မနေ့က တွေ့လိုက်ရတာလေး

အဖေ အမေက အလုပ်သွားရတော့ ကလေးကို အမေရဲ့ အမေနဲ့ ထားခဲ့ရတယ်။ အဘွားလုပ်သူက ကလေးကို
” ချစ်လို့” အချိုရည်တွေတိုက်တယ်။Coca Cola, 100 Plus စသည်ပေါ့။ အပြင် အချိုမုန့်တွေ ကျွေးတယ်။ အမေလုပ်သူက မတိုက်ပါနဲ့ တားပေမယ့် နားမထောင်ဘူး။ ပြန်တောင်ဆူတယ်။တစ်နေ့ နှစ်ဘူးလောက်တောင် တိုက်တယ်ဆိုပဲ။ ကလေးက တစ်နှစ်ကျော်လေး။

ကျမလည်း သူငယ်ချင်းထဲကပဲ နှစ်နှစ်သားလေးကို ကျွဲရိုင်းတွေ” ဂုဏ်ယူစွာ” တိုက်နေတာ တွေ့ဖူးပါတယ်။
ကလေးက စွဲသွားတာပေါ့။ မတိုက်ရင် ငိုတော့တာပေါ့။ ဒီအချိုရည်တွေက လူကြီးတွေကိုတောင် အန္တရာယ် ဖြစ်နိုင်တာ နုနုနယ်နယ် ကလေးတွေကို တိုက်တာဟာ အဆိပ် တိုက်နေသလိုလို့ပဲ ကျမက မြင်ပါတယ်။‼️ပြီးတော့ ကလေးက ချွဲကြပ်တယ်။ ချောင်းဆိုးတယ်။ ဂနာမၿငိမ္ဘူး။ ထမင်း မစားဘူး။ မအိပ်ဘူး။ ပြောစကားနားမထောင်ဘူး ဆိုပြီး ဖြစ်ကြတယ်။ဒါဆို ကလေးအပြစ်လား လူကြီး အပြစ်လား ခွဲခြားဖို့ လိုလာပြီ။

ဒီတော့” သေချာ”ရှင်းပြ ပြောပြလည်း နားမဝင်တဲ့ လူကြီးသူမ ဘိုးဘွားများနဲ့များ နေရရင် ဒီလိုသာ ပြောပါလေ။

” မေမေတို့က မြေးကို ချစ်တာလား အသက်တို၊ဥာဏ်ရည်မမီအောင် လုပ်တာလား။ မြန်မြန် သေစေချင်ရင် ဆက်တိုက်ပါ” လို့….

ဖြည့်စွက်။ ရယ်ဒီမိတ် ခေါက်ဆွဲတွေလည်း ကလေးမပြောနဲ့ လူကြီးတောင် မစားသင့်ပါဘူး။ အရမ်းဆိုးပါတယ်။

ယုငယ်