မြေမှာလျှောက်ရတဲ့ လိပ်ပြာကလေး
|တခါတုန်းက ကောင်လေးတစ်ယောက်ဟာ အပြင်မှာ ကစားနေတုန်း သိပ်လှတဲ့ ခူလေးတစ်ကောင်ကို တွေ့တယ်။ အရမ်းသဘောကျသွားတာနဲ့ အသာလေးဖမ်းပြီး သူ့မေမေကို သွားပြတယ်။ ပြီးတော့ ဒီခူကလေးကို မွေးချင်တယ်လို့ ပူဆာတော့တယ်။ သူ့မေမေကလည်း သားစောင့်ရှောက်နိုင်ရင် မွေးပေါ့လို့ ခွင့်ပေးလိုက်တယ်။
အဲဒါနဲ့ ကောင်ကလေးဟာ ပုလင်းခပ်ကြီးကြီးတစ်လုံးကိ
တစ်ရက်ကျတော့ သူ့ခူကလေးဟာ သစ်ကိုင်းလေးပေါ်တက်ပြီး ထူးထူးခြားခြားအလုပ်တွေ စလုပ်တော့တာပဲတဲ့။ ကောင်လေးလညိး စိတ်ပူသွားပြီး မေမေ့ကို ခေါ်ပြတာပေါ့။ မေမေက ခူကလေးဟာ သူ့အတွက် အိမ်သေးသေးလေးဆောက်နေတာဖြစ်
တစ်ရက်တော့ သူမျှော်လင့်ထားတဲ့အတိုင်း အိမ်လေးမှာ အပေါက်သေးသေးလေး စပေါ်လာပြီး အထဲကလိပ်ပြာကလေးဟာ အပြင်ကို တိုးထွက်ဖို့ အပြင်းအထန် ကြိုးစားတော့တယ်။ ပထမတော့ ကောင်လေးဟာ အရမ်းပျော်သွားတာပေါ့။ ဒါပေမယ့် ရုတ်တရက် သူစိတ်ပူလာတယ်။ သူ့လိပ်ပြာကလေး ဒီအပေါက်သေးသေးလေးထဲကနေ တိုးမထွက်နိုင်ရင် ဘယ်လိုလုပ်ရပါ့မလဲ။ သူ့ကြည့်ရတာ တိုးထွက်လို့ ရမယ့်ပုံ မပေါ်ဘူး။ ရုန်းနေရတာလည်း အသည်းအသန်ပဲ၊ ဒါပေမယ့် ထွက်လို့ကိုမရသေးဘူး။ ကောင်လေးအရမ်းစိတ်ပူလာပြီ။ နောက်ဆုံး သူကူပေးဖို့ ဆုံးဖြတ်လိုက်တယ်။ မီးဖိုထဲကိုပြေးသွားပြီး ကတ်ကြေးလေးယူလာတယ်။ နောက်တော့ အပေါက်သေးသေးလေးကို လိပ်ပြာလေး ထွက်လို့ရလောက်အောင် ချဲ့ပေးလိုက်တယ်။ ဟော… အဆင်ပြေသွားပြီ။ လိပ်ပြာကလေး အပြင်ကိုရောက်လာပြီ။ ကြည့်နေရင်းနဲ့ ကောင်လေးအံ့သြနေရတာက လိပ်ပြာလေးရဲ့ ကိုယ်လုံးလေးက ရောင်ကိုင်းနေပြီး သူ့အတောင်ပံလေးတွေက ရှုံ့နေတယ်လေ။ သူထင်ထားတာက ရောင်စုံတောင်ပံ လှလှလေးတွေနဲ့ အဲဒီတောင်ပံလေးတွေကို လေထဲမှာ တဖျပ်ဖျပ်ခတ်ပြီး ပျံနေမယ့် လိပ်ပြာလေးကို မျှော်လင့်ထားတာကိုး။ ဒါပေမယ့် မေမေ့ကိုမေးတော့ မေမေက လိပ်ပြာလေးရဲ့ ကိုယ်လုံးလေးက တဖြည်းဖြည်းသေးလာမယ်၊ စိုနေတဲ့ တောင်ပံတွေက ခြောက်ပြီး အကြီးကြီးဖြစ်လာမယ်လို့ ရှင်းပြတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ဘယ်လောက်ကြာကြာစောင့်စောင့်
အမှန်တော့ လိပ်ပြာကလေးဟာ အိမ်ကလေးထဲကထွက်တဲ့အချိန်မှ
Morale of the story – ဘဝမှာ သိပ်လွယ်ကူတိုင်း မကောင်းပါဘူးနော်။ ကလေးတွေကို ချစ်လို့ လိုလေသေးမရှိ လိုက်လုပ်ပေးရင် အားကောင်းတဲ့တောင်ပံလေးတွေန
မေတ္တာဖြင့်
မပန်းအိ ❤️