ငါးအသားကို သားသားမီးမီးတို့ရဲ့ဖြည့်စွက်စာထဲမှာ ထည့်ကျွေးကြမယ်

ငါးဟာ ဒိန်ခဲတွေ ချိစ်တွေထက်ပိုပြီး အာဟာရဓာတ်ပါဝင်နေတာကြောင့် သားသားမီးမီးလေးတွေရဲ့ ခန္ဓာကိုယ်နဲ့ဥာဏ်ရည် ဖွံ့ဖြိုးတိုးတတ်ဖို့အတွက် အထောက်အကူပြုပါတယ်။

ငါးအသားလေးတွေဟာ နူးညံ့တဲ့အတွက် သားသားမီးမီးတို့ကို အစာစားချင်စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်ပါတယ်။ ငါးမှာ သားသားမီးမီးလေးတို့ ကြီးထွားဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အများအပြားပါဝင်ပါတယ်။ သားသားမီးမီးလေးတို့ရဲ့ ဖြည့်စွက်စာထဲမှာ ငါးကိုပြုတ်ပြီး ကျိုချက်ကျွေးနိုင်ပါတယ်။  သားသားမီးမီးလေးတွေကို ငါးကျွေးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို Kalay ကနေမျှဝေပေးလိုက်တယ်နော်။

ငါးမှာ သားသားမီးမီးလေးတို့ကို  ခန္ဓာကိုယ်ကြီးထွားဖို့အတွက် လိုအပ်တဲ့ ဗီတာမင်ဒီ၊ ဗီတာမင်အေ၊ အိုမီဂါ(၃)၊ အိုမီဂါ(၆)၊ သံဓာတ်နဲ့ ပရိုတိန်းဓာတ်တို့ အပြည့်အဝပါဝင်ပါတယ်။ အိုမီဂါ(၃)ပါဝင်တာကြောင့် ဥာဏ်ရည်ဖွံ့ဖြိုးမှုတွေကို အထောက်အကူပြုပါတယ်။ ငါးစားခြင်းဖြင့် ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ ကျယ်ပြန့်ပြီး အံ့သြစရာကောင်းပါတယ်။ တစ်ခုသတိထားရမှာကတော့ ပင်လယ်ငါးတွေမှာ မာကျူရီပါဝင်တာကြောင့် သားသားမီးမီးလေးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး အတွေးအခေါ်စွမ်းရည်တွေကို ကျဆင်းစေပါတယ်။ ပင်လယ်ငါးတွေကို သတ်မှတ်ထားတဲ့ ပမာဏထက် ပိုမကျွေးဖို့လိုပါတယ်။

သားသားမီးမီးလေးတို့ကို ပထမဆုံး ငါးစကျွေးတဲ့အခါမှာ ဖြည့်စွက်စာထဲကို ငါးအသားတစ်ဇွန်းထည့်ကျိုပြီး စတင်မိတ်ဆက်နိုင်ပါတယ်။ သားသားမီးမီးလေးတို့ရဲ့ အသက်အရွယ်အလိုက် တဖြည်းဖြည်းတိုးပြီး ကျွေးနိုင်ပါတယ်။ မေမေဖေဖေတို့ သတိထားရမှာကတော့ ငါးဖြည့်စွက်စာကျွေးပြီးတဲ့အခါမှာ အလာဂျစ်ဖြစ်မဖြစ် သတိထား စောင့်ကြည့်ပေးဖို့တော့လိုပါတယ်။ မိသားစုဝင်တွေထဲမှာ အလာဂျစ်ရှိတတ်တဲ့ ရာဇဝင်ရှိတယ်ဆိုရင်တော့ သားသားမီးမီးလေးတို့မှာလည်း ဖြစ်နိုင်တာကို သတိထားပေးပါ။ သားသားမီးမီးလေးတို့ကို ငါးစကျွေးတော့မယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ကျွေးတာအကောင်းဆုံးဖြစ်ပါတယ်။

သားသားမီးမီးလေးတို့ကို ကျွေးမယ့်ငါးဟာ သန့်ရှင်းလတ်ဆတ်ဖို့လိုပါတယ်။ ပင်လယ်ငါးတွေဖြစ်တဲ့ တူနာငါး၊ ငါးမန်း နဲ့ ဓားရှည်နှုတ်သီးငါး တို့ကိုမကျွေးသင့်ပါဘူး။ အဲဒီပင်လယ်ငါးတွေမှာ မာကျူရီဓာတ်တွေအများအပြား ပါဝင်နေတာကြောင့်ပါ။  ရေချိုငါးတွေဖြစ်တဲ့ ငါးသလောက် ကိုလည်း သားသားမီးမီးလေးတို့ကို မကျွေးမိဖို့ သတိပြုပါ။ သားသားမီးမီးလေးတို့ရဲ့ ဖြည့်စွက်စာထဲမှာ ငါးကို တစ်ပတ်တစ်ကြိမ်လောက် ထည့်ပြီးကျွေးလို့ရပါတယ်။ သားသားမီးမီးလေးတွေရဲ့ အသက် (၁၂)လ သို့မဟုတ် (၁)နှစ်ကျော်မှာသာ ငါးကိုပမာဏ တိုးပြီးကျွေးပေးပါ။ သားသားမီးမီးလေးတို့ကို ငါးခြောက်နဲ့ ကြာရှည်ခံအောင် ဆားနယ်ထားတဲ့ ငါးတွေကို မကျွေးပါနဲ့။

 

 

 

 

From Kalay with