ဖေဖေ မေမေတို့အတွက်
|အခုခေတ်ကလေးတွေဟာ ကျမတို့ ခေတ်ကထက်ကို ပိုကောင်းတဲ့ ပတ်ဝန်းကျင်မှာနေရတယ်။
ပိုများတဲ့ အရုပ်တွေ ပိုင်ဆိုင်လာကြတယ်။
ပိုကောင်းတဲ့ အသုံးအဆောင် ပစ္စည်းတွေ သုံးခွင့်ရကြတယ်။
ပိုများတဲ့ ကာတွန်းကားတွေ ကြည့်ခွင့်ရကြတယ်။
Phone,tv, computer , tablet တွေ ထိတွေ့ခွင့်ရကြတယ်။
ကျမတို့ ၄-၅ တန်းလောက်မှ သိခဲ့တဲ့ အင်္ဂလိပ် အသုံးအနှုန်းတွေထက်ပိုတာတွေက
ပိုတော်ပြီး ထက်မြက်ကြတယ်….
ဒါပေမယ့်…..
ခုခေတ်ကလေးတွေဟာ မိစု ဖစုံ နေရတာတွေ ပိုနည်းလာကြတယ်။ မိဘက ကွဲမနေရင်တောင် ခွဲနေရတာတွေက ပိုများလာကြတယ်။
မိခင်ဖခင်နဲ့ နေရတာထက် ဘိုးဘွားတွေနဲ့ နေရတာတွေ ပိုများလာတယ်။ မိဘတွေဟာ တနယ်တကျေးသွားပြီး ငွေရှာကြရတယ်။
ဆွေမျိုးရင်းခြာတွေနဲ့ နေရတာနည်းလာပြီး ကလေးထိန်း/ child care တွေမှာ နေကြရတာတွေ ပိုများလာတယ်။
မောင်နှမ ဆွေမျိုးတွေတရုန်းရုန်းနဲ့ သိုက်သိုက်ဝန်းဝန်း နေကြရတာနည်းလာပြီး အမေ(သို့) ကလေးပြုစုသူနဲ့ပဲ လေးဘက်လေတန်ပိတ်နေတဲ့ တို်က်ခန်းထဲမှာ နှစ်ယောက်တည်းပဲ နေရတာများလာကြတယ်။
မိသားစု ထမင်းဝိုင်း၊ မိသားစု စကားဝိုင်းတွေ နေရာမှာ tv series ကြည့်ချိန်တွေက အစားထိုးလာတယ်။ fb status တွေက နေရာယူလာတယ်။
မိခင် ဖခင်တွေ ကိုယ်တိုင်က internet , social media, phone တွေရဲ့ လွှမ်းမိုးမှုတွေနဲ့ ကလေးငယ်တို့ကို အချိန်ပေးချိန်တွေ နည်းလာတယ်။စိတ်ရှည်မှုတွေ နည်းလာတယ်။
လူလူချင်း ထိန်းကြဖို့ထက် TV, Ipad, phone , computer တွေက ကလေးတွေကို ထိန်းတဲ့ အချိန်တွေ များလာနေတယ်။
#နီတိုးလေးမေမေ
မိခင်ဖခင်နဲ့နေရင် မိခင်ဖခင် ဆီက ကလေးတွေ သင်ယူရနိုင်မယ့် ချစ်ခင်မှု၊ ကြင်နာမှု၊ နွေးထွေးမှု၊ သနားစာနာမှု စတဲ့စတဲ့ လူသားဆန်တဲ့ ခံစားချက် emotion တွေကို ဒီ စက်ပစ္စည်းတွေက မပေးနိုင်ပါဘူး။ သုံးနှစ်အောက်ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက
မွေးစ တစ်နှစ်/
ဒီလို ကလေးတွေဟာ Autism, Asperger , ADHD လက္ခဏာတွေနဲ့ ညိသလို ထင်ရတတ်ပါတယ်။ တချို့က ဒီconditionတွေဖြစ်နေတာ မှန်ပေမယ့် တချို့ ကလေးတွေကတော့ လက္ခဏာအားလုံးနဲ့လည်း မကိုက်ညီပြန်ဘူး။ စကားမပြောတာနဲ့ Autism မဟုတ်သလို စကားပြောတဲ့ ကလေးတွေမှာလည်း Autism လက္ခဏာတွေ ရှိနိုင်တာပါပဲ။
တကယ်တော့ Autism, Asperger , ADHD တွေ မဟုတ်ဘဲ ရိုးရိုးတန်းတန်း milestone နောက်ကျတာ၊ပတ်ဝန်းကျင် အနေအထားအရ လုပ်ခွင့်မရတာတွေကြောင့် ကလေးတို့ရဲ့ ဦးနှောက်ဟာ ဝါယာကြိုးလေးတွေ ဆက်ခွင့်မရသလိုဖြစ်ပြီး ဖွံ့ဖြိုးမှု နောက်ကျတာတွေကြောင့် စကားမပြောတာ၊ စိတ်ကူးစိတ်သန်းမရှိဘဲ ဟန်ဆောင်ကစားနည်းတွေ မကစားတတ်တာ၊ TV ပဲ ကြည့်နေချိန်များလို့ ကလေးချင်း မကစားတတ်ဘဲ TV ထဲက စကားတွေပြောတာတွေ လုပ်တတ်တာမျိုးတွေ ဖြစ်တတ်တယ်။ သေချာသိအောင်ကတော့ ကျွမ်းကျင်သူဆရာဝန်များနဲ့ စစ်ဆေးတာတွေလုပ်သင့်ပါတယ်။
ဒါကြောင့် ကလေးတို့တွေ အထက်ပါ Autism, Asperger, ADHD များ မရှိဘဲ ဒီလို ခပ်ဆင်ဆင် လက္ခဏာတွေ မဖြစ်ရအောင် ကလေးနဲ့ အတူနေသူများက ကျေးဇူးပြု၍…
-ကလေးတို့ကို အချိန်ပေးပါ။
-မျက်လုံးချင်း ဆုံပြီး စိတ်အားထက်သန်စွာ စကားပြောပါ။ ကစားပါ။
-ကလေးနဲ့ အတူသုံးတဲ့ အချိန်ကို ပျော်ရွှင်ပါ။
-ကလေးတို့ကို electronic devices တွေဆီကနေခေါ်ထုတ်ပြီး အပြင်လောကကို စူးစမ်းခွင့်ပေးပါ။
-အတူတူ ကစားပါ။
-အတူတူ ကစားပါ။
-အတူတူကစားပါ။
တနေ့ကို(၅) မိနစ်ပဲ ဖြစ်ဖြစ်ပေါ့။
မေတ္တာဖြင့်
🌸ယုငယ်