ့ရခြင်း၊ ညှစ်ခဲ့ရခြင်း
– Precipitate birth : အလွန်အမင်း မြန်မြန် မွေးထွက်လာခြင်း
– လေစုပ်၊ ညှပ် ဆွဲမွေးခြင်း

📌အန္တရာယ်များ
—————
– ကလေးတွင် ဒဏ်ရာရခြင်း (Brachial plexus injury : ခေါင်းကို အားဖြင့် ဆွဲမိလျှင် လည်ပင်းမှ လက်သို့သွား အာရုံကြော ပြတ်ထွက်၍ လက်အကြောသေသွားခြင်း)
– မိခင်တွင် ဒဏ်ရာရခြင်း (3rd degree perineal tear : မအင်္ဂါဇတ်မှ စအိုအထိ စုတ်ပြဲခြင်း)
– PPH : သွေးသွန်ခြင်း
– ကလေးအသက် ဆုံးရှုံးရခြင်း

📌ကာကွယ်ခြင်း
—————
– ဖြစ်နိုင်ခြေ သိပ်များလျှင် ဆေးရုံတွင် မွေးရမည်။
– ဆီးချိုရှိလျှင် ၄၀ ပတ် မကျော်စေရ။ အပတ် ၄၀ တွင် မမွေးသေးလျှင် ဆေးရုံတွင် ဆေးသွင်းမွေးပါ။
– ယခင်က ဆိုးဆိုးရွားရွား ဖြစ်ဖူးလျှင် (သို့) ကလေး အဆမတန်ကြီးလျှင် ဗိုက်ခွဲမွေးသင့်က ခွဲမွေးရမည်။ ( eg. EFW >4.5 kg on ultrasound )

📌အချက်ပြ
———–
– Turtle neck sign : ထွက်ပြီးခေါင်းက ပြန်စွပ် ဝင်နေသလို မြင်ရခြင်း
– Failure of restitution : ထွက်ပြီးခေါင်းက ဘေးတစ်ဘက်သို့ မလည်ခြင်း

📌ကိုင်တွယ် ဖြေရှင်းခြင်း
———————-

အတိုကောက် – 🔑HELPERR🔑

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
H – Help
E – Episiotomy
L – Legs onto abdomen
P – Pressure on suprapubic area
E – Enter the vagina and turn shoulders
R – Roll onto all fours
R – Remove the posterior arm
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

H – Help
✳️အကူခေါ်ပါ။
✳️ကားပြင်ဆင်ပါ။
– ကလေး ပခုံးမွေးထွက်သော်လည်း resuscitation လုပ်ရလျှင် ဆေးရုံသို့ပို့၍ post resuscitation neonatal care ကို ဆက်ပေးသင့်သည်။
– ကလေး ပခုံးမွေးမထွက်နိုင်၍ ဆေးရုံပို့လျှင် ကလေးအသက် မီလေ့မရှိပါ။

⛑E – Episiotomy
✳️တင်ပါးဆုံခွင် (အရိုး) ဖြင့် တစ်နေသော ပခုံးကို ထွက်အောင် Epi ညှပ်ခြင်း (အသားကို) ဖြင့် မလုပ်နိုင်ပါ။
✳️သို့သော်လည်း vagina ထဲ လက်ထည့်၍ ပခုံးကို လှည့်ရန် နေရာ ပိုရစေသည်။ လက်ထည့် လှည့်မည်ဆိုလျှင် Epi ညှပ်ပါ။

⛑L – Legs onto abdomen
✳️ပေါင်နှင့် ဒူးနှစ်ဘက်လုံးကို ဗိုက် ရင်ဘတ်ပေါ်သို့ ဆွဲတင် ထိကပ်ပေးပါ။
✳️ထိုသို့ပြုလုပ်ခြင်းဖြင့် တင်ပါးဆုံခွင်ကို ပိုကျယ်စေသည်။

⛑P – Pressure on suprapubic
✳️ပခုံး လည်သွားရန် ပခုံးအနောက်ဘက်ကို ဆီးခုံရိုးအထက်က ဗိုက်နေရာတွင် လက်နှစ်ဘက်ဖြင့် အတွင်းနှင့်ဘေးဘက်သို့ ခပ်စောင်းစောင်း အားသုံး ဖိတွန်းပါ။
✳️မရလျှင် ဖိလိုက် လျှော့လိုက်လုပ်ပါ။

