အနှီးတွေကို မသုံးချင်တဲ့ မေမေတွေ အတွက် ဒိုင်ပါ(သေးခံ)ကို အစားထိုး အသုံးပြုနိုင်ပါတယ်။ ဒိုင်ပါ(သေးခံ) ကို တစ်ရက်ကို အနည်းဆုံး ဆယ်ကြိမ်လောက် လဲလှယ်ပေးသင့်ပါတယ်။ အနည်းဆုံး တစ်ပတ်ကို အကြိမ်(၇၀) ခန့်ရှိသင့်ပါတယ်။ သားသားမီးမီးလေးရဲ့ အသားအရေကို ထိခိုက်မှုနည်းတဲ့ အရည်အသွေး ကောင်းတဲ့ ဒိုင်ပါ အမျိုးအစားကို ရွေးချယ်အသုံးပြုပေးပါ။
သားသားမီးမီးလေးတွေကို ဒိုင်ပါ အသုံပြုပေးတာက
ခန္ဓာကိုယ် မတော်တဆ ထိခိုက်တာကို ကာကွယ်ပေးပါတယ်။ နွေရာသီမှာ ဒိုင်ပါသုံးပေးတာက သူတို့လေးတွေကို နေရထိုင်ရတာ ခက်စေပါတယ်။ ဒါကြောင့် နွေရာသီမှာ အသားကောင်းပြီး နူးညံ့တဲ့ ဒိုင်ပါ အမျိုးအစားကို ရွေးချယ်အသုံးပြုပေးပါ။
ဒိုင်ပါ နေ့တိုင်းသုံးပေးတဲ့အခါ နောက်ဆက်တွဲအနေနဲ့
အသားပွန်းပဲ့တာကို ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် ဒိုင်ပါအဟောင်းလဲပြီးတဲ့အခါ ရေနဲ့ သန့်စင်ပေးပြီး ပေါင်ဒါမှုန့်ကို အသုံးပြုပေးနိုင်ပါတယ်။ ပေါင်ဒါမှုန့်က ဒိုင်ပါကြောင့် ပွန်းပဲ့တာတွေကို ပျောက်ကင်းစေပါတယ်။
ဒိုင်ပါ(သေးခံ)နဲ့ အတူရှိထားသင့်တဲ့ ပစ္စည်းတွေက ဘာတွေလဲ
- သန့်ရှင်းတဲ့ ဒိုင်ပါအသစ်
- ဒိုင်ပါကို ပတ်ပေးနိုင်တဲ့ ဘောင်းဘီ
- ဒိုင်ပါ ပွန်းတာကို ကာကွယ်ပေးနိုင်တဲ့ lotion
- သန့်ရှင်းပေးနိုင်မယ့် wet tissue
အီးအီးပါတာ ဒါမှမဟုတ် ရှုးရှုးပေါက်ပြီးပြီးချင်း ဒိုင်ပါကို ချက်ချင်း လဲပေးသင့်ပါတယ်။ ဒိုင်ပါအဟောင်းကို လဲပြီးတဲ့အခါ အသစ်မဝတ်ခင် အချိန်မှာ သားသားမီးမီးလေးရဲ့ ဆီးဝမ်းသွားထားတဲ့ ညစ်ပေနေတဲ့ နေရာတွေကို သန့်ရှင်းတဲ့ ဝါဂွမ်း သို့မဟုတ် wet tissue လေးကို အသုံးပြုပြီး သန့်စင်ပေးပါ။ ပြီးမှ ဒိုင်ပါအသစ်ကို ဝတ်ပေးပါ။ တစ်ခု သတိထားရမှာက သားသားမီးမီးတို့ရဲ့ ဆီးဝမ်းသွားအင်္ဂါကို မထိခိုက်မိအောင် ဂရုစိုက်ပါ။
From Kalay with