ဗိုက်ထဲမှာနေခဲ့သလိုမျိုး လုံခြုံနွေးထွေးအောင် ဘယ်လိုထားမလဲ
|ကလေးပတ်ဖို့ ချုပ်ပြီးသားစောင် သို့မဟုတ် ကလေးပတ်တဲ့ ချည်အနှီးတို့နဲ့ ကလေးကို ဝမ်းဗိုက်ထဲမှာ နေသလိုမျိုး လုံခြုံသက်သာစေဖို့ ထွေးပေးထားပါ။
မေမေ့ဝမ်းဗိုက်ထဲမှာနေခဲ့ရတဲ့ မွေးကင်းစကလေးလေးအတွက် ပြင်ပလောကကို ရောက်လာပြီဆိုတဲ့အခါ အထိအတွေ့တွေ၊ အသံတွေက သက်သောင့်သက်သာနဲ့ ငြိမ့်ညောင်းမှုရှိဖို့ လိုပါတယ်။ ဝမ်းဗိုက်ထဲမှာ လုံခြုံခဲ့သလို လုံခြုံမှုရှိစေဖို့ နွေးထွေးလုံခြုံစွာ အနှီးနဲ့ထွေးထားပါ။
ဗိုက်ထဲမှာတုန်းက စီးချက်ညီတဲ့ လှုပ်ရှားမှုရှိခဲ့ပေမယ့်လို့ အပြင်ကိုရောက်တဲ့အခါ မှာလည်း ညိမ့်ညောင်းမှုရှိစေရပါတယ်။ ကလေးကိုချီပြီး အမြန်သွားတာ၊ ဖျက်ခနဲ မြှောက်တာ၊ ပုခက်ထဲထည့်ပြီး အရမ်းလွှဲတာတွေ မလုပ်ပါနဲ့။ အမိဝမ်းထဲမှာ ကြားရတာက မေမေ့ရဲ့ နှလုံးခုန်သံ၊ အူသိမ်အူမတွေဆီကလာတဲ့ အသံတွေကို ကြားခဲ့ရတာဖြစ်လို့ အပြင်မှာအရမ်းဆူညံနေတာမျိုး မဖြစ်ပါစေနဲ့။
ကလေးတွေက လုံလုံခြုံခြုံနဲ့ အိပ်ပျော်စေဖို့ အရေးကြီးပါတယ်။ ကလေးပတ်ဖို့ ချုပ်ပြီးသားစောင် သို့မဟုတ် ကလေးပတ်တဲ့ ချည်အနှီးတို့နဲ့ ကလေးကို ဝမ်းဗိုက်ထဲမှာ နေသလိုမျိုး လုံခြုံသက်သာစေဖို့ ထွေးပေးထားပါ။ ဗိုက်ထဲက ထွက်ထွက်ချင်း အပြင်ကိုရောက်တဲ့ကလေးအတွက် ကောင်းကောင်းအိပ်ပျော်ဖို့ဆိုရင်တော့ စောင်နဲ့သေချာထွေးပေးထားမှသာ ရှည်ကြာစွာ အိပ်ပျော်မှာပါ။ စောင်နဲ့ပတ်တဲ့အခါ လက်တွေကို အနည်းငယ်လှုပ်ရှားလို့ရအောင် ပတ်ထားပေးပါ။
အိပ်တဲ့ အခါ တေးဂီတ ဖွင့်ပြီး နားထောင်စေခြင်းကလည်း ကလေးကို သက်သောင့်သက်သာရှိစေပါတယ်။ နောက်ပြီး သေးစိုခံကို စစ်ဆေးပြီး သေးစိုနေရင် လဲပေးပါ။ ခြောက်သွေ့အောင်ထားပေးခြင်းက ကလေးကို သက်သောင့်သက်သာရှိစေပါတယ်။
From Kalay with