⛑E – Enter the vagina and turn shoulders
✳️အရှေ့အနောက် တည့်တည့် ဖြစ်နေသော ပခုံးများကို ၄၅ ဒီဂရီ တစောင်း အနေအထားရောက်အောင် လှည့်ပေးရမည်။
✳️Vagina ထဲ အနောက်ဘက် (စအိုနားနီးသောဘက်) မှနေ လက်ထည့်၍ ပခုံးကို ဘေးသို့တွန်း၍ လည်အောင်လုပ်ပါ။
✳️တစ်ဘက်သို့ မလည်လျှင် ဆန့်ကျင်ဘက်သို့ လှည့်ပါ။
✳️လက်တစ်ဘက်နှင့်မရလျှင် နောက်လက်တစ်ဘက်ဖြင့် အခြားပခုံးတစ်ဘက်ပေါ်တွင် တွန်းကူလှည့်ပါ။

🚫ခေါင်းကိုကိုင်ပြီး လှည့်ခြင်း အားဖြင့်ဆွဲခြင်း လုံးဝမလုပ်ရပါ။
🚫မိခင်မှ ညှစ်ခြင်းကိုလည်း ရပ်ပါ။ (ညှစ်လေ ပိုကျပ်လေ ဖြစ်တတ်သည်။)

⛑R – Roll onto all fours
✳️လေးဘက်ထောက် အနေအထားသို့ ပြောင်းပါ။

⛑R – Remove the posterior arm
✳️Vagina ထဲ အနောက်ဘက် (စအိုနားနီးတဲ့ဘက်) မှနေ လက်ထည့်၍ ကလေး၏ လက်ကိုကိုင် ကလေးရင်ဘတ် မျက်နှာရှေ့မှ တစ်ဆင့် ဆွဲထုတ်ပါ။

💡အဆင့်တစ်ဆင့်ကို ၃၀ စက္ကန့် ကြိုးစားပြီး မရက နောက်တစ်ဆင့်ကို လုပ်ပါ။
💡အကူမှ အချိန် မှတ်ပြီး အဆင့်ပြောင်းဖို့ ပြောပါ။
💡အဆင့်အားလုံး သုံးပြီးသည့်တိုင် မထွက်သေးလျှင် အစအဆင့်မှ အစအဆုံး ပြန်လုပ်ပါ။
💡၁၀ မိနစ်ခန့်ကြာမှ မထွက်သေးလျှင် အသက်ကယ်ရန် ကလေး၏ လည်ပင်းနှင့် ပခုံးကြားရှိ ညှပ်ရိုးကို လက်မဖြင့် ဖိချိုးပေးဖို့အထိ လိုတတ်သည်။

🔑လက်မောင်းရိုး၊ ညှပ်ရိုး ကျိုးလျှင် ပုံမှန်အတိုင်း အလွယ်တကူ ပြန်ဆက်မည်ဖြစ်၍ မစိုးရိမ်ရပါ။
🔑ခေါင်းကိုဆွဲသည့်အတွက် အာရုံကြောပြတ်လျှင် ပြန်ကောင်းချင်မှ ကောင်းမည်။

🔺Video တွင်ကြည့်ပါ။
https://m.youtube.com/watch?v=rNuO2ISL-Ng

✳️Neonatal resuscitation လိုလျှင် မှန်မှန်ကန်ကန် ထိထိရောက်ရောက် လုပ်ပါ။

✳️စအိုကြွက်သားပါ ပြဲလျှင် (3rd or 4th degree tear) အတွေ့အကြုံရှိ ဆရာဝန်ကသာ ချုပ်သင့်သည်။

✳️PPH ရနိုင်၍ ဆေးများကို ကြိုတင်ပြင်ဆင်ပါ။

✳️မိခင်ကို ရှင်းပြပါ။

✳️ဖြစ်စဉ်ကို မှတ်တမ်းရေးထားပါ။

~~~~~~~~~~**~~~~~~~~~~**~~~~~~~~~~

မှတ်ချက်
ဤ post တွင်ပါဝင်သော အကြံပြုချက်များကို မလုပ်ဆောင်မီ မိမိ မြို့နယ်မှ မြို့နယ်ဆရာဝန်၏ သဘောတူညီချက်ကို ကြိုတင်ရယူပါ။

References
1. Guidelines from Royal Australian and Newzealand College of Obstetricians and Gynaecologists
2. Guidelines from community midwifery program in Western Australia

Photo credit to google image

Dr. ကျော်စန်းလွင်
MBBS, FRACGP, DRANZCOG (Advanced), DCH

www.childhealthmyanmar.com

#obstetricsemergency
#guidelinesformidwives