သားသားမီးမီးလေးတို့ကို နို့မှုန့်တိုက်ခြင်းနဲ့ ပတ်သက်ပြီး သိသင့်တာများ

နို့တိုက်ဖို့ အချိန်မပေးနိုင်တာ၊ အဆင်မပြေတာတွေ ရှိတဲ့အခါ နို့မှုန့်တိုက်တာကို ရွေးချယ်လို့ ရပါတယ်။တချို့မေမေတွေကတော့ နှစ်မျိုးလုံး တိုက်ကျွေးကြပါတယ်။

ရင်သွေးလေးတွေကို မိခင်နို့တိုက်တာဟာ အကောင်းဆုံး အာဟာရ ဖြစ်တယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့် မေမေ့မှာ နို့တိုက်ဖို့ အချိန်မပေးနိုင်တာ၊ အဆင်မပြေတာတွေ တစ်ခုခု ရှိတဲ့အခါ နို့မှုန့်တိုက်တာကို ရွေးချယ်လို့ ရပါတယ်။ တချို့မေမေတွေကတော့ မိခင်နို့ရော၊ နို့မှုန့်ပါ နှစ်မျိုးလုံး တိုက်ကျွေးကြပါတယ်။

မိခင်နို့ရင်းတိုက်ကျွေးတာဟာ ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သားသားမီးမီးလေးတွေနဲ့ ထိတွေ့မှု ပိုပေးနိုင်တာကြောင့် မေတ္တာသံယောဇဉ်တွေလည်း တိုးနိုင်ပါတယ်။ ဒါကြောင့်မို့ အနည်းဆုံး တစ်လလောက်တော့ မိခင်နို့တိုက်ကျွေးသင့်ပါတယ်။

နို့မှုန့်တွေမှာ ဗီတာမင်ဓါတ်အများအပြားပါဝင်တဲ့အပြင် မိခင်နို့ရင်း စို့ရတဲ့ ကလေးတွေရတဲ့ ဗီတာမင်ဒီလို အာဟာရဓါတ်တွေလည်း ရရှိတာကြောင့် နို့မှုန့်တိုက်ကျွေးတာကလည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နည်းလမ်းတစ်ခုမှာ အပါအဝင်ပဲ ဖြစ်ပါတယ်။ ရင်သွေးလေး နို့ချိုရည်လုံလုံလောက်လောက်မရမှာ စိတ်ပူတဲ့ မိခင်တွေ၊ ရုံးတက်ရုံးဆင်း အလုပ်လုပ်တဲ့မိခင်တွေနဲ့ ရောဂါအခံတစ်ခုခုကြောင့် ဆေးသောက်နေရတဲ့ မိခင်တွေအနေနဲ့ နို့မှုန့်တိုက်တာကို ပြုလုပ်ကြပါတယ်။

ကလေးတွေကိုအသက် ၄လ ကနေ ၆လ အရွယ်လောက်မှာ Follow-up formula တွေတိုက်ကျွေးဖို့ထက်ပုံမှန်အစားအစာတွေ စတင်ပြီးကျွေးဖို့ဆရာဝန်တွေက အကြံပြုလေ့ရှိကြပါတယ်။ ဒါပေမယ့်ကလေးတယောက်ချင်းစီရဲ့ လိုအပ်မှုအနေအထားတွေအပေါ်မူတည်ပြီး Follow-up formula တွေ တိုက်သင့်မတိုက်သင့် ဆုံးဖြတ်ရပါလိမ့်မယ်။ အစားအစာတော်တော်များများနဲ့ဓာတ်မတည့်တဲ့ကလေးတွေ ဒါမှမဟုတ် ခန္ဓာကိုယ်သေးညှက်တဲ့ကလေးတွေအတွက် Follow-up formula ဟာအကျိုးရှိစေနိုင်ပါတယ်။ ဒါကြောင့် ရင်သွေးလေးအတွက် ဘာအကောင်းဆုံးလဲဆိုတာဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးဆုံးဖြတ်ရပါမယ်။တိုက်ကျွေးနိုင်ပါတယ်။

From Kalay with