ကလေး မျက်စိစွံခြင်း
|✅ကလေး အရွယ်စုံ ဖြစ်နိုင်သည်။
✅ ပုံမှန်- မျက်တောင်မွှေးများ၏ အရင်းသည် မျက်ခွံ၏ အရေပြားအောက်တွင် တစ်ခုစီ ရှိကြသည်။
✅မျက်စိစွံခြင်းဆိုသည်မှာ မျက်တောင်မွှေးတစ်ခု၏ အရင်းတွင် ပိုးဝင်၍ ရောင်ရမ်းခြင်းဖြစ်သည်။
✅အပေါ် (သို့) အောက် မျက်ခွံ၏ တစ်နေရာထဲကွက်၍ အနီရောင် အလုံးလေးသဖွယ် နီ နာ ဖောင်း ရောင်သော လက္ခဏာများရှိမည်။
✅မျက်စိစွံလျှင် လက်နှင့် မညှစ်ပါနှင့်။ ကြုံရာ မျက်စဉ်း မခပ်ပါနှင့်။ အာငွေ့ပေး၍ ကြက်ပူမထိုးပါနှင့်။
✅မျက်နှာသုတ်ပဝါ အသန့်ကို ရေနွေးပူထဲစိမ်၍ ရေကို ညှစ်ထုတ်အပြီး ရောင်နေသောနေရာကို ဖွဖွဖိနှိပ်ပေးပါ။ တစ်ခါဖိနှိပ်လျှင် ၂ မိနစ်ကြာ ဖိ၍ တစ်နေ့ ၃-၄ ကြိမ် လုပ်ပါ။
✅အထက်ပါအတိုင်းလုပ်လျှင် ၂-၃ ရက် အတွင်း ပျောက်သွားပါမည်။
✅မျက်စိစွံခြင်းကြောင့် ရေရှည်တွင် မျက်ခွံထိခိုက်ခြင်း၊ အမြင်အာရုံထိခိုက်ခြင်း မဖြစ်ပါ။
✅မျက်စိစွံခြင်းက မျက်သားနီခြင်း၊ ပြည်ထွက်ခြင်း၊ မျက်လုံးတစ်ခုလုံးဖောင်းရော
✅မျက်စိစွံခြင်းမှ ကာကွယ်ရန် ကလေး လူကြီးအားလုံး လက်မှန်မှန်ဆေးပါ။ မျက်နှာသုတ်ပဝါ သီးသန့်စီ သုံးသင့်ပါသည်။
နေနေမိုးဆွေ (Child Health Myanmar Page)
Photo Credits to Google
#stye
#naynaymoeswe