Gross motor development milestone (ကလေးငယ်လေးများရဲ့ လှုပ်ရှားမှုပုံစံလေးများ)

ကလေးငယ်လေးများသည် လသားအရွယ်လေးမှ တဖြည်းဖြည်းကြီးပြင်းလာသည်နှင့်အမျှ လမ်းလျှောက်တတ်ဖို့၊ သွားလာလှုပ်ရှားဖို့ တစ်ဖြည်းဖြည်းကြိုးစားလာတတ်ကြပါတယ်… ဖေဖေမေမေတို့အနေဖြင့် baby လေးတွေ ဘယ်အရွယ်မှာ ဘာတွေလုပ်တတ်လာမလဲဆိုတာ တူတူလေ့လာကြည့်ကြရအောင် . . . . .

အသက် (၃) လ – ကလေးငယ်က ခေါင်းလည်နေသေးတော့ လည်ပင်နားကနေထိန်းထားသင့်ပါတယ်

အသက် (၅) လ – လှိမ့်တတ်လာမယ် . . . (၅)လလောက်ဆိုရင်တော့ ကလေးငယ်က ခေါင်းမလည်တော့ဖူး

အသက် (၆) လ – ထိုင်တတ်ဖို့စတင်ကြိုးစားလာမယ် ….ပြုတ်ကျလိုက် ပြန်ထိုင်ဖို့ကြိုးစားလိုက်ပေါ့ ….လေးဘက်ထောက်လည်း လျောက်သွားတတ်လာပြီ

အသက် (၈) လ – ဘေးကနေအကူအညီမပါဘဲ ထိုင်တတ်လာမယ်

အသက် (၉) လ – မတ်တပ်ရပ်ဖို့ ကြိုးစားလာမယ်…ဘေးကခုံလေးတွေ၊ တန်းလေးတွေကို ကိုင်ရင်းနဲ့ပေါ့….ပြုတ်ကျလိုက်….ပြန်ထလိုက်

အသက် (၁၂) လ – ဒီအချိန်မှာတော့ လေးဘက်ထောက်ကောင်းကောင်း သွားတတ်နေပြီ….နောက်ပြီးတော့ ဘေးကအကူအညီမပါဘဲ မတ်တပ်ရပ်နိုင်ပြီ

အသက် (၁၅) လ – တစ်ယောက်တည်း တောက်တောက်….တောက်တောက်လျှောက်သွားမယ့်အရွယ်လေးပေါ့ . . . လှေကားတွေဆိုလည်း လေးဘက်ထောက်သွားပြီး တက်ဖို့ကြိုးစားတတ်လာပြီ

အသက် (၁၈) လ – လူကြီးတွေဆီ သူတို့လေးတွေကို ခေါ်ရင် ပြေးလာတတ်ပြီ . . . စူးစမ်းတတ်တဲ့အရွယ်လေးဆိုတော့ အံဆွဲလေး တွေ့ရင် လျောက်ဆွဲဖွင့်ကြည့်တော့မယ်လေ.. .. ..

အသက် (၂) နှစ် – လှေကားလေးတွေဆို. . .တက်လိုက်ဆင်းလိုက်လုပ်လာမယ် . . . ခုန်ပေါက်တတ်လာမယ်

အသက် (၃) နှစ် – သုံးဘီးစက်ဘီးအသေးလေးတွေစီးတဲ့အခါ ခြေထောက်လေးတွေက ခြေနင်းတံကို အပေါ်ပဲနင်းတတ်မယ်

အသက် (၄) နှစ် – သုံးဘီးစက်ဘီးအသေးလေးတွေစီးတဲ့အခါ ခြေထောက်လေးတွေက ခြေနင်းတံကို သေချာစွာ အပေါ်အောက်နင်းတတ်လာမယ်။

Knowledge တွေကို ဖြန့်ဝေပေးလျက်
ကြယ်ဖြူ

WeCare, Nursery Centre ( Touching With Love <3)