အပြင်းဖျား၍ ကလေးများ တက်ခြင်း
|တစ်ချို့ကလေးတွေ အဖျားအရမ်းကြီးရင် တက် ကြတယ်ဆိုတာ ကြားဖူးကြပါမှာပါ ။
⭐️ အရမ်းနုနယ်တဲ့ကလေးလေးလေးတွေက ခန္ဓာကိုယ်အပူချိန်များလာရင် မခံနိုင်ဘဲနဲ့ တတ်တတ်ကြပါတယ်။
ကလေးလေးတွေ အဖျားအရမ်းကြီးလာရင် သူတို့ မျက်နှာလေးတွေ နီရဲလာမယ် ၊ ခန္ဓာကိုယ် ပူနေမယ် ၊ ခန္ဓာကိုယ် တုန်လာပြီး ကျောကော့လာမယ် ။ အဲ့လိုအခြေအနေမှာ တော့ မေမေတွေ ကလေးစောင့်ရှောက်တဲ့လူတွေက ဆရာဝန်ဆီမသွားခင်မှာ
သူတို့လေးတွေကို အတတ်နိုင်ဆုံးနဲ့အမြန်ဆုံး အေးအောင် လုပ်ပေးရပါမယ်။
⭐️ သူတို့ကိုယ်ပေါ်မှာရှိတဲ့ ထူထဲတဲ့ အဝတ်တွေ ဖယ်ပေးရမယ် ။
⭐️ သူတို့ ကိုမထိခိုက်အောင်ဘေးကနေခေါင်းအုံးလေးတွေကာပေးထားပြီး ကြည့်ပေးနေရမယ် ။
⭐️ ဘယ်တော့မှ ချည်နှောင်ထားတာတွေ ဘာတွေမလုပ်ကြရပါဘူး။
⭐️ ပြတင်းပေါက်တံခါးပိတ်ထားရင်လဲ တံခါးဖွင့်ပေးပြီး အပူဓာတ်ကို လျော့ချရမယ် ။
⭐️ အမြန်အဖျားကျအောင် ရေပတ်တိုက်ပေးလို့ရပါတယ် မေမေတို့ရေ ။ ရေပတ်တိုက်ရင်လည်း မွှေးပွသဘက်ကိုရေစွတ်ပြီးလိုက်အုပ်ပေးရမယ်။ ပွတ်တိုက်တာမျိုးမလုပ်ရပါဘူး။ သဘက်အသေးလေးတွေကို ရေစွတ်ပြီး လည်ပင်းဘေး ၂ဘက်၊ ချိုင်း၂ဘက်၊ ပေါင်ခြံ၂ဘက်မှာထည့်ထားပေးရမယ်။
⭐️ အဖျားကျသွားလို့ ကလေးလေးအိပ်ပျော်သွားရင်တော့ သူတို့ကို ဘေးလေးစောင်းထားလိုက်ပါ။
⭐️ ဆရာဝန်ဆီသွားပြဖို့ကိုတော့မမေ့ပါနဲ့။ တစ်ခါတက်ဖူးတဲ့ကလေးတွေက
နောက်တခါ အဖျားကြီးလာရင်ထပ်ပြီးတက်တက်လို့ပါ။
⭐️ နောက်အရေးကြီးတာတစ်ခုက ကလေးအဖျားကြီးလို့ နို့မတိုက်ဘဲမထားပါနဲ့ ။ဘေဘီလေး နို့စို့နိုင်ရင် နို့တိုက်ပေးဖို့လိုအပ်ပါတယ်။