ခံတွင်းနံ့ ဆိုးတဲ့ သားသားမီးမီးလေးတွေ အတွက်

လူကြီးတွေမှာ ခံတွင်းနံ့ မကောင်းတာကို ခံစားရနိုင်သလို သားသားမီးမီးလေးတွေမှာလည်း တွေ့ကြုံရနိုင်ပါတယ်။ ခံတွင်းနံ့ နံတာက အသက်အရွယ်မရွေးတွေ့ကြုံနိုင်ပါတယ်။

သားသားမီးမီးလေးတွေမှာ ချစ်စရာကောင်းတဲ့ မျက်နှာလေးတွေ အပြင် ခံတွင်းနံ့လည်း ကောင်းနေဖို့လည်း လိုပါတယ်။ သားသားမီးမီးတို့မှာ ခံတွင်းနံ့မကောင်းဘူးဆိုရင် သူတို့လေးတွေမှာ အဆင်မပြေတာတွေ အများကြုံတွေ့နိုင်ပါတယ်။  ဒါဆိုရင် ခံတွင်းနံ့မကောင်းတာက အသက်အရွယ်မရွေး တွေ့ကြုံနိုင်တာပေါ့။ သားသားမီးမီးလေးတွေမှာ ဘာကြောင့် ခံတွင်းနံ့ နံရတာလဲ။ Kalay ကနေ မေမေဖေဖေတို့အတွက် ပြောပြပေးသွားမှာပါ။

ငယ်ရွယ်တဲ့ သားသားမီးမီးလေးတွေမှာ ခံတွင်းနံ့မကောင်းတာရဲ့ အဓိကတော့

သွားကျန်းမာရေး ပြဿနာပါ။ နေ့စဉ်မှန်မှန် သွားမတိုက်တာတွေက ခံတွင်းနံ့ကို ဆိုးစေပါတယ်။ တခြားကျန်းမာရေး အခြေအနေတွေကြောင့်လည်း ခံတွင်းနံ့ နံတာတွေ ကြုံတွေ့နိုင်ပါတယ်။ သာမန်သွားကျန်းမာရေးကြောင့် ခံတွင်းနံ့ နံတာက ပြဿနာ သိပ်မရှိပါဘူး။ မေမေဖေဖေတို့က ဂရုစိုက်ပြီး သွားကျန်းမာရေးကို သတိပေးနေရင် ဒီပြဿနာတွေက ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။ ခံတွင်းနံ့မကောင်းတာက အရွယ်ရောက်နေပြီဖြစ်တဲ့ သားသားမီးမီးလေးတွေမှာ ပိုပြီးဖြစ်နိုင်ပါတယ်။

ခံတွင်းခြောက်ခြင်း

ခံတွင်းခြောက်ရင်လည်း ပါးစပ်နံ နိုင်ပါတယ်။ လည်ချောင်းထဲက တံတွေးနဲ့ ချွဲတွေ မရှိတဲ့အခါမှာ ပါးစပ်ထဲက ဘက်တီးရီးယား ပိုးမွှားတွေက အနံ့ဆိုးတွေဖြစ်တဲ့ ဆာလဖာဒြပ်ပေါင်း တွေကို ထုတ်ပေးပါတယ်။

သန့်ရှင်းမှု အားနည်းခြင်း

သွားနေ့စဉ်ပုံမှန်မတိုက်တဲ့ သားသားမီးမီးလေးတွေမှာလည်း ခံတွင်းနံ့ဆိုးနိုင်ပါတယ်။ အစာအကြွင်းအကျန်တွေက သွားကြားထဲမှာ ကပ်နေပြီး ဘက်တီးရီးယားပိုးမွှားတွေက ဖြိုခွဲလိုက်တဲ့အခါ အနံ့ဆိုးတွေ ထွက်လာပါတယ်။ ဒါကြောင့် တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ပေးဖို့ မေမေဖေဖေတို့ အကျင့်လုပ်ပေးဖို့ လိုပါတယ်။

နှာခေါင်း

သားသားမီးမီးလေးတွေရဲ့ နှာခေါင်းထဲမှာ အရာဝတ္ထု တစ်ခုခု ဝင်ရောက်နေရင်လည်း ခံတွင်းနံ့ နံတတ်ပါတယ်။ နှာခေါင်းထဲကို အရာဝတ္ထုတွေ ဝင်တာက သားသားမီးမီးလေးတွေအတွက်လည်း အန္တရာယ်ရှိနိုင်တာကြောင့် မေမေဖေဖေတို့ ဂရုစိုက်နေဖို့ လိုပါတယ်။

အနံ့ပြင်းတဲ့ အစားအစာများ

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချိစ့် စတဲ့ အနံ့ပြင်းတဲ့ အစားအစာတွေကလည်း ခံတွင်းနံ့ နံစေပါတယ်။

နေမကောင်းဖြစ်တာ

သားသားမီးမီးလေးတွေ နေမကောင်းတဲ့အချိန်မှာလည်း ခံတွင်းနံ့ နံတတ်ပါတယ်။

ဆေးဝါးများ

ဆေးသောက်နေရတဲ့ သားသားမီးမီးလေးတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေကြောင့် ခံတွင်းနံ့ နံတတ်ပါတယ်။

 

From Kalay with